လုပ္ငန္းခြင္တြင္ အမ်ိဳးသမီးမ်ားအား လိင္ပိုင္းဆုိင္ရာ အျမတ္ထုတ္မႈႏွင့္ ထိပါးေႏွာင့္ယွက္ေၾကာင္း စြပ္စြဲခံရသည့္ အဖြဲ႕အစည္းတစ္ခု၏ အႀကီးအကဲအား စစ္ေဆးမည္

လုပ္ငန္းခြင္တြင္ အမ်ိဳးသမီးမ်ားအား လိင္ပိုင္းဆုိင္ရာ အျမတ္ထုတ္မႈႏွင့္ ထိပါးေႏွာင့္ယွက္ေၾကာင္း စြပ္စြဲခံရသည့္ အဖြဲ႕အစည္းတစ္ခု၏ အႀကီးအကဲအား စစ္ေဆးမည္
ဇူလိုင် 17, 2018
By Tachileik News Agency

က်ား၊မ တန္းတူညီမွ်ေရး ကြန္ရက္၏ အဖြဲ႕ဝင္ျဖစ္ေသာ အဖြဲ႕(၁)ဖြဲ႕မွ အဓိက တာဝန္ရွိအႀကီးအကဲက လုပ္ငန္းႏွင့္ ပတ္သက္ဆက္ႏႊယ္သူ အမ်ိဳးသမီးမ်ားႏွင့္ ဝန္ထမ္းအခ်ိဳ႕အေပၚတြင္ မေလ်ာ္ဩဇာသုံးကာ လိင္ပုိင္းဆိုင္ရာ အျမတ္ထုတ္မႈႏွင့္ ထိပါးေႏွာင့္ယွက္မႈရိွေၾကာင္း နစ္နာသူ အမ်ိဳးသမီးမ်ားက ေျပာၾကားလာမႈ အေပၚ  ကြန္ရက္က စစ္ေဆးမႈလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“သူတုိ႔ ဘယ္လိုမ်ိဳး ျဖစ္ခ်င္သလဲဆိုတာ အျပင္ သူတုိ႔ ဘယ္လို လုပ္ခ်င္သလဲဆိုတာကိုပါ ေမးပါမယ္။ သူတို႔အေနနဲ႔ တရားေရး အရလား၊ လူမႈေရးအရ ဝန္ခ်ေတာင္းပန္ေစခ်င္တာလားဆိုတာ ေမးပါမယ္။  အမ်ိဳးသမီးအေရး လုပ္ေဆာင္ေနတဲ့အဖြဲ႕အေနနဲ႔ သူတုိ႔ဆႏၵကို အေကာင္အထည္ေဖၚႏုိင္ေရး လုပ္ေဆာင္သြားတာ ရိွမယ္။ တစ္ဖက္မွာလည္း က်ဴးလြန္တယ္လုိ႔ စြပ္စြဲခံရသူကိုလည္း ေတြ႔ဆံုၿပီးေတာ့ သူ႔ရဲ႕ေျပာၾကားခ်က္ကို လက္ခံလုပ္ေဆာင္ပါ့မယ္။ စံုစမ္းစစ္ေဆးမႈပံုစံျဖစ္ေအာင္ လုပ္ေဆာင္ပါ့မယ္”ဟု က်ား၊ မ ေရးရာ တန္းတူညီမွ်ေရး ကြန္ရက္အဖြဲ႕ဝင္ ညီမွ်ျခင္းျမန္မာ၏ ညႊန္ၾကားေရးမွဴး ဦးေအာင္မ်ိဳးမင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြန္ရက္ အေနျဖင့္ အဆိုပါ ကိစၥမ်ားကို စစ္ေဆးအေရးယူျခင္းႏွင့္ ပတ္သက္၍ လက္ရိွတြင္ မူဝါဒခ် မွတ္ထားျခင္း မရိွေသးေသာ္လည္း စံုစမ္းမႈကဲ့သို႔ ေဆာင္ရြက္မႈကိုလုပ္ေဆာင္ကာ ကာယကံရွင္မ်ား၏ ဆႏၵအတိုင္း ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကြန္ရက္မွာ ဒါမ်ိဳးကိစၥနဲ႔ ပတ္သက္လုိ႔ ျဖစ္လာလုိ႔ရိွရင္ ဘယ္လို အေရးယူေဆာင္ရြက္ရမလဲဆိုတဲ့ လုပ္ထံုး လုပ္နည္းလည္း မရိွဘူး။ လုပ္ပိုင္ခြင့္၊ စီရင္ပိုင္ခြင့္လည္း မရိွထားဘူး။ ဒါေၾကာင့္မုိ႔ ပထမဆံုး လုပ္ေဆာင္ တာျဖစ္တဲ့ အတြက္ ကာယကံရွင္ေတြရဲ႕ သေဘာဆႏၵ အေပၚမူတည္ၿပီးေတာ့ လုပ္ေဆာင္ သြားမွာ ျဖစ္ပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္းမွာ ဒါမ်ိဳးကိစၥေတြျဖစ္လာရင္ ဘယ္လို အေရးယူမလဲဆိုတာနဲ႔ ပတ္သက္ၿပီးေတာ့ အေရးယူမႈ လုပ္ထံုးလုပ္နည္း၊ စည္းမ်ည္းစည္းကမ္းနဲ႔ အေရးယူမႈ ပံုစံေတြကိုလည္း ေနာက္တစ္ခါက်ရင္ ဒါမ်ိဳးမျဖစ္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ေရးဆြဲဖုိ႔ ေပၚလစီပိုင္း ျပင္ဆင္ ေရးဆြဲဖို႔ေတာ့ လုပ္ေဆာင္သြားမွာပါ”ဟု ညီမွ်ျခင္းျမန္မာ၏ ညႊန္ၾကားေရးမွဴး ဦးေအာင္မ်ိဳးမင္းက ဆုိသည္။

လိင္ပုိင္းဆိုင္ရာ အျမတ္ထုတ္မႈႏွင့္ ထိပါးေႏွာင့္ယွက္မႈခံရသူ အမ်ိဳးသမီး (၅)ဦးက ကြန္ရက္သို႔ အေၾကာင္းၾကား လာသျဖင့္ အဆုိပါ ကိစၥႏွင့္ပတ္သက္၍ ကြန္ရက္၏ သေဘာထားကို ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၁၇)ရက္ေန႔တြင္ ထုတ္ျပန္လာျခင္းျဖစ္သည္။

“အဖြဲ႕အစည္းေတြမွာ လုပ္ေဆာင္သင့္တဲ့ အခ်က္ကေတာ့ ဒါမ်ိဳးျဖစ္လာလို႔ရိွရင္ လက္မခံဘူးဆိုတဲ့ မူဝါဒ အျပင္ ျဖစ္လာလို႔ရိွရင္ တုိင္ၾကားႏုိင္တဲ့ ယႏၱယားေတြရိွဖို႔ လိုအပ္တယ္။ ေနာက္တစ္ခါမွာ လူ႔အခြင့္အေရး လုပ္ေဆာင္တဲ့အဖြဲ႕ေတြ၊ အမ်ိဳးသမီးအခြင့္အေရးေတြ လုပ္ေဆာင္တဲ့အဖြဲ႕ေတြက ဘယ္သူပဲ က်ဴးလြန္ က်ဴးလြန္ ကိုယ့္လူပဲ က်ဴးလြန္က်ဴးလြန္ တစ္ျခားသူပဲ က်ဴးလြန္က်ဴးလြန္ ဒီကိစၥကို နစ္နာသူဘက္ကို ထိေရာက္တဲ့ ကူညီအားေပးမႈေတြ ရရိွေအာင္ လုပ္ေဆာင္ေပးဖို႔အတြက္ ဝိုင္းဝန္းလုပ္ေဆာင္ေပးဖုိ႔ စိတ္ဓါတ္ေတြရိွဖို႔ လုိအပ္ေနပါတယ္။ ဒါမွမဟုတ္လို႔ရိွရင္ ဒါႀကီးက အစဥ္အလာအတုိင္းပဲျဖစ္လာၿပီးေတာ့ အစဥ္အလာအတုိင္းျဖစ္သြားၿပီးေတာ့ ေဖါက္မထြက္ႏုိင္ဘဲနဲ႔ အရွက္နဲ႔သိကၡာစေတးခံရတဲ့အမ်ိဳးသမီးေတြ ဆက္လက္ရိွေနမွာျဖစ္တဲ့အတြက္ အစဥ္အလာကို ခ်ိဳးေဖါက္ဖို႔ လိုအပ္ေနပါၿပီ”ဟုလည္း ညီမွ်ျခင္းျမန္မာ၏ ညႊန္ၾကားေရးမွဴး ဦးေအာင္မ်ိဳးမင္းက တိုက္တြန္းလုိက္သည္။

က်ား၊ မ ေရးရာတန္းတူညီမွ်ေရး ကြန္ရက္အဖြဲ႕ဝင္ အဖြဲ႕တစ္ဖြဲ႕မွ အႀကီးအကဲ၏ လိင္ပုိင္းဆိုင္ရာ အျမတ္ထုတ္မႈႏွင့္ ထိပါးေႏွာင့္ယွက္မႈရိွေၾကာင္း အမ်ိဳးသမီးတစ္ဦးက ဇူလုိင္လ (၁၂)ရက္ေန႔က လူမႈကြန္ရက္ စာမ်က္ႏွာတြင္ စတင္ေဖၚထုတ္ေရးသား လုိက္ၿပီးေနာက္ အဆုိပါအႀကီးအကဲ၏ လိင္ပုိင္း ဆိုင္ရာ အျမတ္ထုတ္မႈႏွင့္ ထိပါးေႏွာင့္ယွက္မႈႏွင့္ပတ္သက္၍ အျခားအမ်ိဳးသမီးမ်ား၏ ထုတ္ေဖၚ ေရးသားမႈမ်ား ဆက္တုိက္ထြက္လာျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ကျား၊မ တန်းတူညီမျှရေး ကွန်ရက်၏ အဖွဲ့ဝင်ဖြစ်သော အဖွဲ့(၁)ဖွဲ့မှ အဓိက တာဝန်ရှိအကြီးအကဲက လုပ်ငန်းနှင့် ပတ်သက်ဆက်နွှယ်သူ အမျိုးသမီးများနှင့် ဝန်ထမ်းအချို့အပေါ်တွင် မလျော်ဩဇာသုံးကာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ထိပါးနှောင့်ယှက်မှုရှိကြောင်း နစ်နာသူ အမျိုးသမီးများက ပြောကြားလာမှု အပေါ် ကွန်ရက်က စစ်ဆေးမှုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“သူတို့ ဘယ်လိုမျိုး ဖြစ်ချင်သလဲဆိုတာ အပြင် သူတို့ ဘယ်လို လုပ်ချင်သလဲဆိုတာကိုပါ မေးပါမယ်။ သူတို့အနေနဲ့ တရားရေး အရလား၊ လူမှုရေးအရ ဝန်ချတောင်းပန်စေချင်တာလားဆိုတာ မေးပါမယ်။ အမျိုးသမီးအရေး လုပ်ဆောင်နေတဲ့အဖွဲ့အနေနဲ့ သူတို့ဆန္ဒကို အကောင်အထည်ဖော်နိုင်ရေး လုပ်ဆောင်သွားတာ ရှိမယ်။ တစ်ဖက်မှာလည်း ကျူးလွန်တယ်လို့ စွပ်စွဲခံရသူကိုလည်း တွေ့ဆုံပြီးတော့ သူ့ရဲ့ပြောကြားချက်ကို လက်ခံလုပ်ဆောင်ပါ့မယ်။ စုံစမ်းစစ်ဆေးမှုပုံစံဖြစ်အောင် လုပ်ဆောင်ပါ့မယ်”ဟု ကျား၊ မ ရေးရာ တန်းတူညီမျှရေး ကွန်ရက်အဖွဲ့ဝင် ညီမျှခြင်းမြန်မာ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွန်ရက် အနဖြေင့် အဆိုပါ ကိစ္စများကို စစ်ဆေးအရေးယူခြင်းနှင့် ပတ်သက်၍ လက်ရှိတွင် မူဝါဒချ မှတ်ထားခြင်း မရှိသေးသော်လည်း စုံစမ်းမှုကဲ့သို့ ဆောင်ရွက်မှုကိုလုပ်ဆောင်ကာ ကာယကံရှင်များ၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကွန်ရက်မှာ ဒါမျိုးကိစ္စနဲ့ ပတ်သက်လို့ ဖြစ်လာလို့ရှိရင် ဘယ်လို အရေးယူဆောင်ရွက်ရမလဲဆိုတဲ့ လုပ်ထုံး လုပ်နည်းလည်း မရှိဘူး။ လုပ်ပိုင်ခွင့်၊ စီရင်ပိုင်ခွင့်လည်း မရှိထားဘူး။ ဒါကြောင့်မို့ ပထမဆုံး လုပ်ဆောင် တာဖြစ်တဲ့ အတွက် ကာယကံရှင်တွေရဲ့ သဘောဆန္ဒ အပေါ်မူတည်ပြီးတော့ လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒါမျိုးကိစ္စတွဖြေစ်လာရင် ဘယ်လို အရေးယူမလဲဆိုတာနဲ့ ပတ်သက်ပြီးတော့ အရေးယူမှု လုပ်ထုံးလုပ်နည်း၊ စည်းမျည်းစည်းကမ်းနဲ့ အရေးယူမှု ပုံစံတွေကိုလည်း နောက်တစ်ခါကျရင် ဒါမျိုးမဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ရေးဆွဲဖို့ ပေါ်လစီပိုင်း ပြင်ဆင် ရေးဆွဲဖို့တော့ လုပ်ဆောင်သွားမှာပါ”ဟု ညီမျှခြင်းမြန်မာ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ဆိုသည်။

လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ထိပါးနှောင့်ယှက်မှုခံရသူ အမျိုးသမီး (၅)ဦးက ကွန်ရက်သို့ အကြောင်းကြား လာသဖြင့် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကွန်ရက်၏ သဘောထားကို ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၇)ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

“အဖွဲ့အစည်းတွေမှာ လုပ်ဆောင်သင့်တဲ့ အချက်ကတော့ ဒါမျိုးဖြစ်လာလို့ရှိရင် လက်မခံဘူးဆိုတဲ့ မူဝါဒ အပြင် ဖြစ်လာလို့ရှိရင် တိုင်ကြားနိုင်တဲ့ ယန္တယားတွေရှိဖို့ လိုအပ်တယ်။ နောက်တစ်ခါမှာ လူ့အခွင့်အရေး လုပ်ဆောင်တဲ့အဖွဲ့တွေ၊ အမျိုးသမီးအခွင့်အရေးတွေ လုပ်ဆောင်တဲ့အဖွဲ့တွေက ဘယ်သူပဲ ကျူးလွန် ကျူးလွန် ကိုယ့်လူပဲ ကျူးလွန်ကျူးလွန် တစ်ခြားသူပဲ ကျူးလွန်ကျူးလွန် ဒီကိစ္စကို နစ်နာသူဘက်ကို ထိရောက်တဲ့ ကူညီအားပေးမှုတွေ ရရှိအောင် လုပ်ဆောင်ပေးဖို့အတွက် ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ စိတ်ဓာတ်တွေရှိဖို့ လိုအပ်နေပါတယ်။ ဒါမှမဟုတ်လို့ရှိရင် ဒါကြီးက အစဉ်အလာအတိုင်းပဲဖြစ်လာပြီးတော့ အစဉ်အလာအတိုင်းဖြစ်သွားပြီးတော့ ဖောက်မထွက်နိုင်ဘဲနဲ့ အရှက်နဲ့သိက္ခါစတေးခံရတဲ့အမျိုးသမီးတွေ ဆက်လက်ရှိနေမှာဖြစ်တဲ့အတွက် အစဉ်အလာကို ချိုးဖောက်ဖို့ လိုအပ်နေပါပြီ”ဟုလည်း ညီမျှခြင်းမြန်မာ၏ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက တိုက်တွန်းလိုက်သည်။

ကျား၊ မ ရေးရာတန်းတူညီမျှရေး ကွန်ရက်အဖွဲ့ဝင် အဖွဲ့တစ်ဖွဲ့မှ အကြီးအကဲ၏ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနှင့် ထိပါးနှောင့်ယှက်မှုရှိကြောင်း အမျိုးသမီးတစ်ဦးက ဇူလိုင်လ (၁၂)ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွင် စတင်ဖော်ထုတ်ရေးသား လိုက်ပြီးနောက် အဆိုပါအကြီးအကဲ၏ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှုနှင့် ထိပါးနှောင့်ယှက်မှုနှင့်ပတ်သက်၍ အခြားအမျိုးသမီးများ၏ ထုတ်ဖော် ရေးသားမှုများ ဆက်တိုက်ထွက်လာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~