မုိင္းျဖတ္တြင္ ဖုန္းလွ်ိဳ႕ဝွက္ကုဒ္လာဖ်က္သူအား မသကၤာ၍ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားရာမွ ခိုးမႈ (၃)ခု ေဖၚထုတ္ႏုိင္

မုိင္းျဖတ္တြင္ ဖုန္းလွ်ိဳ႕ဝွက္ကုဒ္လာဖ်က္သူအား မသကၤာ၍ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားရာမွ ခိုးမႈ (၃)ခု ေဖၚထုတ္ႏုိင္
ဇူလိုင် 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မုိင္းျဖတ္ၿမိဳ႕ရိွ စတုိင္းဆိုင္တစ္ခုတြင္ ဖုန္းလွ်ိဳ႕ဝွက္ကုဒ္ လာဖ်က္ခိုင္းသူအား မသကၤာသျဖင့္ ဆုိင္ပိုင္ရွင္က ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားရာမွ ရဲတပ္ဖြဲ႔က ခိုးမႈ(၃)ခုကို ေဖၚထုတ္ႏုိင္လိုက္ေၾကာင္း သိရသည္။

မုိင္းျဖတ္ၿမိဳ႕ရိွ ေစ်းဆိုင္တစ္ဆုိင္တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၃)ရက္ေန႔ ညေန (၂)နာရီခြဲဝန္းက်င္က ဖုန္းလွ်ိဳ႕ဝွက္ကုဒ္ လာဖ်က္ခုိင္းသည့္ အမ်ိဳးသားတစ္ဦးကို ဆိုင္ရွင္က မသကၤာသျဖင့္ ရဲတပ္ဖြဲ႕အား အေၾကာင္းၾကားလုိက္ရာ အဆုိပါအမ်ိဳးသား က်ဴးလြန္ထားသည့္ ခိုးမႈမ်ားကို ေဖၚထုတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သန္းႏုိင္စိုး(ခ) အငယ္ေလးဆိုသူသည္ လြန္ခဲ့သည့္ (၂)ရက္က မိုင္းျဖတ္ၿမိဳ႕၊ ကြက္သစ္ရပ္ကြက္ရိွ ေနအိမ္ တစ္အိမ္မွ လည္းေကာင္း၊ လြန္ခဲ့သည့္ (၅)ရက္က ဟိုနားရြာရိွ ဘီယာဆုိင္ႏွင့္ စတိုးဆုိင္တုိ႔မွ လည္းေကာင္း ပစၥည္းမ်ား ခိုးယူခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံ ထြက္ဆိုသည္ဟု သိရသည္။

၎ခိုးယူထားသည့္ ပစၥည္းမ်ားျဖစ္သည့္ ေက်ာပိုးအိတ္ (၁)လံုး၊  လက္ကိုင္ဖုန္း (၁)လံုး၊ Power Bank (၁)ခု၊ earphone (၁)ခု၊  လက္ဆြဲအိတ္ (၁)လံုး၊ ပိုက္ဆံအိတ္(၁)လံုး၊ မခ်ယ္ရီထြန္းအမည္ပါ ပတ္စ္ပို႔ပံု (၁)ပံု၊ အေႏြးထည္ (၁)ထည္၊ ေဘးလြယ္အိတ္(၁)လံုး၊ ဓါတ္ခဲတြဲလ်က္ ဝက္အူလွည့္/ေဖါက္စက္ (၁)ခု၊ ဓါတ္ခဲအားသြင္းခံု (၁)ခု၊ ဓါတ္ခဲေျခာက္(၁)ခု၊ ဆန္ေဖာေကဟအမည္ပါ ယာဥ္ေမာင္းလုိင္စင္ (၁)ခုတုိ႔ကို ရႈခင္းသာေဂါက္ကြင္း အေစာင့္တဲေဟာင္း၌ သိမ္းဆည္းထားသည္ကို ရဲတပ္ဖြဲ႕အား လိုက္လံျပသခဲ့ေၾကာင္း သိရသည္။

သန္းႏုိင္စိုး(ခ)အငယ္ေလးအား မုိင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/က်င့္ ၅၄ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓါတ္ပံု -  ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့ရှိ စတိုင်းဆိုင်တစ်ခုတွင် ဖုန်းလျှို့ဝှက်ကုဒ် လာဖျက်ခိုင်းသူအား မသင်္ကာသဖြင့် ဆိုင်ပိုင်ရှင်က ရဲတပ်ဖွဲ့ထံ အကြောင်းကြားရာမှ ရဲတပ်ဖွဲ့က ခိုးမှု(၃)ခုကို ဖော်ထုတ်နိုင်လိုက်ကြောင်း သိရသည်။

မိုင်းဖြတ်မြို့ရှိ ဈေးဆိုင်တစ်ဆိုင်တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ ညနေ (၂)နာရီခွဲဝန်းကျင်က ဖုန်းလျှို့ဝှက်ကုဒ် လာဖျက်ခိုင်းသည့် အမျိုးသားတစ်ဦးကို ဆိုင်ရှင်က မသင်္ကာသဖြင့် ရဲတပ်ဖွဲ့အား အကြောင်းကြားလိုက်ရာ အဆိုပါအမျိုးသား ကျူးလွန်ထားသည့် ခိုးမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းနိုင်စိုး(ခ) အငယ်လေးဆိုသူသည် လွန်ခဲ့သည့် (၂)ရက်က မိုင်းဖြတ်မြို့၊ ကွက်သစ်ရပ်ကွက်ရှိ နေအိမ် တစ်အိမ်မှ လည်းကောင်း၊ လွန်ခဲ့သည့် (၅)ရက်က ဟိုနားရွာရှိ ဘီယာဆိုင်နှင့် စတိုးဆိုင်တို့မှ လည်းကောင်း ပစ္စည်းများ ခိုးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံ ထွက်ဆိုသည်ဟု သိရသည်။

၎င်းခိုးယူထားသည့် ပစ္စည်းများဖြစ်သည့် ကျောပိုးအိတ် (၁)လုံး၊ လက်ကိုင်ဖုန်း (၁)လုံး၊ Power Bank (၁)ခု၊ earphone (၁)ခု၊ လက်ဆွဲအိတ် (၁)လုံး၊ ပိုက်ဆံအိတ်(၁)လုံး၊ မချယ်ရီထွန်းအမည်ပါ ပတ်စ်ပို့ပုံ (၁)ပုံ၊ အနွေးထည် (၁)ထည်၊ ဘေးလွယ်အိတ်(၁)လုံး၊ ဓာတ်ခဲတွဲလျက် ဝက်အူလှည့်/ဖောက်စက် (၁)ခု၊ ဓာတ်ခဲအားသွင်းခုံ (၁)ခု၊ ဓာတ်ခဲခြောက်(၁)ခု၊ ဆန်ဖောကေဟအမည်ပါ ယာဉ်မောင်းလိုင်စင် (၁)ခုတို့ကို ရှုခင်းသာဂေါက်ကွင်း အစောင့်တဲဟောင်း၌ သိမ်းဆည်းထားသည်ကို ရဲတပ်ဖွဲ့အား လိုက်လံပြသခဲ့ကြောင်း သိရသည်။

သန်းနိုင်စိုး(ခ)အငယ်လေးအား မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ)၁၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~