ခိုးယူလာသည်ဟု သံသယရှိသည့် ပရိုဘောက်စ်မော်တော်ယာဉ်တစ်စီးအား စစ်ဆေးတွေ့ရှိ၍ မောင်းလာသူအား ကျိုင်းတုံတွင် ဖမ်းဆီးရမိထား

ခိုးယူလာသည်ဟု သံသယရှိသည့် ပရိုဘောက်စ်မော်တော်ယာဉ်တစ်စီးအား စစ်ဆေးတွေ့ရှိ၍ မောင်းလာသူအား ကျိုင်းတုံတွင် ဖမ်းဆီးရမိထား
ဇူလိုင် 16, 2018
By Tachileik News Agency




ဓါတ်ပုံ - ရဲတပ်ဖွဲ့



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ အာခါးဒေရွာအနီးတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့အကူး နံနက်(၁)နာရီမထိုးမီက မော်တော်ယာဉ်ခိုးယူလာသည်ဟု သံသယရှိသူ တစ်ဦးအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

အာခါးဒေရွာအနီး လမ်းပေါ်တွင် ယာဉ်အမှတ် 7D/7902 Toyota Probox အဖြူရောင်အား မောင်းနှင်လာသည့် မင်းဇော်ထက်ကို စစ်ဆေးရာ မော်တော်ယာဉ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြောပြနိုင်ခြင်း မရှိသဖြင့် ခိုးယူလာသည်ဟု သံသယရှိသဖြင့် သက်သေခံ အဖြစ် မော်တော်ယာဉ်အား သိမ်းဆည်းကာ စစ်ဆေးနေကြောင်း သိရသည်။

မင်းဇော်ထက်အား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၂၃၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်းသိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~