မယ္ဆုိင္ၿမိဳ႕ ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္(၁၃)ဦးအနက္ (၁၂)ဦး ရွင္ျပဳရဟန္းခံ

မယ္ဆုိင္ၿမိဳ႕ ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္(၁၃)ဦးအနက္ (၁၂)ဦး ရွင္ျပဳရဟန္းခံ
ဇူလိုင် 25, 2018
By Tachileik News Agency

ေတာဝက္ေဘာလံုးအသင္းမွ (၁၂)ဦးသည္ မယ္ဆုိင္ၿမိဳ႕ လိြဳင္တံုးေတာင္ရိွ ဓာတ္ေတာ္ေစတီ ညီေနာင္ရင္ျပင္တြင္ ထုိင္းဗုဒၶဘာသာထံုးစံအတုိင္း ရွင္ျပဳမဂၤလာျဖင့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၅)ရက္ေန႔တြင္ သကၤန္းဝတ္ၾကၿပီျဖစ္သည္။

ေဘာလံုးအသင္းမွ လူငယ္ (၁၁)ဦးက (၉)ရက္ၾကာ သကၤန္းဝတ္ၿပီးေနာက္ ေက်ာင္းျပန္တက္ၾကမည္ ျဖစ္ကာ နည္းျပက (၁)ႏွစ္ၾကာ သကၤန္းဝတ္မည္ျဖစ္ေၾကာင္း သိရသည္။

ေတာဝက္ေဘာလံုးအသင္းမွ လူငယ္ (၁၂)ဦးသည္ ဇူလိုင္လ(၂၄)ရက္ေန႔က မယ္ဆုိင္ၿမိဳ႕ ဒိြဳင္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းရိွ ဓာတ္ေတာ္ေစတီတြင္ ထုိင္းဗုဒၶဘာသာထံုးစံအရ ဝတ္ျဖဴစင္ၾကယ္ ဝတ္ဆင္ျခင္း၊ ဆံခ်ျခင္းတုိ႔ကို လုပ္ေဆာင္ခဲ့ကာ ရွင္ျပဳမဂၤလာ အခမ္းအနားကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၅)ရက္ေန႔  နံနက္ပိုင္းတြင္ မယ္ဆုိင္ၿမိဳ႕ လိြဳင္တံုးေတာင္ရိွ ဓာတ္ေတာ္ေစတီ ညီေနာင္ရင္ျပင္တြင္ လာေရာက္ က်င္းပျခင္းျဖစ္သည္။

ရွင္ျပဳရဟန္းခံေအာင္ပြဲအျဖစ္ ေငြမိုးေငြမိုး ရြာသြန္းၿဖဳိးသည့္အေနျဖင့္ ထိုင္းဘတ္ေငြမ်ားပါသည့္ ပစၥည္းမ်ားလည္း က်ဲခဲ့ၾကသည္။

ယင္းေနာက္ ဇူလုိင္လ (၂၆)ရက္ေန႔တြင္ မယ္ဆုိင္ၿမိဳ႕ ဒိြဳင္ေဝါင္းဘုန္းေတာ္ႀကီးေက်ာင္းသို႔ ျပန္ၾကြ ၾကမည္ျဖစ္သည္။

မယ္ဆိုင္ဂူအတြင္း ပိတ္မိရာမွ ကယ္ဆယ္ခဲ့ရသည့္ ေတာ၀က္ေဘာလံုးအသင္းမွ လူငယ္(၁၂)ဦး ႏွင့္ နည္းျပ(၁)ဦး စုစုေပါင္း(၁၃)ဦးတြင္ လူငယ္တစ္ဦးမွာ ခရစ္ယာန္ဘာသာ၀င္ျဖစ္ေနသည့္အတြက္ က်န္(၁၂)ဦးကသာ သကၤန္း၀တ္ၾကျခင္းျဖစ္ၿပီး ယခုလို သကၤန္၀တ္ရျခင္း၏ အေၾကာင္းအရင္းမ်ားအနက္ ၎တို႔၏ အသက္အား ကယ္ခဲ့ၾကသူမ်ားကို ေက်းဇူးဆပ္သည့္အေနျဖင့္ ၀တ္ၾကျခင္း ျဖစ္ေၾကာင္း သိရသည္။

သကၤန္းဝတ္ထားစဥ္ကာလ အတြင္း လံုၿခံဳေရး၊ က်န္းမာေရးေစာင့္ေရွာက္မႈအပါအဝင္ လိုအပ္သည္မ်ား အနီးကပ္ ေဆာင္ရြက္ေပးရန္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးေဆာင္သည့္ ေကာ္မတီတစ္ရပ္ကိုလည္း အစိုးရက ဖြဲ႕စည္းေပးထားျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု -  ကိုေဇာင္း



~~~~~~~~⊰❂ unicode ~~~~~~~~

တောဝက်ဘောလုံးအသင်းမှ (၁၂)ဦးသည် မယ်ဆိုင်မြို့ လွိုင်တုံးတောင်ရှိ ဓာတ်တော်စေတီ ညီနောင်ရင်ပြင်တွင် ထိုင်းဗုဒ္ဓဘာသာထုံးစံအတိုင်း ရှင်ပြုမင်္ဂလာဖြင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့တွင် သင်္ကန်းဝတ်ကြပြီဖြစ်သည်။

ဘောလုံးအသင်းမှ လူငယ် (၁၁)ဦးက (၉)ရက်ကြာ သင်္ကန်းဝတ်ပြီးနောက် ကျောင်းပြန်တက်ကြမည် ဖြစ်ကာ နည်းပြက (၁)နှစ်ကြာ သင်္ကန်းဝတ်မည်ဖြစ်ကြောင်း သိရသည်။

တောဝက်ဘောလုံးအသင်းမှ လူငယ် (၁၂)ဦးသည် ဇူလိုင်လ(၂၄)ရက်နေ့က မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းရှိ ဓာတ်တော်စေတီတွင် ထိုင်းဗုဒ္ဓဘာသာထုံးစံအရ ဝတ်ဖြူစင်ကြယ် ဝတ်ဆင်ခြင်း၊ ဆံချခြင်းတို့ကို လုပ်ဆောင်ခဲ့ကာ ရှင်ပြုမင်္ဂလာ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် မယ်ဆိုင်မြို့ လွိုင်တုံးတောင်ရှိ ဓာတ်တော်စေတီ ညီနောင်ရင်ပြင်တွင် လာရောက် ကျင်းပခြင်းဖြစ်သည်။

ရှင်ပြုရဟန်းခံအောင်ပွဲအဖြစ် ငွေမိုးငွေမိုး ရွာသွန်းဖြိုးသည့်အနဖြေင့် ထိုင်းဘတ်ငွေများပါသည့် ပစ္စည်းများလည်း ကျဲခဲ့ကြသည်။

ယင်းနောက် ဇူလိုင်လ (၂၆)ရက်နေ့တွင် မယ်ဆိုင်မြို့ ဒွိုင်ဝေါင်းဘုန်းတော်ကြီးကျောင်းသို့ ပြန်ကြွ ကြမည်ဖြစ်သည်။

မယ်ဆိုင်ဂူအတွင်း ပိတ်မိရာမှ ကယ်ဆယ်ခဲ့ရသည့် တောဝက်ဘောလုံးအသင်းမှ လူငယ်(၁၂)ဦး နှင့် နည်းပြ(၁)ဦး စုစုပေါင်း(၁၃)ဦးတွင် လူငယ်တစ်ဦးမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်နေသည့်အတွက် ကျန်(၁၂)ဦးကသာ သင်္ကန်းဝတ်ကြခြင်းဖြစ်ပြီး ယခုလို သင်္ကန်ဝတ်ရခြင်း၏ အကြောင်းအရင်းများအနက်၎င်းတို့၏ အသက်အား ကယ်ခဲ့ကြသူများကို ကျေးဇူးဆပ်သည့်အနဖြေင့် ဝတ်ကြခြင်း ဖြစ်ကြောင်း သိရသည်။

သင်္ကန်းဝတ်ထားစဉ်ကာလ အတွင်း လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် လိုအပ်သည်များ အနီးကပ် ဆောင်ရွက်ပေးရန် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် ကော်မတီတစ်ရပ်ကိုလည်း အစိုးရက ဖွဲ့စည်းပေးထားခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~