အေမရိကန္ျပည္ေထာင္စု ဘရြတ္ကလင္းတြင္ သူနာျပဳ ျမန္မာအမ်ဳိးသမီးတစ္ဦး သတ္ခံရ

အေမရိကန္ျပည္ေထာင္စု ဘရြတ္ကလင္းတြင္ သူနာျပဳ ျမန္မာအမ်ဳိးသမီးတစ္ဦး သတ္ခံရ
ဇူလိုင် 22, 2018
By Tachileik News Agency

အေမရိကန္ျပည္ေထာင္စု ဘရြတ္ကလင္းတြင္ အိပ္ခန္းအတြင္း ဗီရိုထဲတြင္ေတြ႔ရသည့္ အမ်ိဳးသမီး အေလာင္းမွာ ျမန္မာအမ်ိဳးသမီးျဖစ္ေၾကာင္း အတည္ျပဳထားၿပီး အသတ္ခံရမႈႏွင့္ ပတ္သက္၍ စံုစမ္း စစ္ေဆးေနဆဲျဖစ္ေၾကာင္း New York Daily News သတင္း ေဖၚျပခ်က္အရ သိရသည္။

သူနာျပဳတစ္ဦးျဖစ္သည့္ အသက္(၅၈)ႏွစ္အရြယ္ ေဒၚၾကည္မာသိန္းအား သတ္ၿပီး အိပ္ရာခင္းျဖင့္ပတ္ကာ အိပ္ခန္းအတြင္းရိွ အဝတ္ဗီရို အတြင္းထည့္ထားသည္ကို ေပ်ာက္ဆံုးေနၿပီး (၃)ရက္ေျမာက္ေန႔ ဇူလုိင္လ(၂၁)ရက္ေန႔ နံနက္(၇)နာရီတြင္ ရဲတပ္ဖြဲ႕က ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚၾကည္မာသိန္းသည္ ဇူလိုင္လ (၁၈)ရက္ေန႔ညကတည္းက သူမအလုပ္လုပ္ရာ SUNY Downstate Medical Center သို႔လာခဲ့ျခင္း မရိွေတာ့ဘဲ ေပ်ာက္ဆံုးေနခဲ့သျဖင့္ (၃)ရက္ေျမာက္ေန႔တြင္ အလုပ္မွ မိတ္ေဆြတစ္ဦးက အိမ္သို႔ လိုက္သြားရာမွ အိပ္ခန္းအတြင္းအေလာင္းကို ေတြ႔ရ၍ ရဲတပ္ဖြဲ႕ထံ အေၾကာင္းၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အိမ္ခန္းအတြင္း ရုန္းရင္းဆန္ခတ္ျဖစ္ထားသည့္ လကၡဏာမ်ားကို မေတြ႔ရေၾကာင္း ရဲတပ္ဖြဲ႕က ဆုိသည္။
ေဒၚၾကည္မာသိန္းေနအိမ္တြင္ လြန္ခဲ့သည့္(၂)လခန္႔ကတည္းက ေနထုိင္ခြင့္ျပဳထားသည့္ အသက္(၂၃)ႏွစ္အရြယ္ လုပ္ေဖၚကိုင္ဖက္အမ်ိဳးသမီးတစ္ဦးမွာလည္း ေပ်ာက္ဆံုးေနေၾကာင္း သိရသည္။
ရဲတပ္ဖြဲ႕က အဆုိပါလူသတ္မႈအား စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; nydailynews


~~~~~~~~⊰❂ unicode ~~~~~~~~

အမေရိကန်ပြည်ထောင်စု ဘရွတ်ကလင်းတွင် အိပ်ခန်းအတွင်း ဗီရိုထဲတွင်တွေ့ရသည့် အမျိုးသမီး အလောင်းမှာ မြန်မာအမျိုးသမီးဖြစ်ကြောင်း အတည်ပြုထားပြီး အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း New York Daily News သတင်း ဖော်ပြချက်အရ သိရသည်။

သူနာပြုတစ်ဦးဖြစ်သည့် အသက်(၅၈)နှစ်အရွယ် ဒေါ်ကြည်မာသိန်းအား သတ်ပြီး အိပ်ရာခင်းဖြင့်ပတ်ကာ အိပ်ခန်းအတွင်းရှိ အဝတ်ဗီရို အတွင်းထည့်ထားသည်ကို ပျောက်ဆုံးနပြေီး (၃)ရက်မြောက်နေ့ ဇူလိုင်လ(၂၁)ရက်နေ့ နံနက်(၇)နာရီတွင် ရဲတပ်ဖွဲ့က တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်ကြည်မာသိန်းသည် ဇူလိုင်လ (၁၈)ရက်နေ့ညကတည်းက သူမအလုပ်လုပ်ရာ SUNY Downstate Medical Center သို့လာခဲ့ခြင်း မရှိတော့ဘဲ ပျောက်ဆုံးနေခဲ့သဖြင့် (၃)ရက်မြောက်နေ့တွင် အလုပ်မှ မိတ်ဆွေတစ်ဦးက အိမ်သို့ လိုက်သွားရာမှ အိပ်ခန်းအတွင်းအလောင်းကို တွေ့ရ၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိမ်ခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ထားသည့်လက္ခဏာများကို မတွေ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ဒေါ်ကြည်မာသိန်းနေအိမ်တွင် လွန်ခဲ့သည့်(၂)လခန့်ကတည်းက နေထိုင်ခွင့်ပြုထားသည့် အသက်(၂၃)နှစ်အရွယ် လုပ်ဖော်ကိုင်ဖက်အမျိုးသမီးတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အဆိုပါလူသတ်မှုအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; nydailynews

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~