တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ စိတ္ၾကြေဆးျပား (၁)သိန္းေက်ာ္ ဖမ္းဆီးရမိ

တာခ်ီလိတ္ခရိုင္ က်ဳိင္းလပ္ၿမိဳ႕တြင္ စိတ္ၾကြေဆးျပား (၁)သိန္းေက်ာ္ ဖမ္းဆီးရမိ
ဇူလိုင် 18, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္းေဒသ)၊ တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊ ၀မ္ယန္းေက်းရြာအ၀င္လမ္း ရြာေရစစ္ကန္ အနီးတြင္ စိတ္ၾကြေဆးျပား (၁)သိန္းေက်ာ္အား ပူးေပါင္းအဖြဲ႔ျဖင့္ ၂၀၁၈ခုႏွစ္ ဇူလိုင္လ(၁၇)ရက္ေန႔ ည(၈)နာရီခြဲ၀န္းက်င္အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ဳိင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းမွ စခန္းမွဴး ရဲအုပ္ျမင့္စိုးေအာင္ ႏွင့္ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ ေအာင္ျမင့္ျမတ္တို႔ ပါ၀င္သည့္ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ က်ဳိင္းလပ္ၿမိဳ႕၊ ၀မ္ယန္းေက်းရြာ အ၀င္လမ္း ရြာေရစစ္ကန္အနီးတြင္ မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းေနစဥ္ ေလာတား ေမာင္းႏွင္ၿပီး ေလာ္က်ာ လိုက္ပါလာသည့္ ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာက ၎တို႔ ႏွစ္ဦး ၾကားတြင္ ညႇပ္လွ်က္ သယ္ေဆာင္လာသည့္ ဆာလာအိတ္အတြင္းက စိတ္ၾကြေဆးျပားမ်ားကို ေတြ႕ရွိ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆာလာအိတ္အား ဖြင့္ေဖာက္စစ္ေဆးရာတြင္ Wy စာတမ္းပါသည့္ စိတ္ၾကြရူးသြပ္ေဆးျပား စုစုေပါင္း (၁၀၈,၈၀၀)ျပားအား ေတြ႔ရွိရသည့္ အတြက္ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၎တို႔ ႏွစ္ဦးအား မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ မယ(ပ)၁/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁ျဖင့္ အမႈ ဖြင့္လွစ္ထားရွိၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္ရမိေရးအတြက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်းဒေသ)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ ဝမ်ယန်းကျေးရွာအဝင်လမ်း ရွာရေစစ်ကန် အနီးတွင် စိတ်ကြွဆေးပြား (၁)သိန်းကျော်အား ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၈ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်စိုးအောင် နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်မြင့်မြတ်တို့ ပါဝင်သည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ကျိုင်းလပ်မြို့၊ ဝမ်ယန်းကျေးရွာ အဝင်လမ်း ရွာရေစစ်ကန်အနီးတွင် မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် လောတား မောင်းနှင်ပြီး လော်ကျာ လိုက်ပါလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက၎င်းတို့ နှစ်ဦး ကြားတွင် ညှပ်လျှက် သယ်ဆောင်လာသည့် ဆာလာအိတ်အတွင်းက စိတ်ကြွဆေးပြားများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆာလာအိတ်အား ဖွင့်ဖောက်စစ်ဆေးရာတွင် Wy စာတမ်းပါသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၀၈,၈၀၀)ပြားအား တွေ့ရှိရသည့် အတွက် စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့်၎င်းတို့ နှစ်ဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၁/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ဖြင့် အမှု ဖွင့်လှစ်ထားရှိပြီး ကွင်းဆက်များအား ဖော်ထုတ်ရမိရေးအတွက် စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~