လားရိႈးၿမိဳ႕ ထင္းရႈးၿမိဳင္အိမ္ရာတြင္ အရစ္က်ဝယ္ယူထားသည့္ တုိက္ခန္းမ်ား (၃)ႏွစ္ၾကာသည္အထိ အခန္းမရေသး

လားရိႈးၿမိဳ႕ ထင္းရႈးၿမိဳင္အိမ္ရာတြင္ အရစ္က်ဝယ္ယူထားသည့္ တုိက္ခန္းမ်ား (၃)ႏွစ္ၾကာသည္အထိ အခန္းမရေသး
ဇူလိုင် 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕ရွိ ထင္းရႈးၿမိဳင္အိမ္ရာ တုိက္ခန္းမ်ားကို ၂၀၁၅ ခုႏွစ္ကတည္းက တိုက္ခန္းဖိုး၏ (၃၀) ရာခိုင္ႏႈန္း ေငြသြင္းထားၾကေသာ္လည္း လက္ရိွအခ်ိန္ထိ တိုက္ခန္းမရေသးေၾကာင္း သိရသည္။

“ေလွ်ာက္လႊာေတြကို အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွာ ဝယ္ရတယ္။ ၿပီးေတာ့ တိုက္ခန္းဖိုးရဲ့ (၃၀) ရာခိုင္ႏႈန္းကို ေငြသြင္းထားရတယ္။ သံုးႏွစ္ေက်ာ္ၾကာေနၿပီး ဘာမွအေၾကာင္းျပန္ခ်က္မလာဘူး။ တိုက္ခန္းေတြလည္း မၿပီးေသးဘူး။ ကၽြန္ေတာ္တို႔သြင္းထားတဲ့ေငြေတြကို အစိုးရဘဏ္အတိုးနဲ႔ပဲ တြက္ရင္ေတာင္ အရမ္းနစ္နာေနၿပီ ” ဟု တိုက္ခန္းဝယ္ယူထားသူတစ္ဦးျဖစ္သည့္ ကိုမင္းေမာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အရစ္က်စနစ္ျဖင့္ ေရာင္းခ်သည့္ အဆိုပါ တိုက္ခန္းမ်ားကို ၂၀၁၅ ခုႏွစ္အတြင္းက တုိက္ခန္းတန္ဖိုး၏ (၃၀)ရာခိုင္ႏႈန္းအျဖစ္ က်ပ္ (၄၅)သိန္းႏွင့္အတူ အေထြေထြအုပ္ခ်ဳပ္ေရးဌာနတြင္ ေလ်ွာက္လႊာ ဝယ္ယူ တင္သြင္းခဲ့ရျခင္းျဖစ္ၿပီး (၃) ႏွစ္ေက်ာ္ၾကာသည္အထိ တိုက္ခန္းအမ်ားစုမွာ မၿပီးစီးေသးသည့္အျပင္ အိမ္ရာတည္ေဆာက္သည့္ကုမၸဏီကလည္း အေၾကာင္းျပန္ၾကားျခင္းမရိွေၾကာင္း သိရသည္။

"ကြ်န္မတို႔က ဝန္ထမ္းေတြပါ။ ရွိစုမဲ့စုေလးေတြနဲ႔ ေငြစုၿပီးႀကိဳသြင္းထားရတာ။ အခုထိ ဘာမွ မထူးျခားလာဘူး။ ေငြသြင္းတုန္းကေတာ့ CB ဘဏ္မွာ သြားသြင္းရပါတယ္။ ပထမအရစ္ (၃၀) ရာခိုင္ႏႈန္း အတြက္ က်ပ္ (၅၄) သိန္း သြင္းထားၿပီးပါၿပီ။ အခုထိတိုက္ခန္းလည္းမရေသးသလို ဘာမွ အေၾကာင္းျပန္တာလည္း မရေသးပါဘူး” ဟု တုိက္ခန္းဝယ္ယူထားသူတစ္ဦးျဖစ္သည့္ မေဆြႏြယ္ဦးက ေျပာသည္။

တိုက္ခန္းမ်ားအား စတင္ေရာင္းခ်ေပးခ်ိန္မွစ၍ ၂၀၁၈ ခုႏွစ္အထိ တုိက္ခန္းရရိွသည့္ အေရအတြက္မွာ ေလွ်ာက္ထားခဲ့သူမ်ား၏ (၂၀) ရာခိုင္ႏႈန္းခန္႔သာရွိေၾကာင္း သိရသည္။

“ၿပီးခဲ့တဲ့ အစိုးရလက္ထက္မွာလုပ္ခဲ့တဲ့ စီမံခ်က္တစ္ခုျဖစ္တဲ့အတြက္ အဲဒီတုန္းက ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးမွဴးက အိမ္ရာစီမံကိန္းမွာ အတြင္းေရးမွဴး အေနနဲ႔ ပါပါတယ္။ အိမ္ရာနဲ႔ ပတ္သက္လို႔ ျဖစ္ေနတာေတြကို ဝိုင္းဝန္း စဥ္းစားေျဖရွင္းေပးခဲ့တာေတြ ရွိပါတယ္။”ဟု လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အဆိုပါ တုိက္ခန္းေရာင္းခ်မႈမ်ားႏွင့္ပတ္သက္၍ လားရိႈးခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတြင္ ဌာနခြဲတစ္ခု သတ္မွတ္ကိုင္တြယ္ေဆာင္ရြက္ေနေၾကာင္း ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

သတင္း - ေနၿဖိဳးျမင့္





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ထင်းရှုးမြိုင်အိမ်ရာ တိုက်ခန်းများကို ၂၀၁၅ ခုနှစ်ကတည်းက တိုက်ခန်းဖိုး၏ (၃၀) ရာခိုင်နှုန်း ငွေသွင်းထားကြသော်လည်း လက်ရှိအချိန်ထိ တိုက်ခန်းမရသေးကြောင်း သိရသည်။

“လျှောက်လွှာတွေကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ ဝယ်ရတယ်။ ပြီးတော့ တိုက်ခန်းဖိုးရဲ့ (၃၀) ရာခိုင်နှုန်းကို ငွေသွင်းထားရတယ်။ သုံးနှစ်ကျော်ကြာနပြေီး ဘာမှအကြောင်းပြန်ချက်မလာဘူး။ တိုက်ခန်းတွေလည်း မပြီးသေးဘူး။ ကျွန်တော်တို့သွင်းထားတဲ့ငွေတွေကို အစိုးရဘဏ်အတိုးနဲ့ပဲ တွက်ရင်တောင် အရမ်းနစ်နာနပြေီ ” ဟု တိုက်ခန်းဝယ်ယူထားသူတစ်ဦးဖြစ်သည့် ကိုမင်းမောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အရစ်ကျစနစ်ဖြင့် ရောင်းချသည့် အဆိုပါ တိုက်ခန်းများကို ၂၀၁၅ ခုနှစ်အတွင်းက တိုက်ခန်းတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းအဖြစ် ကျပ် (၄၅)သိန်းနှင့်အတူ အထွေထွေအုပ်ချုပ်ရေးဌာနတွင် လျှောက်လွှာ ဝယ်ယူ တင်သွင်းခဲ့ရခြင်းဖြစ်ပြီး (၃) နှစ်ကျော်ကြာသည်အထိ တိုက်ခန်းအများစုမှာ မပြီးစီးသေးသည့်အပြင် အိမ်ရာတည်ဆောက်သည့်ကုမ္ပဏီကလည်း အကြောင်းပြန်ကြားခြင်းမရှိကြောင်း သိရသည်။

"ကျွန်မတို့က ဝန်ထမ်းတွေပါ။ ရှိစုမဲ့စုလေးတွေနဲ့ ငွေစုပြီးကြိုသွင်းထားရတာ။ အခုထိ ဘာမှ မထူးခြားလာဘူး။ ငွေသွင်းတုန်းကတော့ CB ဘဏ်မှာ သွားသွင်းရပါတယ်။ ပထမအရစ် (၃၀) ရာခိုင်နှုန်း အတွက် ကျပ် (၅၄) သိန်း သွင်းထားပြီးပါပြီ။ အခုထိတိုက်ခန်းလည်းမရသေးသလို ဘာမှ အကြောင်းပြန်တာလည်း မရသေးပါဘူး” ဟု တိုက်ခန်းဝယ်ယူထားသူတစ်ဦးဖြစ်သည့် မဆွေနွယ်ဦးက ပြောသည်။

တိုက်ခန်းများအား စတင်ရောင်းချပေးချိန်မှစ၍ ၂၀၁၈ ခုနှစ်အထိ တိုက်ခန်းရရှိသည့် အရေအတွက်မှာ လျှောက်ထားခဲ့သူများ၏ (၂၀) ရာခိုင်နှုန်းခန့်သာရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလုပ်ခဲ့တဲ့ စီမံချက်တစ်ခုဖြစ်တဲ့အတွက် အဲဒီတုန်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက အိမ်ရာစီမံကိန်းမှာ အတွင်းရေးမှူး အနေနဲ့ ပါပါတယ်။ အိမ်ရာနဲ့ ပတ်သက်လို့ ဖြစ်နေတာတွေကို ဝိုင်းဝန်း စဉ်းစားဖြေရှင်းပေးခဲ့တာတွေ ရှိပါတယ်။”ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ တိုက်ခန်းရောင်းချမှုများနှင့်ပတ်သက်၍ လားရှိုးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဌာနခွဲတစ်ခု သတ်မှတ်ကိုင်တွယ်ဆောင်ရွက်နေကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~