သက္ငယ္မုဒိန္းမႈက်ဴးလြန္သူကို တိုင္တန္းသူမရိွ၍ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရိွက တရားလိုျပဳလုပ္၍ အမႈဖြင့္

သက္ငယ္မုဒိန္းမႈက်ဴးလြန္သူကို တိုင္တန္းသူမရိွ၍ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရိွက တရားလိုျပဳလုပ္၍ အမႈဖြင့္
ဇူလိုင် 19, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ ပြင့္ျဖဴၿမိဳ႕နယ္ရွိ ေက်းရြာတစ္ခုတြင္ အသက္(၁၂)နွစ္အရြယ္ ငါးတန္းေက်ာင္းသူ တစ္ဦးကို အမ်ိဳးသားတစ္ဦးက ၂၀၁၈ ခုႏွစ္၊ ဇြန္လ(၃၀)ရက္ေန႔တြင္ အဓမၼျပဳက်င့္ခဲ့သည့္ ျဖစ္စဥ္နွင့္ ပတ္သက္၍ အမႈဖြင့္ တုိင္ၾကားသူမရိွ၍ မေကြးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရွိက တရားလုိျပဳလုပ္ကာ ဇူလုိင္လ (၁၆)ရက္ေန႔တြင္ ပြင့္ျဖဴၿမိဳ႕မရဲစခန္း၌ အမႈဖြင့္တုိင္တန္းလိုက္ေၾကာင္း သိရသည္။

"သက္ငယ္မုဒိန္းမႈျဖစ္တဲ့ အေၾကာင္းနဲ႔ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးက အေရးယူေဆာင္ရြက္ေပးျခင္း မရွိဘဲ ေငြအေလ်ာ္အစားနဲ႔ ညိႇနိႈင္းေဆာင္ရြက္ေပးေနတယ္ဆုိၿပီး ကၽြန္ေတာ့္ facebook messenger မွာ အခ်က္အလက္ေတြ ေရာက္လာလို႔ ဝန္ႀကီးခ်ဳပ္ကို တင္ျပတဲ့အခါ အမႈအေျခအေနကို စံုစမ္းၿပီး ေသခ်ာရင္ အမႈဖြင့္ဖုိ႔ ညႊန္ၾကား တာေၾကာင့္ စံုစမ္းၾကည့္တဲ့ အခါမွာ ေဆးစစ္ေပးတဲ့ က်န္းမာေရးဆရာမနဲ႔ ေဘးပတ္ဝန္းက်င္ရဲ႕ေျပာစကား အရ က်ဴးလြန္ခံရတာ ေသခ်ာၿပီး အမႈဖြင့္တုိင္တန္းထားျခင္း မရွိေသးတာေၾကာင့္ ကၽြန္ေတာ္က တရားလုိလုပ္ၿပီး အမႈဖြင့္ခဲ့တာပါ"ဟု မေကြးတုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရွိ ဦးေအာင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါျဖစ္စဥ္္နွင့္ ပတ္သက္၍ ကာယကံရွင္ခ်င္း ညႇိနႈိင္း၍ အဆင္ေျပသြားေၾကာင္း သိရွိရသျဖင့္ ဝင္ေရာက္စြက္ဖက္မႈ မရွိခဲ့ျခင္းသာ ျဖစ္ေၾကာင္း အခင္းျဖစ္ေက်းရြာမွ အုပ္ခ်ဳပ္ေရးမွဴးက ဆိုသည္။

"အမႈဖြင့္မယ္ဆုိရင္ ေဆာင္ရြက္ေပးမယ္လုိ႔ ကၽြန္ေတာ္ေျပာခဲ့ေပမဲ့ က်ဴးလြန္ခံရသူ ကေလးမေလးရဲ႕ အေဖက အမႈမဖြင့္ဘူးလို႔ ေျပာတာေၾကာင့္ ကၽြန္ေတာ့္အေနနဲ႔ ဝင္ေရာက္စြက္ဖက္ခဲ့ျခင္း မရွိခဲ့တာပါ။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဆီကို တင္ျပခဲ့ျခင္း မရွိခဲ့တာကလည္း ေခါင္းစဥ္ကို ဘယ္လုိတပ္ရမွန္း မသိလုိ႔ပါ"ဟု ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးညြန္႔က ေျပာသည္။

တုိင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၏ ကိုယ္ေရးအရာရွိ ဦးေအာင္ဝင္း၏ တုိင္ၾကားခ်က္အား ပြင့္ျဖဴၿမိဳ႕ ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၄၄/၂၀၁၈၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၇၆ ျဖင့္ အမႈဖြင့္ေဆာင္ရြက္ ထားေၾကာင္း သိရၿပီး တုိင္ၾကားခံရသူမွာ ထြက္ေျပးတိမ္းေရွာင္လွ်က္ရွိေၾကာင္း ပြင့္ျဖဴၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးထံမွ သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာတစ်ခုတွင် အသက်(၁၂)နှစ်အရွယ် ငါးတန်းကျောင်းသူ တစ်ဦးကို အမျိုးသားတစ်ဦးက ၂၀၁၈ ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့တွင် အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အမှုဖွင့် တိုင်ကြားသူမရှိ၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိက တရားလိုပြုလုပ်ကာ ဇူလိုင်လ (၁၆)ရက်နေ့တွင် ပွင့်ဖြူမြို့မရဲစခန်း၌ အမှုဖွင့်တိုင်တန်းလိုက်ကြောင်း သိရသည်။

"သက်ငယ်မုဒိန်းမှုဖြစ်တဲ့ အကြောင်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးက အရေးယူဆောင်ရွက်ပေးခြင်း မရှိဘဲ ငွေအလျော်အစားနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေတယ်ဆိုပြီး ကျွန်တော့် facebook messenger မှာ အချက်အလက်တွေ ရောက်လာလို့ ဝန်ကြီးချုပ်ကို တင်ပြတဲ့အခါ အမှုအခြေအနေကို စုံစမ်းပြီး သေချာရင် အမှုဖွင့်ဖို့ ညွှန်ကြား တာကြောင့် စုံစမ်းကြည့်တဲ့ အခါမှာ ဆေးစစ်ပေးတဲ့ ကျန်းမာရေးဆရာမနဲ့ ဘေးပတ်ဝန်းကျင်ရဲ့ပြောစကား အရ ကျူးလွန်ခံရတာ သေချာပြီး အမှုဖွင့်တိုင်တန်းထားခြင်း မရှိသေးတာကြောင့် ကျွန်တော်က တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ"ဟု မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်ချင်း ညှိနှိုင်း၍ အဆင်ပြေသွားကြောင်း သိရှိရသဖြင့် ဝင်ရောက်စွက်ဖက်မှု မရှိခဲ့ခြင်းသာ ဖြစ်ကြောင်း အခင်းဖြစ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးက ဆိုသည်။

"အမှုဖွင့်မယ်ဆိုရင် ဆောင်ရွက်ပေးမယ်လို့ ကျွန်တော်ပြောခဲ့ပေမဲ့ ကျူးလွန်ခံရသူ ကလေးမလေးရဲ့ အဖေက အမှုမဖွင့်ဘူးလို့ ပြောတာကြောင့် ကျွန်တော့်အနေနဲ့ ဝင်ရောက်စွက်ဖက်ခဲ့ခြင်း မရှိခဲ့တာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို တင်ပြခဲ့ခြင်း မရှိခဲ့တာကလည်း ခေါင်းစဉ်ကို ဘယ်လိုတပ်ရမှန်း မသိလို့ပါ"ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်က ပြောသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ဦးအောင်ဝင်း၏ တိုင်ကြားချက်အား ပွင့်ဖြူမြို့ မြို့မရဲစခန်းတွင် (ပ)၁၄၄/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရပြီး တိုင်ကြားခံရသူမှာ ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~