ဝါတွင်း(၃)လ ဂူအတွင်း တရားအားထုတ်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မှ စတင်၍ မိုင်းဆတ်မြို့သို့ စတင်ကြွချီ

ဝါတွင်း(၃)လ ဂူအတွင်း တရားအားထုတ်ရန်အတွက် မိုင်းဖုန်းဆရာတော်သည် တာချီလိတ်မှ စတင်၍ မိုင်းဆတ်မြို့သို့ စတင်ကြွချီ
ဇူလိုငျ 23, 2018
By Tachileik News Agency

ဝါတွင်း(၃)လ ဂူအတွင်း ဝစီပိတ်တရားအားထုတ်ရန် အတွက်  သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ နံနက်တွင် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အလွန် မုံးကြတ်ကျေးရွာရှိ ဂူသို့ စတင်ကြွရောက်နေပြီဖြစ်သည်။




Tachileik News Agency
ဓါတ်ပုံ - Sai Sai



~~~~~~~~⊰❂ unicode ~~~~~~~~

ဝါတွင်း(၃)လ ဂူအတွင်း ဝစီပိတ်တရားအားထုတ်ရန် အတွက် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရသည် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့ နံနက်တွင် တာချီလိတ်မြို့မှ မိုင်းဆတ်မြို့အလွန် မုံးကြတ်ကျေးရွာရှိ ဂူသို့ စတင်ကြွရောက်နပြေီဖြစ်သည်။

ဆရာတော်သည် ယခုနှစ် တရားအားထုတ်မည့်ဂူမှာ မိုင်းဆတ်မြို့နှင့် မိုင်းပျဉ်းမြို့ကြား မုံးကြတ်ကျေးရွာတွင်ရှိပြီး ယခင်နှစ်က တရားအားထုတ်ခဲ့သည့်ဂူနှင့် မျက်နှာချင်းဆိုင်ရှိ ဂူတွင် တရားအားထုတ်မည် ဖြစ်ကြောင်း သိရသည်။

မိုင်းဖုန်းဆရာတော်သည် ၂၀၁၈ ခုနှစ်၊ ဇန်ဝါရီလတွင် သက်တော်(၅၅)နှစ်ရှိခဲ့ပြီဖြစ်ပြီး နှစ်စဉ် ဝါတွင်းကာလများ၌ ဂူအတွင်း တစ်ပါးတည်း ဝစီပိတ်တရားအားထုတ်လေ့ရှိခြင်းဖြစ်သည်။

မိုင်ဖုန်းဆရာတော်ကို နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ဖြစ်သည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က နိုင်ငံတော်သမ္မတမှ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခဲ့သည်။

Tachileik News Agency
ဓာတ်ပုံ - Sai Sai

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~