ဇူလိုင်လ၏ ရက်ပိုင်းကာလအတွင်း နိုင်ငံတော်သမ္မတရုံးအမိန့်အတု ဖြန့်ဝေမှုနှင့်အတူ သာသနာရေးဝန်ကြီးဌာန၏ facebook page အတုဖြင့် သတင်းမှား ဖြန့်ဝေမှုတွေရှိလာ

ဇူလိုင်လ၏ ရက်ပိုင်းကာလအတွင်း နိုင်ငံတော်သမ္မတရုံးအမိန့်အတု ဖြန့်ဝေမှုနှင့်အတူ သာသနာရေးဝန်ကြီးဌာန၏ facebook page အတုဖြင့် သတင်းမှား ဖြန့်ဝေမှုတွေရှိလာ
ဇူလိုင် 26, 2018
By Tachileik News Agency


“ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ သတင်းအချက်အလက်များကို တန်ဖိုးထားမြတ်နိုးကြသည့် နိုင်ငံသားများ အနေဖြင့် မိမိတို့ဌာနနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို Page အတု၊ သတင်းအတုများ ရေးသားကာ အားပေး အားမြှောက်ပြုနေကြသူများ၏ ဖြန့်ဝေနေသော မဟုတ်မမှန်ခြင်းများကို အားပေးခြင်း မပြုကြပါရန်နှင့် မဟုတ်မမှန်သည်ကို လက်မခံခြင်းဖြင့် မှန်ကန်သော သတင်း အချက် အလက်များအား ထိခိုက်မှုမဖြစ်စေရန် ၀ိုင်းဝန်းစောင့်ရှောက်ခြင်းအားဖြင့် Page အတု များအား ၀ိုင်းဝန်းဖယ်ရှား ပေးနိုင်ကြပါစေရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု သာသနာရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်တွင် ဖေါ်ပြထားသည်။

ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းက သာသနာရေးဝန်ကြီးဌာန၏ page အတုဖြင့် သတင်းမှား ဖြန့်ဝေခြင်းကို နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များကပါ ယုံကြည်ပြီး ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

သာသနာရေးဝန်ကြီးဌာန၏ facebook page အတုဖန်တီးပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် မဟုတ်မမှန်သော သတင်းအချက်အလက်များဖြင့် သတင်းအမှားများ ဖြန့်ဝေနေသဖြင့် သာသနာရေးဝန်ကြီးဌာနက ပြည်သူများထံ မေတ္တာရပ်ခံချက် ထုတ်ပြန်လာသည်ကို တွေ့ရသည်။

“ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ သတင်းအချက်အလက်များကို တန်ဖိုးထားမြတ်နိုးကြသည့် နိုင်ငံသားများ အနဖြေင့် မိမိတို့ဌာနနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များကို Page အတု၊ သတင်းအတုများ ရေးသားကာ အားပေး အားမြှောက်ပြုနကြေသူများ၏ ဖြန့်ဝေနေသော မဟုတ်မမှန်ခြင်းများကို အားပေးခြင်း မပြုကြပါရန်နှင့် မဟုတ်မမှန်သည်ကို လက်မခံခြင်းဖြင့် မှန်ကန်သော သတင်း အချက် အလက်များအား ထိခိုက်မှုမဖြစ်စေရန် ဝိုင်းဝန်းစောင့်ရှောက်ခြင်းအားဖြင့် Page အတု များအား ဝိုင်းဝန်းဖယ်ရှား ပေးနိုင်ကြပါစေရန် မေတ္တာရပ်ခံအပ်ပါသည်”ဟု သာသနာရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။

ဇူလိုင်လ (၂၆)ရက်နေ့ နံနက်ပိုင်းက သာသနာရေးဝန်ကြီးဌာန၏ page အတုဖြင့် သတင်းမှား ဖြန့်ဝခြေင်းကို နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များကပါ ယုံကြည်ပြီး ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။

အလားတူ ဇူလိုင်လ (၂၅)ရက်နေ့နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးအမိန့်အတုတစ်စောင်ဖြင့် ငွေစက္ကူများ တရားမဝင်ကြေညာမည်ဟု သတင်းမှားဖြန့်ဝေခဲ့သဖြင့် အဆိုပါ အမိန့်အတုအား စတင်ဖြန့်ဝေသူကို စုံစမ်းစိစစ်လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ရုံးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အသိပေးထားသည်ကို တွေ့ရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~