မိုးရွာ၍ မြေပြိုကျမှုဒဏ် ခံလိုက်ရသည့် တာချီလိတ်မြို့ မင်းဓမ္မတောင် အေးငြိမ်းချမ်းသာ ဘုန်းကြီးကျောင်းတွင် ဒုတိယနေ့အဖြစ် စုပေါင်း၍ မြေထိန်းနံရံ ပြုလုပ်ပေးနေ
မိုးရွာ၍ မြေပြိုကျမှုဒဏ် ခံလိုက်ရသည့် တာချီလိတ်မြို့ မင်းဓမ္မတောင် အေးငြိမ်းချမ်းသာ ဘုန်းကြီးကျောင်းတွင် ဒုတိယနေ့အဖြစ် စုပေါင်း၍ မြေထိန်းနံရံ ပြုလုပ်ပေးနေ
ဇူလိုင် 30, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု မြို့ရှောင်လမ်း မင်းဓမ္မတောင်ရှိ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် မိုးများ၍ မြေပြိုကျသွားရာ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ရေနှုတ်မြောင်းတူးခြင်းကို ဒုတိယနေ့အဖြစ် ဇူလိုင်လ(၃၀)ရက်နေ့၌ ဆက်လက်လုပ်ဆောင်နေကြသည်။
မင်းဓမ္မတောင်၏ တောင်စောင်းတွင် ပေ (၂၀)ခန့်ပြိုကျသွားပြီး တစ်ထပ်ကျောင်းဆောင်၏ ထောင့်အထိ မြေပြိုသွားရာ မျောတိုင်များ၊ သဲအိတ်များဖြင့် မြေပြိုကျခြင်းအားထိန်းနိုင်ရန် လုပ်ဆောင် ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ (၂၈)ရက်နေ့ ညပိုင်းက မြေပြိုမှုဖြစ်ပွားရာ ဇူလိုင်လ(၂၉)ရက်နေ့၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မဇ္ဇျိမလူမှုကူညီရေးအသင်း၊ အလင်းရောင် ပရဟိတအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း နှင့် ရွှေတာချီလူမှုကူညီရေးအသင်းတို့က သွားရောက် ကူညီခဲ့ကြခြင်းဖြစ်ပြီး ဇူလိုင်လ(၃၀)ရက်နေ့က  မဇ္ဇျိမလူမှုကူညီရေးအသင်း၊ ရွှေတာချီလူမှုကူညီရေး အသင်းနှင့် ခမရ(၃၅၉)မှ ဗိုလ်မှူးထွန်းနိုင်ဦးနှင့်အဖွဲ့လည်း လာရောက်ကူညီနေကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ဦးတင့်ဆွေ
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု မြို့ရှောင်လမ်း မင်းဓမ္မတောင်ရှိ အေးငြိမ်းချမ်းသာ ဘုန်းတော်ကြီးကျောင်းတွင် မိုးများ၍ မြပြေိုကျသွားရာ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် ရေနှုတ်မြောင်းတူးခြင်းကို ဒုတိယနေ့အဖြစ် ဇူလိုင်လ(၃၀)ရက်နေ့၌ ဆက်လက်လုပ်ဆောင်နကြေသည်။
“ မနေ့က မျောတိုင်တွေ လိုက်ဝယ်တာ အလုံအလောက်မရတော့ သစ်တောဦးစီးဌာနက ပေးပါတယ်။ မနေ့က မျောတိုင်တွေ သယ်ပို့တာပြီးသွားတော့ ဒီနေ့ မြေထိန်းနံရံလုပ်ပါမယ်။ ရေရှည်မှာ မြေထပ် မပြိုအောင် ရေနှုတ်မြောင်းလည်း လိုတာကြောင့် စည်ပင်ကလည်း လာမယ်။ ခမရ (၃၅၉)က ဗိုလ်မှူးထွန်းနိုင်ဦးနဲ့အဖွဲ့လည်း ဒီနေ့ရောက်လာကြတယ်”ဟု မြပြေိုသည့်နေရာတွင် ကူညီပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မင်းဓမ္မတောင်၏ တောင်စောင်းတွင် ပေ (၂၀)ခန့်ပြိုကျသွားပြီး တစ်ထပ်ကျောင်းဆောင်၏ ထောင့်အထိ မြပြေိုသွားရာ မျောတိုင်များ၊ သဲအိတ်များဖြင့် မြပြေိုကျခြင်းအားထိန်းနိုင်ရန် လုပ်ဆောင် ပေးနခြေင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ (၂၈)ရက်နေ့ ညပိုင်းက မြပြေိုမှုဖြစ်ပွားရာ ဇူလိုင်လ(၂၉)ရက်နေ့၌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ မဇ္ဇျိမလူမှုကူညီရေးအသင်း၊ အလင်းရောင် ပရဟိတအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း နှင့် ရွှေတာချီလူမှုကူညီရေးအသင်းတို့က သွားရောက် ကူညီခဲ့ကြခြင်းဖြစ်ပြီး ဇူလိုင်လ(၃၀)ရက်နေ့က မဇ္ဇျိမလူမှုကူညီရေးအသင်း၊ ရွှေတာချီလူမှုကူညီရေး အသင်းနှင့် ခမရ(၃၅၉)မှ ဗိုလ်မှူးထွန်းနိုင်ဦးနှင့်အဖွဲ့လည်း လာရောက်ကူညီနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဦးတင့်ဆွေ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~