က်ိဳင္းတံုခရိုင္ ဝမ္မဟီးေက်းရြာတြင္ အိမ္နီးခ်င္း၏ေနအိမ္ကို မီးရိႈ႕မႈျဖစ္ပြား

က်ိဳင္းတံုခရိုင္ ဝမ္မဟီးေက်းရြာတြင္ အိမ္နီးခ်င္း၏ေနအိမ္ကို မီးရိႈ႕မႈျဖစ္ပြား
ဇူလိုင် 18, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုခရိုင္၊ မိုင္းခတ္ၿမိဳ႕၊ မုိင္းဟန္ေက်းရြာအုပ္စု၊ ဝမ္မဟီးေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၇)ရက္ေန႔က အရက္မူးၿပီး အိမ္နီးခ်င္း၏ေနအိမ္ကို မီးရိႈ႕မႈျဖစ္ပြားၿပီး မီးရိႈ႕သူတိမ္းေရွာင္ေနေၾကာင္း သိရသည္။

ဝမ္မဟီးေက်းရြာတြင္ မီးေလာင္မႈျဖစ္ပြားေၾကာင္း ဇူလုိင္လ(၁၈)ရက္ေန႔ နံနက္(၇)နာရီခြဲအခ်ိန္တြင္ သတင္းရသျဖင့္ မို္င္းခတ္ၿမိဳ႕မရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕တို႔က အခင္းျဖစ္ေနရာအား သြားေရာက္စစ္ေဆးရာ ေဒၚအာဒြန္း၏ေနအိမ္မွာ မီးေလာင္ဆံုးရံႈးေနသည္ကို ေတြ႔ရေၾကာင္း သိရသည္။

အဆုိပါေနအိမ္ကို ဇူလုိင္လ(၁၇)ရက္ေန႔ ည(၆)နာရီခြဲဝန္းက်င္က အိမ္နီးခ်င္းျဖစ္သူ အသက္(၃၇)ႏွစ္အရြယ္ လီေခၚဆိုသူက အရက္မူးၿပီး တူမီးေသနတ္ဆြဲကိုင္ကာ ေရာက္လာၿပီး ၎၏မိန္းမေနအိမ္မွဆင္းသြားသည့္ကိစၥႏွင့္ပတ္သက္၍ ဆဲဆိုၿခိမ္းေျခာက္သျဖင့္ ေဒၚအာဒြန္းတုိ႔ မိသားစုက ေနအိမ္မွ တိမ္းေရွာင္ေနစဥ္ ေနအိမ္အား မီးရိႈ႕သြားျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္မႈေၾကာင့္ ေနအိမ္(၁)လံုး၊ သံုးဘီးဆိုင္ကယ္(၁)စီး၊ စပါးႀကိတ္စက္အေသး(၁)လံုး၊ ဆိုင္ကယ္(၁)စီးတို႔ မီးေလာင္ဆုံုးရံႈးသြားၿပီး မီးေလာင္မႈကို ေဒသခံမ်ားဝိုင္းဝန္းၿငိႇမ္းသတ္ရာ ည (၈)နာရီခြဲတြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

ေနအိမ္ကိုမီးရိႈ႕သူ လီေခၚကို မိုင္းခတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၀/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ ျဖင့္ ဇူလိုင္လ(၁၈)ရက္ေန႔တြင္ အမႈဖြင့္ထားၿပီး လီေခၚအားဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံခရိုင် ဝမ်မဟီးကျေးရွာတွင် အိမ်နီးချင်း၏နေအိမ်ကို မီးရှို့မှုဖြစ်ပွား
*********

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၊ မိုင်းဟန်ကျေးရွာအုပ်စု၊ ဝမ်မဟီးကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၇)ရက်နေ့က အရက်မူးပြီး အိမ်နီးချင်း၏နေအိမ်ကို မီးရှို့မှုဖြစ်ပွားပြီး မီးရှို့သူတိမ်းရှောင်နေကြောင်း သိရသည်။

ဝမ်မဟီးကျေးရွာတွင် မီးလောင်မှုဖြစ်ပွားကြောင်း ဇူလိုင်လ(၁၈)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်တွင် သတင်းရသဖြင့် မိုင်းခတ်မြို့မရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့က အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးရာ ဒေါ်အာဒွန်း၏နေအိမ်မှာ မီးလောင်ဆုံးရှုံးနေသည်ကို တွေ့ရကြောင်း သိရသည်။

အဆိုပါနေအိမ်ကို ဇူလိုင်လ(၁၇)ရက်နေ့ ည(၆)နာရီခွဲဝန်းကျင်က အိမ်နီးချင်းဖြစ်သူ အသက်(၃၇)နှစ်အရွယ် လီခေါ်ဆိုသူက အရက်မူးပြီး တူမီးသေနတ်ဆွဲကိုင်ကာ ရောက်လာပြီး ၎င်း၏မိန်းမနေအိမ်မှဆင်းသွားသည့်ကိစ္စနှင့်ပတ်သက်၍ ဆဲဆိုခြိမ်းခြောက်သဖြင့် ဒေါ်အာဒွန်းတို့ မိသားစုက နေအိမ်မှ တိမ်းရှောင်နေစဉ် နေအိမ်အား မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ်(၁)လုံး၊ သုံးဘီးဆိုင်ကယ်(၁)စီး၊ စပါးကြိတ်စက်အသေး(၁)လုံး၊ ဆိုင်ကယ်(၁)စီးတို့ မီးလောင်ဆုံးရှုံးသွားပြီး မီးလောင်မှုကို ဒေသခံများဝိုင်းဝန်းငြှိမ်းသတ်ရာ ည (၈)နာရီခွဲတွင် မီးငြိမ်းသွားကြောင်း သိရသည်။

နေအိမ်ကိုမီးရှို့သူ လီခေါ်ကို မိုင်းခတ်မြို့မရဲစခန်းတွင် (ပ)၁၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် ဇူလိုင်လ(၁၈)ရက်နေ့တွင် အမှုဖွင့်ထားပြီး လီခေါ်အားဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~