မိုင္းျဖတ္ၿမို႕အပိုင္း တာခ်ီလိတ္ - မိုင္းဆတ္ကားလမ္းတြင္ အမ်ဳိးသား(၃)ဦးထံက လက္နက္ႏွင့္ က်ည္မ်ား ဖမ္းဆီးရမိ

မိုင္းျဖတ္ၿမို႕အပိုင္း တာခ်ီလိတ္ - မိုင္းဆတ္ကားလမ္းတြင္ အမ်ဳိးသား(၃)ဦးထံက လက္နက္ႏွင့္ က်ည္မ်ား ဖမ္းဆီးရမိ
ဇူလိုင် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ၿမိဳ႕နယ္၊ နမ့္ယြန္းေက်းရြာအုပ္စု၊ နားဟိုင္းေက်းရြာအနီး တာခ်ီလိတ္ - မိုင္းဆတ္ ကားလမ္းတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ(၁၃)ရက္ေန႔က ေမာ္ေတာ္ယာဥ္တစ္စီးအား စစ္ေဆး ရွာေဖြရာ ၾသစေၾတးလ်ႏိုင္ငံထုတ္ KPX GLOCK အမ်ိဳးအစားေသနတ္ႏွင့္ က်ည္တို႔အား ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းျဖတ္ၿမိဳ႕နယ္ နားဟိုင္းေက်းရြာအနီး၊ တာခ်ီလိတ္ - မုိင္းဆတ္ကားလမ္းတြင္ မသကၤာဖြယ္ေတြ႔ရသည့္ MAZDA အျဖဴေရာင္ ေမာ္ေတာ္ယာဥ္အား ရွာေဖြရာ ယာဥ္ေမာင္း အိုက္လံု၊ က်ိဳင္းဝန္းႏွင့္ အားေဖ်ာတို႔အား KPX GLOCX  ၉ မမပစၥတို ေသနတ္နံပါတ္ EE ၈၁၈၊ က်ည္(၃၀)ေတာင့္၊ က်ည္ကဒ္(၁)ခုတုိ႔ျဖင့္  ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

လက္နက္ႏွင့္အတူ ဖမ္းဆီးရမိသည့္ အိုက္လံု၊ က်ိဳင္းဝန္း၊ အားေဖ်ာတုိ႔ (၃)ဦးကို မိုင္းျဖတ္ၿမိဳ႕မရဲစခန္းတြင္  (ပ) ၁၂ / ၂၀၁၈  ရွမ္းလက္နက္  ၁၂(က)ျဖင့္  အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ကိုသာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ နမ့်ယွန်းကျေးရွာအုပ်စု၊ နားဟိုင်းကျေးရွာအနီး တာချီလိတ် - မိုင်းဆတ် ကားလမ်းတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့က မော်တော်ယာဉ်တစ်စီးအား စစ်ဆေး ရှာဖွေရာ သြစတြေးလျနိုင်ငံထုတ် KPX GLOCK အမျိုးအစားသေနတ်နှင့် ကျည်တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ် နားဟိုင်းကျေးရွာအနီး၊ တာချီလိတ် - မိုင်းဆတ်ကားလမ်းတွင် မသင်္ကာဖွယ်တွေ့ရသည့် MAZDA အဖြူရောင် မော်တော်ယာဉ်အား ရှာဖွေရာ ယာဉ်မောင်း အိုက်လုံ၊ ကျိုင်းဝန်းနှင့် အားဖျောတို့အား KPX GLOCX ၉ မမပစ္စတို သေနတ်နံပါတ် EE ၈၁၈၊ ကျည်(၃၀)တောင့်၊ ကျည်ကဒ်(၁)ခုတို့ဖြင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

လက်နက်နှင့်အတူ ဖမ်းဆီးရမိသည့် အိုက်လုံ၊ ကျိုင်းဝန်း၊ အားဖျောတို့ (၃)ဦးကို မိုင်းဖြတ်မြို့မရဲစခန်းတွင် (ပ) ၁၂ / ၂၀၁၈ ရှမ်းလက်နက် ၁၂(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ကိုသာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~