မယ္ဆိုင္ဂူထဲက ပထမဆံုး ထြက္လာသည့္ ဒြန္က နည္းျပရဲ႕ ကူညီေပးမႈကို သူ႔အေဖအား ေျပာျပ

မယ္ဆိုင္ဂူထဲက ပထမဆံုး ထြက္လာသည့္ ဒြန္က နည္းျပရဲ႕ ကူညီေပးမႈကို သူ႔အေဖအား ေျပာျပ
ဇူလိုင် 13, 2018
By Tachileik News Agency

ထမ့္လြမ္ဂူအတြင္းမွ ပထမဆံုး ထြက္လာသူျဖစ္သည့္ အသက္ (၁၃)ႏွစ္အရြယ္ ဒြန္က ၎၏ ဖခင္အား ၎တို႔ ဂူအတြင္း ပိတ္မိခဲ့သည့္ျဖစ္စဥ္ႏွင့္ ပိတ္မိေနစဥ္ ကာလအတြင္း နည္းျပ အုိက္က ကူညီခဲ့ပံုမ်ားကို ျပန္လည္ ေျပာျပေၾကာင္း သိရသည္။

ေဘာလံုးကန္ေလ့က်င့္အၿပီး ဂူအတြင္း တစ္နာရီခန္႔သာ ေနမည္ဟုဆိုကာ သြားခဲ့ၾကျခင္းျဖစ္သျဖင့္ မုန္႔မ်ားမ်ား ပါမသြားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ရုတ္တရက္မိုးရြာလာခဲ့ၿပီး ဂူအတြင္းေရမ်ားဝင္လာရာ ရႊံ႕မ်ား၊ ေရမ်ားၾကားမွ ဂူအတြင္းပိုင္းသို႔ အျမန္ေျပးဝင္ခဲ့ၾကရၿပီး နည္းျပကရွာေတြ႔ထားသည့္ ေရလြတ္ႏုိင္သည့္ေနရာသို႔ ေျပးတက္ခဲ့ၾကရေၾကာင္း သိရသည္။

“သူတုိ႔ ပိတ္မိေနခ်ိန္မွာ အခ်ိန္ဘယ္ေလာက္ ကုန္သြားမွန္းမသိဘူး။ စိတ္သက္သာေအာင္ အခ်င္းခ်င္း စကားေျပာေနခဲ့ၾကတယ္။ သူတို႔ကို ေတြ႔တဲ့ ေနရာထက္ ျမင့္ရာမွာရိွေနတာ။ ၿဗိတိန္ ေရငုပ္သမားေတြ႕တဲ့ ေနရာက သူတို႔ အကူအညီေတာင္းဖို႔ ေျပးဆင္းလာၾကတာတဲ့”ဟု ဒြန္၏ ဖခင္က ျပန္ေျပာျပျခင္းျဖစ္သည္။

လက္ရိွတြင္ သီးသန္႔ခန္း၌ ထားသည့္ ကေလးမ်ားထံ မိသားစုမ်ားအား ပိုးသတ္ဝတ္စံုမ်ားျဖင့္ (၂)မီတာ အကြာမွ ေတြ႕ဆံုခြင့္ေပးထားၿပီျဖစ္ေၾကာင္း သိရသည္။

နည္းျပအုိက္က အားလံုးကို ၿငိမ္ၿငိမ္သက္သက္ လဲေလ်ာင္းေနၾကရန္ ေျပာၾကားခဲ့ၿပီး ေရဆာလာခ်ိန္တြင္ ပါလာသည့္ ဓာတ္မီးျဖင့္ အမိုးမွ ေရက်ရာေနရာကို ရွာေဖြခဲ့ၾကေၾကာင္းသိရသည္။

ေရငုပ္သမားမ်ားက ဇူလိုင္လ(၆)ရက္ေန႔တြင္ ဂူအတြင္းမွ ကေလးမ်ားထံမွ မိဘမ်ားထံ စာဆက္သြယ္ ေပးပို႔ခဲ့ရာတြင္ ဒြန္က “ကၽြန္ေတာ္အဆင္ေျပပါတယ္။ နည္းနည္းေတာ့ ေအးတယ္ ဒါေပမဲ့ စိတ္မပူပါနဲ႕။ ကၽြန္ေတာ့္ေမြးေန႔လည္း မေမ့နဲ႔ေနာ္”ဟု ေရးသားေပးပို႔ခဲ့သူျဖစ္သည္။

ကေလးမ်ားအား ကယ္ဆယ္ရင္း ေသဆံုးသြားခဲ့သည့္ ေရတပ္ တပ္ဖြဲ႔၀င္ေဟာင္း တစ္ဦးျဖစ္သူ ဆာမန္ခူနန္ အတြက္ ရည္စူးၿပီး ဒြန္က်န္းမာေရးေကာင္းလာပါက ကိုရင္ဝတ္ခုိင္းမည္ဟု ဒြန္၏ အဖြားျဖစ္သူက ဆိုသည္။

“သူေကာင္းရာ မြန္ရာ ေရာက္မွာပါ။ သူ႔မိသားစုအတြက္ အရမ္းဝမ္းနည္းရတယ္။ ဒြန္ကို သတိၱိရိွတဲ့ ရဲရင့္တဲ့ ကေလးတစ္ေယာက္ ျဖစ္လာေအာင္ သင္ျပေပးရမယ္။ တစ္ကမၻာလံုးက သူတုိ႔ကိုကယ္ဖို႔ ကူညီထားၾကတယ္။ သူတုိ႔ေက်းဇူးျပန္ဆပ္ရမွာေပါ့။ ေရတပ္အထူးအဖြဲ႕ေတြ၊ ေရစုပ္ထုတ္ေပးသူေတြ၊ သတင္းသမားေတြ ဘယ္လိုမ်ား ကြ်န္မတို႔ ေက်းဇူးဆပ္ႏုိင္ပါ့မလဲ”ဟု ဒြန္၏အဖြားကဆုိသည္။

ဒြန္၏ေမြးေန႔မွာ ဇူလုိင္လ(၃)ရက္ေန႔ ျဖစ္ေသာ္လည္း ေမြးေန႔ပြဲ ျပန္လည္က်င္းေပေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

(၄)ကီလိုဂရမ္ ၀န္းက်င္ ကိုယ္အေလးခ်ိန္ေလ်ာ့က်သြားခဲ့သည့္ ဒြန္က ဝက္သားကင္ႏွင့္ေခါက္ဆြဲေကၽြးရန္ ႏွင့္ ဂူထဲတြင္ ဖုန္းက်န္ခဲ့သျဖင့္ အသစ္တစ္လံုးဝယ္ေပးရန္ ဖခင္အား ပူဆာထားသည္ဟု ဆိုသည္။

 Tachileik News Agency
Ref; khaosodenglishqq

~~~~~~~~⊰❂ unicode ~~~~~~~~

ထမ့်လွမ်ဂူအတွင်းမှ ပထမဆုံး ထွက်လာသူဖြစ်သည့် အသက် (၁၃)နှစ်အရွယ် ဒွန်က၎င်း၏ ဖခင်အား၎င်းတို့ ဂူအတွင်း ပိတ်မိခဲ့သည့်ဖြစ်စဉ်နှင့် ပိတ်မိနေစဉ် ကာလအတွင်း နည်းပြ အိုက်က ကူညီခဲ့ပုံများကို ပြန်လည် ပြောပြကြောင်း သိရသည်။

ဘောလုံးကန်လေ့ကျင့်အပြီး ဂူအတွင်း တစ်နာရီခန့်သာ နေမည်ဟုဆိုကာ သွားခဲ့ကြခြင်းဖြစ်သဖြင့် မုန့်များများ ပါမသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ရုတ်တရက်မိုးရွာလာခဲ့ပြီး ဂူအတွင်းရေများဝင်လာရာ ရွှံ့များ၊ ရေများကြားမှ ဂူအတွင်းပိုင်းသို့ အမြန်ပြေးဝင်ခဲ့ကြရပြီး နည်းပြကရှာတွေ့ထားသည့် ရေလွတ်နိုင်သည့်နေရာသို့ ပြေးတက်ခဲ့ကြရကြောင်း သိရသည်။

“သူတို့ ပိတ်မိနေချိန်မှာ အချိန်ဘယ်လောက် ကုန်သွားမှန်းမသိဘူး။ စိတ်သက်သာအောင် အချင်းချင်း စကားပြောနေခဲ့ကြတယ်။ သူတို့ကို တွေ့တဲ့ နေရာထက် မြင့်ရာမှာရှိနေတာ။ ဗြိတိန် ရေငုပ်သမားတွေ့တဲ့ နေရာက သူတို့ အကူအညီတောင်းဖို့ ပြေးဆင်းလာကြတာတဲ့”ဟု ဒွန်၏ ဖခင်က ပြန်ပြောပြခြင်းဖြစ်သည်။

လက်ရှိတွင် သီးသန့်ခန်း၌ ထားသည့် ကလေးများထံ မိသားစုများအား ပိုးသတ်ဝတ်စုံများဖြင့် (၂)မီတာ အကွာမှ တွေ့ဆုံခွင့်ပေးထားပြီဖြစ်ကြောင်း သိရသည်။

နည်းပြအိုက်က အားလုံးကို ငြိမ်ငြိမ်သက်သက် လဲလျောင်းနကြေရန် ပြောကြားခဲ့ပြီး ရေဆာလာချိန်တွင် ပါလာသည့် ဓာတ်မီးဖြင့် အမိုးမှ ရေကျရာနေရာကို ရှာဖွေခဲ့ကြကြောင်းသိရသည်။

ရေငုပ်သမားများက ဇူလိုင်လ(၆)ရက်နေ့တွင် ဂူအတွင်းမှ ကလေးများထံမှ မိဘများထံ စာဆက်သွယ် ပေးပို့ခဲ့ရာတွင် ဒွန်က “ကျွန်တော်အဆင်ပြေပါတယ်။ နည်းနည်းတော့ အေးတယ် ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျွန်တော့်မွေးနေ့လည်း မမေ့နဲ့နော်”ဟု ရေးသားပေးပို့ခဲ့သူဖြစ်သည်။

ကလေးများအား ကယ်ဆယ်ရင်း သေဆုံးသွားခဲ့သည့် ရေတပ် တပ်ဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်သူ ဆာမန်ခူနန် အတွက် ရည်စူးပြီး ဒွန်ကျန်းမာရေးကောင်းလာပါက ကိုရင်ဝတ်ခိုင်းမည်ဟု ဒွန်၏ အဖွားဖြစ်သူက ဆိုသည်။

“သူကောင်းရာ မွန်ရာ ရောက်မှာပါ။ သူ့မိသားစုအတွက် အရမ်းဝမ်းနည်းရတယ်။ ဒွန်ကို သတိ္တိရှိတဲ့ ရဲရင့်တဲ့ ကလေးတစ်ယောက် ဖြစ်လာအောင် သင်ပြပေးရမယ်။ တစ်ကမ္ဘာလုံးက သူတို့ကိုကယ်ဖို့ ကူညီထားကြတယ်။ သူတို့ကျေးဇူးပြန်ဆပ်ရမှာပေါ့။ ရေတပ်အထူးအဖွဲ့တွေ၊ ရေစုပ်ထုတ်ပေးသူတွေ၊ သတင်းသမားတွေ ဘယ်လိုများ ကျွန်မတို့ ကျေးဇူးဆပ်နိုင်ပါ့မလဲ”ဟု ဒွန်၏အဖွားကဆိုသည်။

ဒွန်၏မွေးနေ့မှာ ဇူလိုင်လ(၃)ရက်နေ့ ဖြစ်သော်လည်း မွေးနေ့ပွဲ ပြန်လည်ကျင်းပေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၄)ကီလိုဂရမ် ဝန်းကျင် ကိုယ်အလေးချိန်လျော့ကျသွားခဲ့သည့် ဒွန်က ဝက်သားကင်နှင့်ခေါက်ဆွဲကျွေးရန် နှင့် ဂူထဲတွင် ဖုန်းကျန်ခဲ့သဖြင့် အသစ်တစ်လုံးဝယ်ပေးရန် ဖခင်အား ပူဆာထားသည်ဟု ဆိုသည်။

 Tachileik News Agency
Ref; khaosodenglishqq

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~