မိဘများက နေအိမ်တံခါး မဖွင့်ပေး၍ဟုဆိုကာ သားဖြစ်သူမှ နေအိမ်မီးရှို့မှု တာချီလိတ်တွင် ဖြစ်ပွား

မိဘများက နေအိမ်တံခါး မဖွင့်ပေး၍ဟုဆိုကာ သားဖြစ်သူမှ နေအိမ်မီးရှို့မှု တာချီလိတ်တွင် ဖြစ်ပွား
ဇူလိုငျ 26, 2018
By Tachileik News Agency




အဆိုပါ ဖြစ်စဉ်ကြောင့် တာချီလိတ်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များနှင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့ရကြောင်း နှင့် တာချီလိတ်နာရေးကူညီမှုအသင်း အပါအ၀င် အနီးအနားနေပြည်သူများမှလည်း စုပေါင်း ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။


Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်းရှိ ငှက်ပျောတော ကျေးရွာတွင် မိဘများက နေအိမ်တံခါး ဖွင့်မပေး၍ ဟုဆိုကာ သားဖြစ်သူက နေအိမ်အား မီးရှို့လိုက်ရာမှ နေအိမ်တစ်လုံး မီးလောင်ဆုံးရှုံးသွားမှု ဇူလိုင်လ(၂၅)ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဇူလိုင်လ(၂၅)ရက်နေ့ ည(၁၁)နာရီ မထိုးမီက အဆိုပါ ရွာတွင် အသက်(၂၄)နှစ်ဝန်းကျင်ရှိ ဇာနည်ဆိုသူသည် အပြင်မှ ပြန်လာစဉ် အိမ်တံခါး ဖွင့်ပေးရန်ပြောသည့် အခါ၎င်း၏ ပထွေးဖြစ်သူ ဦးဇီးကို့မှ တံခါးမဖွင့်ပေးသည့်အတွက် နေအိမ်ခြံဝန်း အနောက်ပေါက်မှ ဝင်ရောက်သွားပြီး နေအိမ်တဲ၏ ဝါးကြမ်းခင်းအား ဖယောင်းတိုင်မီးဖြင့် ရှို့ရာမှ မီးလောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် တာချီလိတ်ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်များနှင့်တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ငြှိမ်းသတ်ခဲ့ရကြောင်း နှင့် တာချီလိတ်နာရေးကူညီမှုအသင်း အပါအဝင် အနီးအနားနပြေည်သူများမှလည်း စုပေါင်း ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်ကျွမ်းသွားမှုကြောင့် (၁၀x၂၀)ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း၊ မြေစိုက်အိမ်တစ်လုံး မီးလောင် ဆုံးရှုံးသွားခဲ့သည့် အတွက် အသက်(၂၄)နှစ်ရှိ ဇာနည်ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၄၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~