တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ လိုင္စင္ပါသည့္ ဆိုင္ကယ္တစ္စီး ခိုးခံရ

တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္တြင္ လိုင္စင္ပါသည့္ ဆိုင္ကယ္တစ္စီး ခိုးခံရ
ဇူလိုင် 30, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ ပိေတာက္လမ္းရိွ ေနအိမ္အခန္းငွားတြင္ ဆိုင္ကယ္တစ္စီး ခိုးခံရသည့္အတြက္ ရဲစခန္းတြင္ အမႈဖြင့္ထားၿပီး ရဲတပ္ဖြဲ႔မွ စံုစမ္းရွာေဖြေနေၾကာင္း သိရသည္။

ခိုးယူခံရသည့္ ေမာ္ေတာ္ဆိုင္ကယ္ အမ်ဳိးအစားမွာ အျပာနက္ မီးခိုးေရာင္ Honda Wave 110 အမ်ဳိးအစား ျဖစ္ၿပီး ဆိုင္ကယ္ နံပါတ္ ၂၁ယ/ ၆၇၁၈၂ တပ္ဆင္ထားကာ ကညနတြင္ လိုင္စင္ ေဆာင္ထားသည့္ ဆိုင္ကယ္ ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္ခိုးခံရမႈႏွင့္ ပတ္သက္၍  တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္ ပိေတာက္လမ္းရိွ  ေနအိမ္ခန္းငွား၏ ေအာက္ထပ္တြင္ ဆိုင္ကယ္ပိုင္ရွင္ျဖစ္သူ ကိုျမင့္ျမတ္ေက်ာ္သည္ အဆိုပါ ဆိုင္ကယ္အား ရပ္တန္႔ ထားခဲ့ကာ အိပ္ယာ၀င္ခဲ့ၿပီး ဇူလိုင္လ(၃၀)ရက္ေန႔ နံနက္(၈)နာရီအခ်ိန္တြင္ အိပ္ယာမွထ၍ ဆိုင္ကယ္အား ၾကည့္ရာ ဆိုင္ကယ္မွာ ရပ္ထားသည့္ ေနရာတြင္ မရွိေတာ့သည့္ အတြက္ ေပ်ာက္ဆံုးေနသည္ကို သိရွိရ၍ ရဲတပ္ဖြဲ႕ထံ တိုင္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိ္ုပါ ဆုိင္ကယ္ေပ်ာက္ဆံုးမႈႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၅၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀ (ဆုိင္ကယ္)ျဖင့္ အမႈဖြင့္ စံုစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် ပိတောက်လမ်းရှိ နေအိမ်အခန်းငှါးတွင် ဆိုင်ကယ်တစ်စီး ခိုးခံရသည့်အတွက် ရဲစခန်းတွင် အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့မှ စုံစမ်းရှာဖွေနေကြောင်း သိရသည်။

ခိုးယူခံရသည့် မော်တော်ဆိုင်ကယ် အမျိုးအစားမှာ အပြာနက် မီးခိုးရောင် Honda Wave 110 အမျိုးအစား ဖြစ်ပြီး ဆိုင်ကယ် နံပါတ် ၂၁ယ/ ၆၇၁၈၂ တပ်ဆင်ထားကာ ကညနတွင် လိုင်စင် ဆောင်ထားသည့် ဆိုင်ကယ် ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ခိုးခံရမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက် ပိတောက်လမ်းရှိ နေအိမ်ခန်းငှါး၏ အောက်ထပ်တွင် ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ ကိုမြင့်မြတ်ကျော်သည် အဆိုပါ ဆိုင်ကယ်အား ရပ်တန့် ထားခဲ့ကာ အိပ်ယာဝင်ခဲ့ပြီး ဇူလိုင်လ(၃၀)ရက်နေ့ နံနက်(၈)နာရီအချိန်တွင် အိပ်ယာမှထ၍ ဆိုင်ကယ်အား ကြည့်ရာ ဆိုင်ကယ်မှာ ရပ်ထားသည့် နေရာတွင် မရှိတော့သည့် အတွက် ပျောက်ဆုံးနေသည်ကို သိရှိရ၍ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

အဆို်ပါ ဆိုင်ကယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ (ဆိုင်ကယ်)ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~