ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားရင္ဆိုင္ေနသည့္ လူငယ္(၃)ဦး ဒုတိယအႀကိမ္ တရား႐ုံးခ်ိန္း ပ်က္ကြက္

ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားရင္ဆိုင္ေနသည့္ လူငယ္(၃)ဦး ဒုတိယအႀကိမ္ တရား႐ုံးခ်ိန္း ပ်က္ကြက္
ဇူလိုင် 12, 2018
By Tachileik News Agency

ႏုိင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈျဖင့္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕နယ္တရားရံုးတြင္ ေထာင္အခ်ဳပ္တြင္းမွ တရားရင္ဆုိင္ေနသည့္ လူငယ္(၃)ဦးက လက္ထိပ္ခတ္၍ေခၚေဆာင္ျခင္းကို လက္မခံသျဖင့္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၁၂)ရက္ေန႔ ဒုတိယအႀကိမ္ရုံုးခ်ိန္းသို႔  တက္ေရာက္ျခင္းမရိွေၾကာင္း သိရသည္။

အဆိုပါ လူငယ္(၃)ဦးမွာ အာမခံေပးေသာ္လည္း အာမခံမယူဘဲ အခ်ဳပ္တြင္းမွ တရားရင္ဆုိင္ေနၾကျခင္း ျဖစ္ၿပီး ယေန႔ရံုးခ်ိန္းထုတ္ရာတြင္ လက္ထိပ္ခတ္ျခင္းကို လက္မခံဘဲရိွသျဖင့္ ရံုးခ်ိန္း ထုတ္ႏုိင္ျခင္းမရိွခဲ့ေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္း ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ထားရိွျခင္းအား ကန္႔ကြက္သည့္စာႏွင့္ ကရင္နီျပည္နယ္သမိုင္း ရိုက္ႏွိပ္ထားသည့္စာမ်ားကို ျဖန္႔ေဝခဲ့သည့္ လူငယ္(၁၀)ဦးကို ပုဒ္မ ၅၀၅ (ခ) (ဂ)တုိ႔ျဖင့္ ဇူလိုင္လ (၁၂) ရက္ေန႔တြင္ ဒုတိယအႀကိမ္ ႐ုံးထုတ္ခဲ့ရာ ၎တို႔အနက္ ေထာင္ခ်ဳပ္ျဖင့္ တရားရင္ဆိုင္ေနသည့္ (၃)ဦးက ရံုးခ်ိန္းပ်က္ကြက္ခဲ့ျခင္းျဖစ္သည္။

အဆိုပါ (၃) ဦးမွာ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္လည္း ပုဒ္မ ၅၀၅ (ခ)ျဖင့္တရားစြဲဆိုခံထားရၿပီး လိြဳင္ေကာ္ အက်ဥ္းေထာင္တြင္ ထိန္းသိမ္းထားျခင္းျဖစ္ကာ ဇူလိုင္လ (၂၅) ရက္ေန႔တြင္ တတိယ အႀကိမ္႐ုံးခ်ိန္းေခၚယူမည္ျဖစ္သည္။

ဗိုလ္ခ်ဳပ္ေၾကး႐ုပ္အား ကန္႔ကြက္သည့္စာႏွင့္ ကရင္နီသမိုင္းျဖန္႔ေဝခဲ့သည့္  ဒီးဒီ၊ မ်ိဳးလိႈင္ဝင္း၊ ဖိလစ္စိုးေအာင္၊ မ႐ုိစီေက်ာ္၊ ဘြယ္ထူး၊ မ႐ုိစီးနာ၊ မကာေမးလာ ၊ ေမာ္ရား၊ ဖရန္စစၥကို ၊ မူကက္သရင္းတို႔ (၁၀)ဦးအား ပုဒ္မ ၅၀၅ (ခ)(ဂ)ျဖင့္ တရားစြဲဆိုခဲ့ၿပီး ဇူလိုင္လ (၅) ရက္ေန႔က လိြဳင္ေကာ္ၿမိဳ႕နယ္ တရားရံုးတြင္ ပထမဆံုးအႀကိမ္ ရံုးထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု #ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တရားရုံးတွင် ထောင်အချုပ်တွင်းမှ တရားရင်ဆိုင်နေသည့် လူငယ်(၃)ဦးက လက်ထိပ်ခတ်၍ခေါ်ဆောင်ခြင်းကို လက်မခံသဖြင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၂)ရက်နေ့ ဒုတိယအကြိမ်ရုံးချိန်းသို့ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါ လူငယ်(၃)ဦးမှာ အာမခံပေးသော်လည်း အာမခံမယူဘဲ အချုပ်တွင်းမှ တရားရင်ဆိုင်နကြခြေင်း ဖြစ်ပြီး ယနေ့ရုံးချိန်းထုတ်ရာတွင် လက်ထိပ်ခတ်ခြင်းကို လက်မခံဘဲရှိသဖြင့် ရုံးချိန်း ထုတ်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင်း ဗိုလ်ချုပ်ကြေးရုပ်ထားရှိခြင်းအား ကန့်ကွက်သည့်စာနှင့် ကရင်နီပြည်နယ်သမိုင်း ရိုက်နှိပ်ထားသည့်စာများကို ဖြန့်ဝေခဲ့သည့် လူငယ်(၁၀)ဦးကို ပုဒ်မ ၅၀၅ (ခ) (ဂ)တို့ဖြင့် ဇူလိုင်လ (၁၂) ရက်နေ့တွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ရာ၎င်းတို့အနက် ထောင်ချုပ်ဖြင့် တရားရင်ဆိုင်နေသည့် (၃)ဦးက ရုံးချိန်းပျက်ကွက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ (၃) ဦးမှာ ဒီးမော့ဆိုမြို့နယ်တွင်လည်း ပုဒ်မ ၅၀၅ (ခ)ဖြင့်တရားစွဲဆိုခံထားရပြီး လွိုင်ကော် အကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်းဖြစ်ကာ ဇူလိုင်လ (၂၅) ရက်နေ့တွင် တတိယ အကြိမ်ရုံးချိန်းခေါ်ယူမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်အား ကန့်ကွက်သည့်စာနှင့် ကရင်နီသမိုင်းဖြန့်ဝေခဲ့သည့် ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဖိလစ်စိုးအောင်၊ မရိုစီကျော်၊ ဘွယ်ထူး၊ မရိုစီးနာ၊ မကာမေးလာ၊ မော်ရား၊ ဖရန်စစ္စကို၊ မူကက်သရင်းတို့ (၁၀)ဦးအား ပုဒ်မ ၅၀၅ (ခ)(ဂ)ဖြင့် တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ (၅) ရက်နေ့က လွိုင်ကော်မြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~