မိုင်းဆတ် - မိုင်းခုတ်လမ်း (၃)နေရာတွင် မြေပြိုပိတ်ဆို့နေပြီး အမျိုးသား (၃)ဦးမြေပိသေဆုံး

မိုင်းဆတ် - မိုင်းခုတ်လမ်း (၃)နေရာတွင် မြေပြိုပိတ်ဆို့နေပြီး အမျိုးသား (၃)ဦးမြေပိသေဆုံး
ဇူလိုငျ 27, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ(၂၇)ရက်နေ့က မိုင်းဆတ်-မိုင်းခုတ်လမ်းရှိ နေရာ(၃)ခုတွင် မြေပြိုလမ်းပိတ်ဆို့နေပြီး လမ်းခင်းလုပ်သား (၃)ဦး မြေပိပျောက်ဆုံးနေသည့်အနက် (၁)ဦးကိုသာတွေ့ထားပြီး လမ်းပိတ်နေဆဲဖြစ်ကြောင်း သိရသည်။




ဇူလိုင်လ(၂၇)ရက်နေ့ နေ့လယ် (၁) နာရီဝန်းကျင်တွင် မိုင်းဆတ် - မိုင်းခုတ်လမ်း ရှုခင်းသာ(၂)ကျေးရွာအနီးနှင့် လွယ်ဆောင်ကျေးရွာအနီးတို့တွင်  မြေပြိုပြီး ကားလမ်းပိတ်ဆို့နေ၍ လမ်းဦးစီးဌာနမှ ဘက်ဟိုး ယာဉ်တစ်စီးဖြင့် ရှင်းလင်းနေခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင်လ(၂၇)ရက်နေ့က မိုင်းဆတ်-မိုင်းခုတ်လမ်းရှိ နေရာ(၃)ခုတွင် မြပြေိုလမ်းပိတ်ဆို့နပြေီး လမ်းခင်းလုပ်သား (၃)ဦး မြေပိပျောက်ဆုံးနေသည့်အနက် (၁)ဦးကိုသာတွေ့ထားပြီး လမ်းပိတ်နေဆဲဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရရှိသည့်သတင်းအရ မြေပိသေဆုံးသွားသူ(၃)ဦးလုံးကို ရှာဖွေတွေ့ရှိသွားပြီဖြစ်ကြောင်း သိရသည်။

မိုင်းခုတ်တွင် ဇူလိုင်လ (၂၆)ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းနေခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ(၂၇)ရက်နေ့တွင် လမ်းခင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိသော အလုပ်သမားများနေထိုင်သည့် ယာယီတဲတန်းပေါ်သို့ ကျောက်တုံးများနှင့် မြေသားများပြိုကျလာကာ တဲအတွင်းအိပ်နေသော အလုပ်သမားများအနက် အသက်(၃၅)နှစ် အရွယ်များဖြစ်သည့် ဦးတင်လင်းနှင့် ဦးစိုးပိုင်၊ အသက်(၄၀)အရွယ် ဦးဇော်ဦးတို့ မြေပိ သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်သားများအား နေ့လယ် (၁) နာရီဝန်းကျင်က မိုင်းခုတ်မြို့အုပ်ချုပ်ရေးမှူး ဦးလင်းမင်းထွန်း၊ နယ်မြေစခန်းမှူး ရဲအုပ်ညွှန့်ဝင်းဆွေနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့ ပါဝင်သောအဖွဲ့က ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဇူလိုင်လ(၂၇)ရက်နေ့ နေ့လယ် (၁) နာရီဝန်းကျင်တွင် မိုင်းဆတ် - မိုင်းခုတ်လမ်း ရှုခင်းသာ(၂)ကျေးရွာအနီးနှင့် လွယ်ဆောင်ကျေးရွာအနီးတို့တွင် မြပြေိုပြီး ကားလမ်းပိတ်ဆို့နေ၍ လမ်းဦးစီးဌာနမှ ဘက်ဟိုး ယာဉ်တစ်စီးဖြင့် ရှင်းလင်းနခြေင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိတ်ဆို့မှုအား ရှင်းလင်းရာသို့ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦး၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်နိုင်ရွှေ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~