တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္း မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ
ဇူလိုင် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဘိန္းျဖဴ (၂.၅)ဂရမ္ႏွင့္အတူ လူငယ္တစ္ဦးအား စစ္ေဆးေတြ႔ရၿပီး မူးယစ္သတင္းအရ ရွာေဖြသည့္ေနအိမ္မွ ဘိန္းျဖဴ(၁၀)ဂရမ္ႏွင့္ စိတ္ၾကြေဆးျပား (၁၇၈)ျပားတို႔ကို ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၁၃)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ လြယ္ေတာ္ခမ္း ပူးေပါင္းစစ္ေဆးေရးဂိတ္ အနီး ေခ်ာင္းကူးတံတားတြင္ နံနက္(၁၁)နာရီခြဲဝန္းက်င္က ပါေကြ႕ရြာဘက္မွ တာခ်ီလိတ္ဘက္သို႔ ဆိုင္ကယ္တကၠစီႏွင့္လိုက္ပါလာသည့္ အားန(ခ)အားစိုးအား ရွာေဖြရာ ဘိန္းျဖဴ (၂.၅)ဂရမ္ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ ေန႔လယ္(၂)နာရီဝန္းက်င္တြင္ လြယ္ေတာ္ခမ္းအုပ္စု၊ ပါေကြ႕(အေပၚ)ရြာရိွ အားစူ၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ဘိန္းျဖဴ(၁၀)ဂရမ္ႏွင့္ စိတ္ၾကြေဆးျပား (၁၇၈)ျပားတို႔ကို သိမ္းဆည္း ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူမ်ားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားရာ အားန(ခ)အားစိုးအား မယ(ပ) ၅၈/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၆(၈)အရလည္းေကာင္း၊ အားစူအား မယ(ပ) ၅၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရလည္းေကာင္းအမႈဖြင့္ထားေၾကာင္းသိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဘိန်းဖြူ (၂.၅)ဂရမ်နှင့်အတူ လူငယ်တစ်ဦးအား စစ်ဆေးတွေ့ရပြီး မူးယစ်သတင်းအရ ရှာဖွေသည့်နေအိမ်မှ ဘိန်းဖြူ(၁၀)ဂရမ်နှင့် စိတ်ကြွဆေးပြား (၁၇၈)ပြားတို့ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ် အနီး ချောင်းကူးတံတားတွင် နံနက်(၁၁)နာရီခွဲဝန်းကျင်က ပါကွေ့ရွာဘက်မှ တာချီလိတ်ဘက်သို့ ဆိုင်ကယ်တက္ကစီနှင့်လိုက်ပါလာသည့် အားန(ခ)အားစိုးအား ရှာဖွေရာ ဘိန်းဖြူ (၂.၅)ဂရမ်ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် နေ့လယ်(၂)နာရီဝန်းကျင်တွင် လွယ်တော်ခမ်းအုပ်စု၊ ပါကွေ့(အပေါ်)ရွာရှိ အားစူ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူ(၁၀)ဂရမ်နှင့် စိတ်ကြွဆေးပြား (၁၇၈)ပြားတို့ကို သိမ်းဆည်း ရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသူများအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားရာ အားန(ခ)အားစိုးအား မယ(ပ) ၅၈/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၆(၈)အရလည်းကောင်း၊ အားစူအား မယ(ပ) ၅၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရလည်းကောင်းအမှုဖွင့်ထားကြောင်းသိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့ 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~