က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ႏြန္းကြက္သစ္ရြာ လယ္ေတာတဲတြင္ မူးယစ္ေဆးမ်ားႏွင့္အတူ အမ်ိဳးသား (၂)ဦး ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ႏြန္းကြက္သစ္ရြာ လယ္ေတာတဲတြင္ မူးယစ္ေဆးမ်ားႏွင့္အတူ အမ်ိဳးသား (၂)ဦး ဖမ္းမိ
ဇူလိုင် 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ေနာင္ႏြန္းကြက္သစ္ရြာရိွ လယ္ေတာတဲတြင္ စိတ္ၾကြေဆးျပား၊ ဘိန္းစိမ္း၊ မူးယစ္ေဆးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ အမ်ိဳးသား (၂)ဦးကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၅)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ေနာင္ႏြန္းကြက္သစ္ရြာရိွ မူးယစ္ေဆး ေရာင္းဝယ္သံုးစြဲေၾကာင္း သတင္းရရိွသည့္ လယ္ေတာတဲသို႔ နံနက္(၁၀)နာရီတြင္ ဝင္ေရာက္ရွာေဖြရာ ယားပါ(ခ)အားေနာ္ႏွင့္ မိုးလြင္ဦးတုိ႔ကို ေတြ႔ရၿပီး တဲအတြင္း၌ ဆက္လက္ရွာေဖြရာ စိိတ္ၾကြေဆးျပား (၃)ျပား၊ ဘိန္းစိမ္း (၂၀)ဂရမ္ခန္႔တို႔အျပင္ မူးယစ္ေဆးသံုးစြဲသည့္ ဆက္စပ္ပစၥည္းမ်ားကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ယားပါ(ခ)အားေနာ္ႏွင့္ မိုးလြင္ဦးတို႔အား က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ မယ(ပ) ၁၂၂/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၁ ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်းကွက်သစ်ရွာရှိ လယ်တောတဲတွင် စိတ်ကြွဆေးပြား၊ ဘိန်းစိမ်း၊ မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ အမျိုးသား (၂)ဦးကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နောင်နွန်းကွက်သစ်ရွာရှိ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲကြောင်း သတင်းရရှိသည့် လယ်တောတဲသို့ နံနက်(၁၀)နာရီတွင် ဝင်ရောက်ရှာဖွေရာ ယားပါ(ခ)အားနော်နှင့် မိုးလွင်ဦးတို့ကို တွေ့ရပြီး တဲအတွင်း၌ ဆက်လက်ရှာဖွေရာ စိတ်ကြွဆေးပြား (၃)ပြား၊ ဘိန်းစိမ်း (၂၀)ဂရမ်ခန့်တို့အပြင် မူးယစ်ဆေးသုံးစွဲသည့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ယားပါ(ခ)အားနော်နှင့် မိုးလွင်ဦးတို့အား ကျိုင်းတုံမြို့မ ရဲစခန်းတွင် မယ(ပ) ၁၂၂/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~