ကျိုင်းတုံမြို့နယ် ယန်းလူးရွာတွင် အရက်မူးပြီး ဓါးကိုင်ရမ်းကားနေသည့် လူငယ်အား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ

ကျိုင်းတုံမြို့နယ် ယန်းလူးရွာတွင် အရက်မူးပြီး ဓါးကိုင်ရမ်းကားနေသည့် လူငယ်အား ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူ
ဇူလိုင် 23, 2018
By Tachileik News Agency




ဓါတ်ပုံ -  ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ယန်းလူး (ရှမ်းရွာ)သွားလမ်းတွင် ဇူလိုင်လ(၂၂)ရက်နေ့ အကူးနံနက်(၁)နာရီ မထိုးမီအချိန်၌ အရက်မူးကာ သောင်းကျန်းနေသည့် လူငယ် တစ်ဦးအား ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ကင်းလှည့်နေစဉ် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၂)ရက်နေ့အကူး နံနက် (၁)နာရီ မထိုးမီအချိန်က ယန်းလူးရွာလမ်းတွင် အသက်(၂၀)အရွယ် လူငယ်တစ်ဦး အရက်မူးပြီး ဓားကိုင်ရမ်းကားနေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရက်မူးပြီး ဓားကိုင်ရမ်းကားနေသည့် ကျော်ထက်အောင် အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၂၄၃၊/၂၀၁၈၊ လက်နက်ပုဒ်မ ၁၉(င)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~