တာချီလိတ်မြို့ အမှတ်(၂)တံတားမှ စ၍ မိုင်းကိုး နှင့် မိုင်းဖုန်းကျေးရွာအုပ်စုများအထိ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်တစ်ပိုင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်
တာချီလိတ်မြို့ အမှတ်(၂)တံတားမှ စ၍ မိုင်းကိုး နှင့် မိုင်းဖုန်းကျေးရွာအုပ်စုများအထိ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်တစ်ပိုင်း လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်
ဇူလိုငျ 19, 2018
By Tachileik News Agency
တာချီလိတ်မြို့အား လျှပ်စစ်မီးပေးဝေနေမှု အဖြစ် မြို့မီးလင်းရေးရုံး နှင့် မြို့မီးလင်းရေးရုံးခွဲတို့မှ တာဝန်ခွဲ၍ ပေးဝေနေခြင်း ဖြစ်ပြီး လျှပ်စစ်မီး ဖြတ်တောက်မှုများနှင့် ပတ်သက်၍ လျှပ်စစ်မီးပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်း ခုတ်ထွင်ခြင်းများတွင် လျှပ်စစ်မီးဖြတ်တောက်ရန် ကြိုတင်၍ အသိပေးနိုင်သော်လည်း ဓါတ်တိုင်အား ယာဉ်တိုက်မှု အပါအ၀င် သဘောဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် လျှပ်စစ်မီးပြတ်တောက်မှုများကိုတော့ ကြိုတင်အသိပေးနိုင်ခြင်း ရှိမည်မဟုတ်ကြောင်း မီးလင်းရေးနှစ်ရုံးမှ သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
လျှပ်စစ်လုပ်ငန်းနှင့် ပတ်သက်၍ ပါဝါကာဗာကြိုးများ လဲလှယ် တပ်ဆင်ရန်ရှိသည့်အတွက် တာချီလိတ်မြို့ပြင် ရပ်ကွက်နှင့် ကျေးရွာများ အထိ လျှပ်စစ်မီး နံနက်တစ်ပိုင်း ခေတ္တ ဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးခွဲထံက သိရသည်။
"နက်ဖြန် တံတား(၂)ကနေ ဝမ်ပုံ၊ မိုင်းကိုးအထိ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ မီးပျက်မှာပါ။ ကြိုးတွေ ပေါက်ကုန်လို့ ပါဝါကာဗာကြိုးလဲဖို့ပါ"ဟု တာချီလိတ် မီးလင်းရေး(ရုံးခွဲ)( တောဝမီးစက်ဝန်း အတွင်းရှိ ရုံး)မှ ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုဟိန်းကိုက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။
၂၀၁၈ခုနှစ် ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စ၍ ရန်အောင်မြေရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက် အပါအဝင် မြို့ပြင် မိုင်းကိုးကျေးရွာအုပ်စု(ရန်ရှင်း) နှင့် မိုင်းဖုန်းကျေးရွာအုပ်စု(ဝမ်ပုံ)တို့အထိ လျှပ်စစ်မီး ဖြတ်တောက်မည်ဖြစ်သည်။
တာချီလိတ်မြို့အား လျှပ်စစ်မီးပေးေဝနေမှု အဖြစ် မြို့မီးလင်းရေးရုံး နှင့် မြို့မီးလင်းရေးရုံးခွဲတို့မှ တာဝန်ခွဲ၍ ပေးေဝနခြေင်း ဖြစ်ပြီး လျှပ်စစ်မီး ဖြတ်တောက်မှုများနှင့် ပတ်သက်၍ လျှပ်စစ်မီးပြုပြင်ခြင်း၊ သစ်ပင်သစ်ကိုင်း ခုတ်ထွင်ခြင်းများတွင် လျှပ်စစ်မီးဖြတ်တောက်ရန် ကြိုတင်၍ အသိပေးနိုင်သော်လည်း ဓာတ်တိုင်အား ယာဉ်တိုက်မှု အပါအဝင် သဘောဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် လျှပ်စစ်မီးပြတ်တောက်မှုများကိုတော့ ကြိုတင်အသိပေးနိုင်ခြင်း ရှိမည်မဟုတ်ကြောင်း မီးလင်းရေးနှစ်ရုံးမှ သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~