ဇူလိုင္လ(၃၁)ရက္ေန႔ ရန္ကုန္ မွ ေမာ္လၿမိဳင္အသြား ေမာ္လၿမိဳင္ၿမိဳ႕ အေျခအေန ျမင္ကြင္း

ဇူလိုင္လ(၃၁)ရက္ေန႔ ရန္ကုန္ မွ ေမာ္လၿမိဳင္အသြား ေမာ္လၿမိဳင္ၿမိဳ႕ အေျခအေန ျမင္ကြင္း
ဇူလိုင် 31, 2018
By Tachileik News Agency

၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၃၁)ရက္ေန႔ ေန႔လယ္ပိုင္းက ရန္ကုန္ - ေမာ္လၿမိဳင္ အထူးခရီးစဥ္ အတြင္း ေကာင္းကင္ျမင္ကြင္းပံုမ်ား ျဖစ္ပါသည္။

မြန္ျပည္နယ္အတြင္း ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားေနရာ အေဝးေျပးလမ္းမ်ားကို ဇူလုိင္လ(၂၆)ရက္ေန႔မွစ၍ ယာယီပိတ္ထားရသည့္ အတြက္ ရန္ကုန္ - ေမာ္လၿမိဳင္ - ရန္ကုန္၊ ရန္ကုန္ - ထား၀ယ္ - ရန္ကုန္ေလေၾကာင္း ခရီးစဥ္အား ျမန္မာအမ်ဳိးသားေလေၾကာင္းလိုင္းႏွင့္ မန္းရတနာပံု ေလေၾကာင္းလိုင္း တို႔က ဇူလိုင္လ(၃၀)ရက္ေန႔မွစ၍ အထူးခရီးစဥ္ အေနျဖင့္ ပ်ံသန္းေပးေနျခင္းျဖစ္သည္။

ေမာ္လၿမိဳင္ၿမဳိ႕တြင္ ဇူလိုင္လ(၃၁)ရက္ေန႔ နံနက္ပိုင္းက မိုးသည္းထန္စြာ ရြာသြန္းေသာ္လည္း ေန႔လည္ပိုင္းတြင္ မိုးဖြဲ႔ေလးေလာက္သာ က်ေတာ့ေၾကာင္း သိရသည္။

ဘုရားႀကီး - ေမာ္လၿမိဳင္ - ထားဝယ္ - ေကာ့ေသာင္းႏွင့္ ရန္ကုန္ - ေမာ္လၿမိဳင္ အေဝးေျပးလမ္းမႀကီးမ်ားကို ဇူလုိင္လ (၃၀)ရက္ေန႔ ညေနပိုင္းမွ စတင္ဖြင့္လွစ္ေပးလိုက္ၿပီေသာ္လည္း လမ္းအေျခအေန စိတ္မခ်ေသး၍ လက္ရွိတြင္ ရန္ကုန္ - ေမာ္လၿမိဳင္ - ရန္ကုန္၊ ရန္ကုန္ - ထား၀ယ္ - ရန္ကုန္ သို႔ ေလေၾကာင္းလိုင္းျဖင့္ သြားေရာက္သူ မ်ားျပားေနလွ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - John Ko


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၁)ရက်နေ့ နေ့လယ်ပိုင်းက ရန်ကုန် - မော်လမြိုင် အထူးခရီးစဉ် အတွင်း ကောင်းကင်မြင်ကွင်းပုံများ ဖြစ်ပါသည်။

မွန်ပြည်နယ်အတွင်း ရကြေီးရေလျှံမှုများ ဖြစ်ပွားနေရာ အဝေးပြေးလမ်းများကို ဇူလိုင်လ(၂၆)ရက်နေ့မှစ၍ ယာယီပိတ်ထားရသည့် အတွက် ရန်ကုန် - မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ထားဝယ် - ရန်ကုန်လေကြောင်း ခရီးစဉ်အား မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် မန်းရတနာပုံ လေကြောင်းလိုင်း တို့က ဇူလိုင်လ(၃၀)ရက်နေ့မှစ၍ အထူးခရီးစဉ် အနဖြေင့် ပျံသန်းပေးနခြေင်းဖြစ်သည်။

မော်လမြိုင်မြို့တွင် ဇူလိုင်လ(၃၁)ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းသော်လည်း နေ့လည်ပိုင်းတွင် မိုးဖွဲ့လေးလောက်သာ ကျတော့ကြောင်း သိရသည်။

ဘုရားကြီး - မော်လမြိုင် - ထားဝယ် - ကော့သောင်းနှင့် ရန်ကုန် - မော်လမြိုင် အဝေးပြေးလမ်းမကြီးများကို ဇူလိုင်လ (၃၀)ရက်နေ့ ညနေပိုင်းမှ စတင်ဖွင့်လှစ်ပေးလိုက်ပြီသော်လည်း လမ်းအခြေအနေ စိတ်မချသေး၍ လက်ရှိတွင် ရန်ကုန် - မော်လမြိုင် - ရန်ကုန်၊ ရန်ကုန် - ထားဝယ် - ရန်ကုန် သို့ လေကြောင်းလိုင်းဖြင့် သွားရောက်သူ များပြားနေလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - John Ko

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~