ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမို႕တြင္ က်င္းပသည့္ အာဇာနည္ေန႔ အခမ္းအနားသို႔ တက္ေရာက္ ဂါရ၀ျပဳသူ မ်ားျပား

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမို႕တြင္ က်င္းပသည့္ အာဇာနည္ေန႔ အခမ္းအနားသို႔ တက္ေရာက္ ဂါရ၀ျပဳသူ မ်ားျပား
ဇူလိုင် 19, 2018
By 🌸
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္  (၇၁)ႏွစ္ေျမာက္အာဇာနည္ေန႔ အခမ္းအနားကို ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔က ရွမ္းရိုးမကြင္း၌က်င္းပရာ ဌာနဆုိင္ရာမ်ား၊ အရပ္ဖက္အဖြဲ႕မ်ား၊ ေက်ာင္းသား ေက်ာင္းသူမ်ား၊ ေဒသခံျပည္သူမ်ား လြမ္းသူ႔ပန္းေခြခ်၊ လာေရာက္အေလးျပဳၾကသည္။

နံနက္ပိုင္းတြင္ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ားအား ရည္စူး၍ ဆြမ္းဆက္ကပ္လွဴဒါန္းျခင္း၊ အာဇာနည္ေခါင္းေဆာင္ႀကီးမ်ား က်ဆံုးခဲ့သည့္ နံနက္ (၁၀)နာရီ (၃၇)မိနစ္တြင္ ၾသဥဆြဲ အေလးျပဳျခင္းတို႔ ျပဳလုပ္ၿပီး အာဇာနည္ေခါင္းေဆာင္မ်ားကို လြမ္းသူ႔ပန္းေခြခ်ဂုဏ္ျပဳသည့္ ရွမ္းရိုးမကြင္းတြင္ ဌာနဆိုင္ရာမ်ား အျပင္ ျပည္သူမ်ားက ပန္းေခြမ်ား၊ ႏွင္းဆီပန္းပြင့္မ်ားျဖင့္ လာေရာက္ အေလးျပဳေနၾကျခင္းျဖစ္သည္။

အာဇာနည္ေန႔အထိမ္းအမွတ္သီခ်င္းဆိုၿပိဳင္ပြဲမွ ဆုရကေလးမ်ားကလည္း အာဇာနည္ေန႔ ဂုဏ္ျပဳ သီခ်င္းမ်ားျဖင့္ သီဆိုဂုဏ္ျပဳျခင္း၊ လာေရာက္အေလးျပဳသူမ်ားအား ေစတနာရွင္မ်ားက စတုဒီသာေကၽြးေမြးျခင္းကိုလည္း လုပ္ေဆာင္ေနၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပသည့္ အာဇာနည္ေန႔အခမ္းအနားကို ဌာနဆိုင္ရာအျပင္ အရပ္ဖက္အဖြဲ႕မ်ား၊ ေဒသခံမ်ားက ပူးေပါင္းက်င္းပၾကျခင္းျဖစ္ၿပီး အာဇာနည္ေန႔အထိမ္းအမွတ္အႀကိဳတြင္ စာစီစာကံုးၿပိဳင္ပြဲမ်ား၊ ကဗ်ာ၊  သီခ်င္းဆိုၿပိဳင္ပြဲမ်ားလည္း က်င္းပဆုခ်ီးျမႇင့္ေပးခဲ့ျခင္းျဖစ္သည္။

ဓါတ္ပံု #ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကျင်းပသည့် အာဇာနည်နေ့ အခမ်းအနားသို့ တက်ရောက် ဂါရဝပြုသူ များပြား
****************

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် (၇၁)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားကို ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့က ရှမ်းရိုးမကွင်း၌ကျင်းပရာ ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ လွမ်းသူ့ပန်းခွေချ၊ လာရောက်အလေးပြုကြသည်။

နံနက်ပိုင်းတွင် အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည့် နံနက် (၁၀)နာရီ (၃၇)မိနစ်တွင် သြဥဆွဲ အလေးပြုခြင်းတို့ ပြုလုပ်ပြီး အာဇာနည်ခေါင်းဆောင်များကို လွမ်းသူ့ပန်းခွေချဂုဏ်ပြုသည့် ရှမ်းရိုးမကွင်းတွင် ဌာနဆိုင်ရာများအပြင် ပြည်သူများက ပန်းခွေများ၊ နှင်းဆီပန်းပွင့်များဖြင့် လာရောက် အလေးပြုနေကြခြင်းဖြစ်သည်။

အာဇာနည်နေ့အထိမ်းအမှတ်သီချင်းဆိုပြိုင်ပွဲမှ ဆုရကလေးများကလည်း အာဇာနည်နေ့ ဂုဏ်ပြုသီချင်းများဖြင့် သီဆိုဂုဏ်ပြုခြင်း၊ လာရောက်အလေးပြုသူများအား စေတနာရှင်များက စတုဒီသာကျွေးမွေးခြင်းကိုလည်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။

တာချီလိတ်မြို့တွင် ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို ဌာနဆိုင်ရာအပြင် အရပ်ဖက်အဖွဲ့များ၊ ဒေသခံများက ပူးပေါင်းကျင်းပကြခြင်းဖြစ်ပြီး အာဇာနည်နေ့အထိမ်းအမှတ်အကြိုတွင် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာ၊  သီချင်းဆိုပြိုင်ပွဲများလည်း ကျင်းပဆုချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။

ဓါတ်ပုံ #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~