မိသားစုႏွင့္အတူ တီဗြီၾကည့္ေနသည့္ အမ်ဳိးသားအား အမည္မသိ လူႏွစ္ဦးမွ ေနအိမ္တြင္း ၀င္ေရာက္လာကာ ေသနတ္ျဖင့္ ပစ္သတ္သြားမႈ သီေပါၿမိဳ႕တြင္ ျဖစ္ပြား

မိသားစုႏွင့္အတူ တီဗြီၾကည့္ေနသည့္ အမ်ဳိးသားအား အမည္မသိ လူႏွစ္ဦးမွ ေနအိမ္တြင္း ၀င္ေရာက္လာကာ ေသနတ္ျဖင့္ ပစ္သတ္သြားမႈ သီေပါၿမိဳ႕တြင္ ျဖစ္ပြား
ဇူလိုင် 27, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕၊ စံဖိတ္ေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၆) ရက္ေန႔ ည(၉)နာရီဝန္းက်င္က ေနအိမ္တြင္ (၄)ႏွစ္အရြယ္ကေလး အပါအဝင္ မိသားစုႏွင့္အတူ တီဗြီၾကည့္ေနသည့္ အမ်ိဳးသား(၁)ဦးကို ေသနတ္ျဖင့္ ဝင္ေရာက္ပစ္သတ္သြားေၾကာင္း သိရသည္။

“ေသသြားတဲ့သူက ဦးစိန္ဝင္း(၄၄-ႏွစ္)၊ သူမိန္းမရယ္၊ တူမတစ္ေယာက္ရယ္၊ (၄) ႏွစ္အရြယ္ ေျမးတစ္ေယာက္ ရယ္ အပါအဝင္ မိသားစုဝင္ (၅) ဦးေလာက္နဲ႔အိမ္ေရွ႕ခန္းမွာ ဆက္တီခံုေပၚလွဲၿပီး တီဗြီၾကည့္ေနတုန္း ဆိုင္ကယ္နဲ႔ လူႏွစ္ေယာက္ လာတယ္။ တစ္ေယာက္က အိမ္ထဲဝင္လာၿပီး သူလြယ္လာတဲ့ လြယ္အိတ္ထဲကေန ပစၥတိုနဲ႔ သံုးခ်က္ ပစ္သတ္သြားတယ္။ က်ည္ဆံေတြကေတာ့ ခါတိုင္းျဖစ္ေနက် ေသနတ္ပစ္မႈေတြမွာ ေတြ႔ရတဲ့ ပံုစံအတိုင္း အတူတူပဲ”ဟု သီေပါၿမိဳ႕ မရဲစခန္းမွ စခန္းမွဴး ဒုတိယရဲတပ္ဖြဲ႔မွဴး ဝင္းတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူ ေနထိုင္သည့္ ေနအိမ္မွာ ၿခံဝန္းခိုင္ခန္႔သည့္ ေနအိမ္ျဖစ္ၿပီး ကုန္စံုဆိုင္ ဖြင့္လွစ္ထားကာ ေသနတ္ျဖင့္ ပစ္ခတ္သူက မ်က္ႏွာတြင္ Mask အနက္တပ္ဆင္ထားကာ လွ်ာထိုးဦးထုပ္အနက္၊ ေဘာင္းဘီအနက္၊ အက်ၤ ီနီညိဳေရာင္ ဝတ္ဆင္ထားသည့္ သက္လတ္ပိုင္းအရြယ္ အမ်ိဳးသားတစ္ဦး ျဖစ္ေၾကာင္း မ်က္ျမင္မ်ားထံမွ သိရသည္။

ဦးစိန္ဝင္းမွာ ေသနတ္ဒဏ္ရာ (၃)ခ်က္ျဖင့္  ေနရာတြင္ ေသဆံုးသြားေၾကာင္း သိရၿပီး အဆိုပါ ေသနတ္ ပစ္သတ္ခံရမႈႏွင့္ ပတ္သက္၍ သီေပါၿမိဳ႕ မရဲစခန္းတြင္ (ပ) ၉၄/၂၀၁၈- ၃၀၂/၁၁၄ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္အတြင္း ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လ (၂၆) ရက္ေန႔အထိ ေနအိမ္တြင္း ေသနတ္ျဖင့္ ဝင္ေရာက္ပစ္ခတ္မႈ (၄) ႀကိမ္ျဖစ္ပြားခဲ့ကာ ပစ္သတ္ခံရသူ(၅ )ဦးရွိခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့၊ စံဖိတ်ကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့ ည(၉)နာရီဝန်းကျင်က နေအိမ်တွင် (၄)နှစ်အရွယ်ကလေး အပါအဝင် မိသားစုနှင့်အတူ တီဗွီကြည့်နေသည့် အမျိုးသား(၁)ဦးကို သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်သွားကြောင်း သိရသည်။

“သေသွားတဲ့သူက ဦးစိန်ဝင်း(၄၄-နှစ်)၊ သူမိန်းမရယ်၊ တူမတစ်ယောက်ရယ်၊ (၄) နှစ်အရွယ် မြေးတစ်ယောက် ရယ် အပါအဝင် မိသားစုဝင် (၅) ဦးလောက်နဲ့အိမ်ရှေ့ခန်းမှာ ဆက်တီခုံပေါ်လှဲပြီး တီဗွီကြည့်နေတုန်း ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာတယ်။ တစ်ယောက်က အိမ်ထဲဝင်လာပြီး သူလွယ်လာတဲ့ လွယ်အိတ်ထဲကနေ ပစ္စတိုနဲ့ သုံးချက် ပစ်သတ်သွားတယ်။ ကျည်ဆံတွေကတော့ ခါတိုင်းဖြစ်နေကျ သေနတ်ပစ်မှုတွေမှာ တွေ့ရတဲ့ ပုံစံအတိုင်း အတူတူပဲ”ဟု သီပေါမြို့ မရဲစခန်းမှ စခန်းမှူး ဒုတိယရဲတပ်ဖွဲ့မှူး ဝင်းတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူ နေထိုင်သည့် နေအိမ်မှာ ခြံဝန်းခိုင်ခန့်သည့် နေအိမ်ဖြစ်ပြီး ကုန်စုံဆိုင် ဖွင့်လှစ်ထားကာ သေနတ်ဖြင့် ပစ်ခတ်သူက မျက်နှာတွင် Mask အနက်တပ်ဆင်ထားကာ လျှာထိုးဦးထုပ်အနက်၊ ဘောင်းဘီအနက်၊ အင်္ကျီနီညိုရောင် ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ကြောင်း မျက်မြင်များထံမှ သိရသည်။

ဦးစိန်ဝင်းမှာ သေနတ်ဒဏ်ရာ (၃)ချက်ဖြင့် နေရာတွင် သေဆုံးသွားကြောင်း သိရပြီး အဆိုပါ သေနတ် ပစ်သတ်ခံရမှုနှင့် ပတ်သက်၍ သီပေါမြို့ မရဲစခန်းတွင် (ပ) ၉၄/၂၀၁၈- ၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ (၂၆) ရက်နေ့အထိ နေအိမ်တွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်မှု (၄) ကြိမ်ဖြစ်ပွားခဲ့ကာ ပစ်သတ်ခံရသူ(၅ )ဦးရှိခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~