မိုင္းခတ္ၿမိဳ႕တြင္ ဘိန္းစိမ္းသယ္လာသူကို ဖမ္းမိၿပီး နာရီပိုင္းအတြင္း ေရာင္းခ်သူကိုပါ ထပ္မံ ဖမ္းမိ

မိုင္းခတ္ၿမိဳ႕တြင္ ဘိန္းစိမ္းသယ္လာသူကို ဖမ္းမိၿပီး နာရီပိုင္းအတြင္း ေရာင္းခ်သူကိုပါ ထပ္မံ ဖမ္းမိ
ဇူလိုင် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုခရိုင္၊  မုိင္းခတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၆)ရက္ေန႔ ည (၁၀)နာရီ (၁၅)မိနစ္အခ်ိန္က ဘိန္းစိမ္းသယ္ေဆာင္လာသည့္ အမ်ိဳးသား(၁)ဦးကို ဖမ္းဆီးရမိၿပီးေနာက္  အဆိုပါ မူးယစ္ေဆးဝါးအမႈႏွင့္ ဆက္စပ္သည့္ အမ်ိဳးသမီး(၁)ဦးကိုပါ စိတ္ၾကြေဆးျပား (၈၆၀၀၀)ႏွင့္အတူ ဇူလုိင္လ (၁၇)ရက္ေန႔အကူးတြင္ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ား၊ မိုင္းခတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ား၊ မိုင္းခတ္တပ္ထိန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ မုိင္းခတ္ၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္တြင္ ဇူလုိင္လ (၁၆)ရက္ေန႔ ညပိုင္းက စစ္ေဆးေနစဥ္ ည(၁၀)နာရီေက်ာ္၌ ေနာင္ဖူးေက်းရြာဘက္မွ မုိင္းခတ္ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္  အသက္(၂၉)ႏွစ္အရြယ္ လူးဘီဆိုသူအား ရွာေဖြရာ ဘိန္းစိမ္း (၁၀)ဂရမ္ခန္႔အား စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သည့္ မိုင္းခတ္ၿမိဳ႕၊ ဝမ္ခုတ္ေက်းရြာအုပ္စု၊ ေနာင္ဖူေက်းရြာမွ အသက္ (၃၂)ႏွစ္အရြယ္ နာ့ထီးဆိုသည့္ အမ်ိဳးသမီး၏ေနအိမ္ကို နံနက္အေစာပိုင္း ဇူလုိင္လ (၁၇)ရက္ေန႔အကူးတြင္ ဝင္ေရာက္ရွာေဖြရာ WY စိတ္ၾကြေဆးျပား (၈၆,၀၀၀)ႏွင့္ ျမန္မာေငြက်ပ္ (၂၅,၀၀၀)တို႔ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ လူးဘီ ႏွင့္ နာ့ထီးအား မိုင္းခတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)/၂၁ အရ လည္းေကာင္း၊ နာ့ထီးအား  မယ(ပ)၁၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္လည္းေကာင္း အမႈဖြင့္စစ္ေဆးေနေၾကာင္းသိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့ ည (၁၀)နာရီ (၁၅)မိနစ်အချိန်က ဘိန်းစိမ်းသယ်ဆောင်လာသည့် အမျိုးသား(၁)ဦးကို ဖမ်းဆီးရမိပြီးနောက် အဆိုပါ မူးယစ်ဆေးဝါးအမှုနှင့် ဆက်စပ်သည့် အမျိုးသမီး(၁)ဦးကိုပါ စိတ်ကြွဆေးပြား (၈၆၀၀၀)နှင့်အတူ ဇူလိုင်လ (၁၇)ရက်နေ့အကူးတွင် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များ၊ မိုင်းခတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မိုင်းခတ်တပ်ထိန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းခတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ (၁၆)ရက်နေ့ ညပိုင်းက စစ်ဆေးနေစဉ် ည(၁၀)နာရီကျော်၌ နောင်ဖူးကျေးရွာဘက်မှ မိုင်းခတ်ဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၂၉)နှစ်အရွယ် လူးဘီဆိုသူအား ရှာဖွေရာ ဘိန်းစိမ်း (၁၀)ဂရမ်ခန့်အား စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ဆက်စပ်သည့် မိုင်းခတ်မြို့၊ ဝမ်ခုတ်ကျေးရွာအုပ်စု၊ နောင်ဖူကျေးရွာမှ အသက် (၃၂)နှစ်အရွယ် နာ့ထီးဆိုသည့် အမျိုးသမီး၏နေအိမ်ကို နံနက်အစောပိုင်း ဇူလိုင်လ (၁၇)ရက်နေ့အကူးတွင် ဝင်ရောက်ရှာဖွေရာ WY စိတ်ကြွဆေးပြား (၈၆,ဝဝဝ)နှင့် မြန်မာငွေကျပ် (၂၅,ဝဝဝ)တို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် လူးဘီ နှင့် နာ့ထီးအား မိုင်းခတ်မြို့မရဲစခန်းတွင် မယ(ပ) ၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)/၂၁ အရ လည်းကောင်း၊ နာ့ထီးအား မယ(ပ)၁၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့်လည်းကောင်း အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~