မယ္ဆုိင္ဂူထဲပိတ္မိေနဆဲ ေတာဝက္ေဘာလံုးအသင္းႏွင့္နည္းျပကို ကမၻာ့ဖလားေနာက္ဆံုးပြဲစဥ္တက္ရန္ ဖိတ္ၾကား

မယ္ဆုိင္ဂူထဲပိတ္မိေနဆဲ ေတာဝက္ေဘာလံုးအသင္းႏွင့္နည္းျပကို ကမၻာ့ဖလားေနာက္ဆံုးပြဲစဥ္တက္ရန္ ဖိတ္ၾကား
ဇူလိုင် 6, 2018
By 🌸
မယ္ဆိုင္ဂူထဲ ပိတ္မိေနဆဲျဖစ္သည့္ ေတာဝက္ေဘာလံုးအသင္းမွ ေဘာလံုးသမား(၁၂)ဦးႏွင့္ နည္းျပတို႔ကို ရုရွားႏုိင္ငံ၊ ေမာ္စကိုၿမိဳ႕၌ ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၁၅)ရက္ေန႔တြင္ က်င္းပမည့္ ကမၻာ့ဖလားဖိုင္နယ္ပြဲ တက္ေရာက္ရန္ ကမၻာ့ေဘာလံုးအဖြဲ႕ခ်ဳပ္က ဖိတ္ၾကားလိုက္ေၾကာင္း သိရသည္။

ဇူလိုင္လ(၅)ရက္ေန႔ရက္စြဲျဖင့္ အဆိုပါဖိတ္ၾကားလႊာကို ကမၻာ့ဖလားေဘာလံုးအဖြဲ႕ခ်ဳပ္ဥကၠဌက ထုိင္းႏုိင္ငံ ရဲခ်ဳပ္ထံေပးပို႔လုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာဝက္ေဘာလံုးအဖြဲ႕ႏွင့္နည္းျပတို႔ကို ကမၻာ့ဖလားေနာက္ဆံုးပြဲစဥ္အတြင္း ဧည့္သည္ေတာ္မ်ားအျဖစ္ တက္ေရာက္ႏုိင္ရန္ ေမွ်ာ္လင့္ေၾကာင္းကိုလည္း ေဖၚျပထားသည္။

ဇြန္လ(၂၃)ရက္ေန႔ကတည္းက မယ္ဆုိင္ဂူအတြင္း ပိတ္မိေနၾကသည့္ ေတာဝက္ေဘာလံုးအဖြဲ႕ကို (၁၀)ရက္အၾကာျဖစ္သည့္ ဇူလိုင္လ(၂)ရက္ေန႔၌  ကယ္ဆယ္ေရးအဖြဲ႕က  ျပန္ေတြ႔ခဲ့ၾကေသာ္လည္း ဇူလိုင္လ(၆)ရက္ေန႔အထိ ၎တို႔အား ဂူအျပင္ဘက္သို႔ ေခၚထုတ္ႏုိင္ရန္ ကယ္ဆယ္ေရးအဖြဲ႕မ်ားက နည္းလမ္းမ်ိဳးစုံျဖင့္ ႀကိဳးစားေနၾကဆဲျဖစ္သည္။

သတင္း Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူထဲပိတ်မိနေဆဲ တောဝက်ဘောလုံးအသင်းနှင့်နည်းပြကို ကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်တက်ရန် ဖိတ်ကြား
***************
မယ်ဆိုင်ဂူထဲ ပိတ်မိနေဆဲဖြစ်သည့် တောဝက်ဘောလုံးအသင်းမှ ဘောလုံးသမား(၁၂)ဦးနှင့် နည်းပြတို့ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဖိုင်နယ်ပွဲ တက်ရောက်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ဖိတ်ကြားလိုက်ကြောင်း သိရသည်။

ဇူလိုင်လ(၅)ရက်နေ့ရက်စွဲဖြင့် အဆိုပါဖိတ်ကြားလွှာကို ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ်ဥက္ကဌက ထိုင်းနိုင်ငံ ရဲချုပ်ထံပေးပို့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တောဝက်ဘောလုံးအဖွဲ့နှင့်နည်းပြတို့ကို ကမ္ဘာ့ဖလားနောက်ဆုံးပွဲစဉ်အတွင်း ဧည့်သည်တော်များအဖြစ် တက်ရောက်နိုင်ရန် မျှော်လင့်ကြောင်းကိုလည်း ဖေါ်ပြထားသည်။

ဇွန်လ(၂၃)ရက်နေ့ကတည်းက မယ်ဆိုင်ဂူအတွင်း ပိတ်မိနေကြသည့် တောဝက်ဘောလုံးအဖွဲ့ကို (၁၀)ရက်အကြာဖြစ်သည့် ဇူလိုင်လ(၂)ရက်နေ့၌  ကယ်ဆယ်ရေးအဖွဲ့က  ပြန်တွေ့ခဲ့ကြသော်လည်း ဇူလိုင်လ(၆)ရက်နေ့အထိ ၎င်းတို့အား ဂူအပြင်ဘက်သို့ ခေါ်ထုတ်နိုင်ရန် ကယ်ဆယ်ရေးအဖွဲ့များက နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေကြဆဲဖြစ်သည်။

သတင်း Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~