က်ဳိင္းတံုႏွင့္တာခ်ီလိတ္ခရိုင္အတြင္း သြားႏွင့္ခံတြင္းေရာဂါ အခမဲ့ ကြင္းဆင္း ကုသေပးေန

က်ဳိင္းတံုႏွင့္တာခ်ီလိတ္ခရိုင္အတြင္း သြားႏွင့္ခံတြင္းေရာဂါ အခမဲ့ ကြင္းဆင္း ကုသေပးေန
ဇူလိုင် 31, 2018
By Tachileik News Agency

ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆိုင္ရာ ေဆးေကာင္စီက ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ဳိင္းတံုခရုိင္ ႏွင့္ တာခ်ီလိတ္ခရိုင္အတြင္း မဖြံ႕ၿဖိဳးေသးေသာ ေက်းရြာမ်ားတြင္ သြားႏွင့္ခံတြင္းဆိုင္ရာ ေရာဂါအခမဲ့ ကုသေပးျခင္းအား ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၃၁)ရက္ေန႕မွ ၾသဂုတ္လ (၈)ရက္ေန႔အထိ ကြင္းဆင္းကုသေပးေနေၾကာင္း သိရသည္။

အဆိုပါ ကုသေရးအဖြဲ႕သည္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ရိွ မိုင္းခြန္တိုက္နယ္၌ ဇူလိုင္လ (၃၁)ရက္ႏွင့္ ၾသဂုတ္လ(၁)ရက္ေန႔မ်ားတြင္ လည္းေကာင္း၊ မိုင္းေယာင္းၿမိဳ႕၌ ၾသဂုတ္လ(၃)ရက္ႏွင့္ (၄)ရက္ေန႔မ်ားတြင္ လည္းေကာင္း၊ မိုင္းလင္း၌ ၾသဂုတ္လ(၆)ရက္ႏွင့္ (၇)ရက္ေန႔မ်ားတြင္ လည္းေကာင္း၊ က်ိဳင္းလပ္ၿမိဳ႕၌ ၾသဂုတ္လ(၈)ရက္ေန႔တြင္ လည္းေကာင္း ကုသေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆိုင္ရာေဆးေကာင္စီက သြားဆရာ၀န္ေတြနဲ႔ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္က သြားဆရာ၀န္ေတြ၊ သြားတုကၽြမ္းက်င္သူေတြ အဓိက ပါ၀င္ပါတယ္။ သူတို႔က ဒီရွမ္းအေရွ႕က မဖြြံ႕ၿဖိဳးေသးတဲ့ ေဒသေတြက တိုင္းရင္းသားေတြအတြက္ အဓိကထားၿပီး လာခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ပထမေန႔ ေဆးကုသမႈအေနနဲ႔ မိုင္းခြန္မွာ လုပ္ခဲ့ပါတယ္။ နက္ျဖန္လည္း ဒီမွာပဲ ဆက္ကုပါမယ္။ သူတို႔က သြားနဲ႔ပတ္သက္တဲ့ ေရာဂါေတြ အကုန္ကုေပးပါတယ္။ သြားတစ္ေခ်ာင္းမွ မရိွတဲ့ သူေတြကိုလည္း အံကတ္ေတြ လုပ္ေပးပါတယ္"ဟု က်ိဳင္းတုံၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ၀ဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၏ လမ္းညႊန္မႈျဖင့္ ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆိုင္ရာေဆးေကာင္စီမွ သြားႏွင့္ခံတြင္း အထူးကုဆရာ၀န္ႀကီးမ်ား၊ သြားတုကၽြမ္းက်င္သူမ်ား စုစုေပါင္း (၄၄)ဦးပါဝင္ေသာအဖြဲ႕က ဇူလုိင္လ(၃၁)ရက္ေန႔တြင္ မုိင္းခြန္ေက်းရြာအုပ္စုရိွ ပန္လီရြာတြင္ စတင္ကုသေပးေနေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - Kyaw Thi Ha


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်း မဖွံ့ဖြိုးသေးသော ကျေးရွာများတွင် သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါအခမဲ့ ကုသပေးခြင်းအား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့မှ သြဂုတ်လ (၈)ရက်နေ့အထိ ကွင်းဆင်းကုသပေးနေကြောင်း သိရသည်။

အဆိုပါ ကုသရေးအဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ မိုင်းခွန်တိုက်နယ်၌ ဇူလိုင်လ (၃၁)ရက်နှင့် သြဂုတ်လ(၁)ရက်နေ့များတွင် လည်းကောင်း၊ မိုင်းယောင်းမြို့၌ သြဂုတ်လ(၃)ရက်နှင့် (၄)ရက်နေ့များတွင် လည်းကောင်း၊ မိုင်းလင်း၌ သြဂုတ်လ(၆)ရက်နှင့် (၇)ရက်နေ့များတွင် လည်းကောင်း၊ ကျိုင်းလပ်မြို့၌ သြဂုတ်လ(၈)ရက်နေ့တွင် လည်းကောင်း ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီက သွားဆရာဝန်တွေနဲ့ ရန်ကုန်၊ မန္တလေး၊ နပြေည်တော်က သွားဆရာဝန်တွေ၊ သွားတုကျွမ်းကျင်သူတွေ အဓိက ပါဝင်ပါတယ်။ သူတို့က ဒီရှမ်းအရှေ့က မဖွံ့ဖြိုးသေးတဲ့ ဒေသတွေက တိုင်းရင်းသားတွေအတွက် အဓိကထားပြီး လာခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပထမနေ့ ဆေးကုသမှုအနေနဲ့ မိုင်းခွန်မှာ လုပ်ခဲ့ပါတယ်။ နက်ဖြန်လည်း ဒီမှာပဲ ဆက်ကုပါမယ်။ သူတို့က သွားနဲ့ပတ်သက်တဲ့ ရောဂါတွေ အကုန်ကုပေးပါတယ်။ သွားတစ်ချောင်းမှ မရှိတဲ့ သူတွေကိုလည်း အံကတ်တွေ လုပ်ပေးပါတယ်"ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာဆေးကောင်စီမှ သွားနှင့်ခံတွင်း အထူးကုဆရာဝန်ကြီးများ၊ သွားတုကျွမ်းကျင်သူများ စုစုပေါင်း (၄၄)ဦးပါဝင်သောအဖွဲ့က ဇူလိုင်လ(၃၁)ရက်နေ့တွင် မိုင်းခွန်ကျေးရွာအုပ်စုရှိ ပန်လီရွာတွင် စတင်ကုသပေးနေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - Kyaw Thi Ha

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~