Writen by
Cherry Htike
4:59:00 PM
-
0
Comments
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ပန်းဖြင့်ဖုံး၍ သယ်လာသည့် တမလန်းသစ်များကို ကျောက်မဲတွင် ဖမ်းဆီးရမိ
**************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဇူလိုင်လ (၁၇) ရက်နေ့ နံနက်ပိုင်းက တမလန်းသစ်များကို ပန်းများဖြင့်ဖုံး၍သယ်ဆောင်လာသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းအပါ အဝင် အမျိုးသား (၃) ဦးတို့ကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အဆိုပါ တရားမဝင်သယ်ဆောင်လာသည့် သစ်များကို ကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျောက်မဲမြို့ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။
နောင်ချိုဘက်မှ လားရှိုးဘက်သို့ တမလန်းဓါးရွေတုံး (၂၂)တုံး စုစုပေါင်းအလေးချိန် (ဝ.၆၇၄၄) တန်ကို တရားမဝင် တင်ဆောင်လာသည့် မော်တော်ယာဉ်မှ ယာဉ်မောင်းဖြစ်သူ အသက် (၃၂)နှစ်အရွယ် မင်းထွန်း၊ ယာဉ်နောက်လိုက် များဖြစ်သည့် အသက် (၁၉)နှစ်အရွယ် အောင်မြင်ဗိုလ်နှင့် အသက် (၂၃)နှစ်အရွယ် ဝေယံပိုင်တို့ကို ၁၉၄၇ ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ၆(၁)၊ (ပ) ၂၉၇/၂၀၁၈ ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #ရဲတပ်ဖွဲ့

No comments
Post a Comment
:::::::::: လှိုက်လှဲစွာ ကျေးဇုးတင်ရှိပါသည် ::::::::::