တာခ်ီလိတ္တြင္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္လာသူအား လမ္းေဘးတြင္ ရပ္ေနသူက ေသနတ္ျဖင့္ ပစ္ခတ္

တာခ်ီလိတ္တြင္ ေမာ္ေတာ္ယာဥ္ေမာင္းႏွင္လာသူအား လမ္းေဘးတြင္ ရပ္ေနသူက ေသနတ္ျဖင့္ ပစ္ခတ္
ဇူလိုင် 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ဇူလုိင္လ (၂)ရက္ေန႔ ည (၇)နာရီ (၁၅)မိနစ္ဝန္းက်င္က ေမာ္ေတာ္ယာဥ္ ေမာင္းႏွင္လာသူ ႏွစ္ဦးအား ကားလမ္းေဘးတြင္ ရပ္ေနသူတစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္သျဖင့္ ယာဥ္ေမာင္းႏွင္သူမွာ ေသနတ္ဒဏ္ရာ သံုးခ်က္ရရိွ ေသဆံုးသြားေၾကာင္း သိရသည္။

ေသဆံုးသူ ရန္က်ားခ်ိန္သည္ အစ္ကိုျဖစ္သူႏွင့္အတူ ဝမ္ေက်ာက္လံုရပ္ကြက္မွ ဝိန္းေက်ာက္ရပ္ကြက္ရိွ ေနအိမ္သို႔ အာခါေစ်းလမ္း အတိုင္း ျပန္လာစဥ္ ကားလမ္းေဘး၌ ရပ္ေနသည့္ အမ်ိဳးသားတစ္ဦးက ေသနတ္ျဖင့္ သံုးခ်က္ ပစ္ခတ္ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထဲက သိရသည္။

ေသနတ္ပစ္ခတ္မႈေၾကာင့္ ေမာ္ေတာ္ယာဥ္၏ ယာဘက္ေဘာနက္စ္ေဘးတြင္ က်ည္ထိမွန္ၿပီး ယာဥ္ေမာင္းႏွင္သူ ရန္က်ားခ်ိန္၏ ယာဘက္ေက်ာ ေအာက္ပိုင္းႏွင့္ ဝဲဘက္ေက်ာေအာက္ဘက္တုိ႔တြင္ ထိမွန္သြားကာ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူ၏ ရုပ္အေလာင္းအား စစ္ေဆးမႈမ်ားျပဳလုပ္ႏိုင္ရန္အတြက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အဆိုပါ ပစ္ခတ္မႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၁၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဇူလိုင်လ (၂)ရက်နေ့ ည (၇)နာရီ (၁၅)မိနစ်ဝန်းကျင်က မော်တော်ယာဉ် မောင်းနှင်လာသူ နှစ်ဦးအား ကားလမ်းဘေးတွင် ရပ်နေသူတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ယာဉ်မောင်းနှင်သူမှာ သေနတ်ဒဏ်ရာ သုံးချက်ရရှိ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူ ရန်ကျားချိန်သည် အစ်ကိုဖြစ်သူနှင့်အတူ ဝမ်ကျောက်လုံရပ်ကွက်မှ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်သို့ အာခါဈေးလမ်း အတိုင်း ပြန်လာစဉ် ကားလမ်းဘေး၌ ရပ်နေသည့် အမျိုးသားတစ်ဦးက သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထဲက သိရသည်။

သေနတ်ပစ်ခတ်မှုကြောင့် မော်တော်ယာဉ်၏ ယာဘက်ဘောနက်စ်ဘေးတွင် ကျည်ထိမှန်ပြီး ယာဉ်မောင်းနှင်သူ ရန်ကျားချိန်၏ ယာဘက်ကျော အောက်ပိုင်းနှင့် ဝဲဘက်ကျောအောက်ဘက်တို့တွင် ထိမှန်သွားကာ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား စစ်ဆေးမှုများပြုလုပ်နိုင်ရန်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~