လားရိႈးတြင္ ေတာင္က်ေရ ႏွင့္ ေခ်ာင္းေရလွ်ံမႈတို႔ေၾကာင့္ တံတား(၁)စင္း ေရတုိက္စားခံရၿပီး ေရေလွာင္ကန္ တာေဘာင္က်ိဳးက်

လားရိႈးတြင္ ေတာင္က်ေရ ႏွင့္ ေခ်ာင္းေရလွ်ံမႈတို႔ေၾကာင့္ တံတား(၁)စင္း ေရတုိက္စားခံရၿပီး ေရေလွာင္ကန္ တာေဘာင္က်ိဳးက်
ဇူလိုင် 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ နမ့္ေလာင္းေခ်ာင္းေရလွ်ံမႈေၾကာင့္  တိုင္ေအာက္ေျခ ေရတုိက္စားခံရသည့္  အေဝယာလမ္းမွတံတားကို ဇူလုိင္လ(၂၉)ရက္ေန႔မွစ၍ (၁၀)တန္အထက္ယာဥ္မ်ား ျဖတ္သန္းခြင့္ ပိတ္လိုက္ၿပီး ေတာင္က်ေရေၾကာင့္ ေရေလွာင္ကန္တာေဘာင္က်ိဳးသြားသည္ကိုလည္း ျပဳျပင္ေနေၾကာင္း သိရသည္။

ေရကန္တာေဘာင္ က်ိဳးသြားသည္ကို ျပည္နယ္ဒုတိယရဲမွဴးႀကီးဝင္းခိုင္ ကိုယ္တိုင္ဦးစီးကာ ရဲတပ္ဖြဲ႕ဝင္မ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးမွ တာဝန္ရွိသူမ်ား၊ တပ္မေတာ္သားမ်ား၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဝင္မ်ား၊ ျပည္သူ႔စစ္မ်ားႏွင့္ ျပည္သူမ်ားက ပူးေပါင္းျပဳျပင္ၾကျခင္းျဖစ္ၿပီး ဇူလုိင္လ(၂၉)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ျပဳျပင္ၿပီးျဖစ္ေၾကာင္း သိရသည္။

ေခ်ာင္းေရလွ်ံၿပီးေနာက္ လားရိႈးၿမိဳ႕တြင္း လမ္းတံတားအေျခအေနႏွင့္ ေရကန္မ်ားကိုလည္း ဇူလုိင္လ (၂၉)ရက္ေန႔ နံနက္ပိုင္းတြင္ လားရိႈးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနက လိုက္လံစစ္ေဆးခဲ့ကာ လိုအပ္သည့္ ျပင္ဆင္မႈမ်ား ခ်က္ခ်င္းလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ မနက္လင္းတာနဲ႔ အျမင့္ပိုင္းက ေရကန္ေတြအားလံုးကို လိုက္ၿပီး အရင္စစ္ေဆးမႈ လုပ္ေနပါတယ္။ ေရကန္ေတြ အားလံုးကေတာ့ ေရျပည့္လု နီးနီးျဖစ္ေနတာကို ေတြ႔ရတယ္။ ေရေက်ာ္တာေတာ့ မရွိေသးဘူး။ ညက နမ့္ေလာင္းေခ်ာင္းေရလ်ွံတာကေတာ့ မိုးမ်ားလို႔ျဖစ္ရတယ္လို႔ ယူဆရပါတယ္။ တံတားေတြ ထိခိုက္သြားတာေတြအတြက္ အခုခ်က္ခ်င္းလိုက္ၿပီး စစ္ေဆးတာေတြ လုပ္မွာပါ။ ၿပီးရင္ လိုအပ္သလို ဆက္လုပ္ေပးသြားမွာပါ” ဟု လားရိႈးၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးစိုးႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေခ်ာင္းေရလွ်ံမႈေၾကာင့္ နမ့္ေလာင္းေခ်ာင္း ေခ်ာင္းကူးတံတားအနီးတြင္ အိမ္စီးကားငယ္တစ္စီး ေခ်ာင္းထဲထုိးက်ကာ ကားေပၚပါသူမ်ားကို ဇူလုိင္လ (၂၉)ရက္ေန႔ ေန႔လယ္အထိ ရွာေဖြေနရဆဲျဖစ္ၿပီး လူေနရပ္ကြက္အတြင္းမွ သစ္သားတံတားငယ္တစ္စီးလည္း က်ိဳးက်သြားေၾကာင္း သိရသည္။

“ည (၁၁) နာရီေလာက္မွာ ေရက စဝင္လာတယ္။ ၿပီးေတာ့ ကၽြန္မတို႔က ေခ်ာင္းေဘးမွာဆိုေတာ့ ေရအရမ္း ဝင္လာၿပီး ၿခံတံတိုင္း (၅) ခန္းေက်ာ္ ေက်ာ္ေလာက္ ၿပိဳက်သြားတယ္။ အိမ္ထဲကိုလည္း ေရက တစ္ေပခြဲေလာက္ ဝင္တယ္။ ပစၥည္းေသးေသးေတြ တခ်ိဳ႕ေတာ့ ေရနဲ႔ပါသြားတယ္။ လူကေတာ့ ဘာမွမျဖစ္ဘူး” ဟု အေဝရာလမ္းရွိ နမ့္လြန္းေခ်ာင္းကူးတံတားေဘးေနအိမ္မွ ေဒၚေစာျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေခ်ာင္းေရျမင့္တက္မႈမွာ ႏွစ္စဥ္ျဖစ္ပြားေလ့ရိွေၾကာင္းသိရၿပီး လားရိႈးၿမိဳ႕ ရပ္ကြက္ (၇) ႏွင့္ ရပ္ကြက္ (၁၂) တို႔တြင္ ညပိုင္းက ေရတက္မႈေၾကာင့္ ေခ်ာင္းနံေဘး တစ္ေလ်ွာက္ ေနအိမ္မ်ားတြင္ ရႊံ႕ေရမ်ား ဝင္ေရာက္ျခင္း၊ အုတ္တံတိုင္းမ်ား ၿပိဳက်ျခင္းႏွင့္ ေခ်ာင္းနံရံမ်ား ၿပိဳက်ျခင္းတုိ႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ခ်ယ္ရီလိႈင္ ၊ ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် နမ့်လောင်းချောင်းရေလျှံမှုကြောင့် တိုင်အောက်ခြေ ရေတိုက်စားခံရသည့် အဝေယာလမ်းမှတံတားကို ဇူလိုင်လ(၂၉)ရက်နေ့မှစ၍ (၁၀)တန်အထက်ယာဉ်များ ဖြတ်သန်းခွင့် ပိတ်လိုက်ပြီး တောင်ကျရေကြောင့် ရေလှောင်ကန်တာဘောင်ကျိုးသွားသည်ကိုလည်း ပြုပြင်နေကြောင်း သိရသည်။

ရေကန်တာဘောင် ကျိုးသွားသည်ကို ပြည်နယ်ဒုတိယရဲမှူးကြီးဝင်းခိုင် ကိုယ်တိုင်ဦးစီးကာ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ပြည်သူများက ပူးပေါင်းပြုပြင်ကြခြင်းဖြစ်ပြီး ဇူလိုင်လ(၂၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ပြုပြင်ပြီးဖြစ်ကြောင်း သိရသည်။

ချောင်းရေလျှံပြီးနောက် လားရှိုးမြို့တွင်း လမ်းတံတားအခြေအနေနှင့် ရေကန်များကိုလည်း ဇူလိုင်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနက လိုက်လံစစ်ဆေးခဲ့ကာ လိုအပ်သည့် ပြင်ဆင်မှုများ ချက်ချင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ မနက်လင်းတာနဲ့ အမြင့်ပိုင်းက ရေကန်တွေအားလုံးကို လိုက်ပြီး အရင်စစ်ဆေးမှု လုပ်နေပါတယ်။ ရေကန်တွေ အားလုံးကတော့ ရပြေည့်လု နီးနီးဖြစ်နေတာကို တွေ့ရတယ်။ ရေကျော်တာတော့ မရှိသေးဘူး။ ညက နမ့်လောင်းချောင်းရေလျှံတာကတော့ မိုးများလို့ဖြစ်ရတယ်လို့ ယူဆရပါတယ်။ တံတားတွေ ထိခိုက်သွားတာတွေအတွက် အခုချက်ချင်းလိုက်ပြီး စစ်ဆေးတာတွေ လုပ်မှာပါ။ ပြီးရင် လိုအပ်သလို ဆက်လုပ်ပေးသွားမှာပါ” ဟု လားရှိုးမြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချောင်းရေလျှံမှုကြောင့် နမ့်လောင်းချောင်း ချောင်းကူးတံတားအနီးတွင် အိမ်စီးကားငယ်တစ်စီး ချောင်းထဲထိုးကျကာ ကားပေါ်ပါသူများကို ဇူလိုင်လ (၂၉)ရက်နေ့ နေ့လယ်အထိ ရှာဖွေနေရဆဲဖြစ်ပြီး လူနေရပ်ကွက်အတွင်းမှ သစ်သားတံတားငယ်တစ်စီးလည်း ကျိုးကျသွားကြောင်း သိရသည်။

“ည (၁၁) နာရီလောက်မှာ ရေက စဝင်လာတယ်။ ပြီးတော့ ကျွန်မတို့က ချောင်းဘေးမှာဆိုတော့ ရေအရမ်း ဝင်လာပြီး ခြံတံတိုင်း (၅) ခန်းကျော် ကျော်လောက် ပြိုကျသွားတယ်။ အိမ်ထဲကိုလည်း ရေက တစ်ပေခွဲလောက် ဝင်တယ်။ ပစ္စည်းသေးသေးတွေ တချို့တော့ ရေနဲ့ပါသွားတယ်။ လူကတော့ ဘာမှမဖြစ်ဘူး” ဟု အဝေရာလမ်းရှိ နမ့်လွန်းချောင်းကူးတံတားဘေးနေအိမ်မှ ဒေါ်စောမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ချောင်းရမြေင့်တက်မှုမှာ နှစ်စဉ်ဖြစ်ပွားလေ့ရှိကြောင်းသိရပြီး လားရှိုးမြို့ ရပ်ကွက် (၇) နှင့် ရပ်ကွက် (၁၂) တို့တွင် ညပိုင်းက ရေတက်မှုကြောင့် ချောင်းနံဘေး တစ်လျှောက် နေအိမ်များတွင် ရွှံ့ရေများ ဝင်ရောက်ခြင်း၊ အုတ်တံတိုင်းများ ပြိုကျခြင်းနှင့် ချောင်းနံရံများ ပြိုကျခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ချယ်ရီလှိုင်၊ နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~