ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္းအတြင္း ယာဥ္/လမ္း အႏၱရာယ္ကင္းရွင္းေရး ရန္ပံုေငြအတြက္ ကားနံပါတ္အလွမ်ားကို ေလလံတင္မည္

ထိုင္းႏိုင္ငံ ခ်င္းရိုင္းခရိုင္းအတြင္း ယာဥ္/လမ္း အႏၱရာယ္ကင္းရွင္းေရး ရန္ပံုေငြအတြက္ ကားနံပါတ္အလွမ်ားကို ေလလံတင္မည္
ဇူလိုင် 26, 2018
By Tachileik News Agency

ယာဥ္/လမ္း အႏၱရာယ္ ကင္းရွင္းေရး ရန္ပံုေငြအျဖစ္ ထိုင္းႏုိင္ငံ ခ်င္းရိုင္းခရိုင္တြင္ ကားနံပါတ္အလွမ်ား ေလလံတင္ျခင္းကို ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ (၈)ရက္ႏွင့္ (၉)ရက္ေန႔မ်ားတြင္ ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းလူမ်ိဳးမ်ားက ကံေကာင္းေစသည္ဟု ယုံၾကည္သည့္ ဂဏန္းမ်ားျဖင့္ နံပါတ္ျပားမ်ားကို ခရိုင္ အသီးသီးတြင္ ေလလံတင္ေရာင္းခ်ေလ့ရိွၿပီး ကံေကာင္းေစသည္ဟု ယံုၾကည္ရသည့္ နံပါတ္အလွဆံုး နံပါတ္ျပားမ်ားကို ေစ်းျမင့္မားစြာ ေလလံဆြဲဝယ္ယူေလ့ရိွၾကေၾကာင္း သိရသည္။

ခ်င္းရိုင္းခရိုင္တြင္ ယင္းကဲ့သို႔ နံပါတ္ျပားမ်ား ေလလံတင္ေရးအတြက္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၂၆)ရက္ေန႔က ခရိုင္အုပ္ခ်ုပ္ေရးမွဴး၊ ကုန္းလမ္းပို႔ေဆာင္ေရးဌာန၊ ယာဥ္/လမ္းအႏၱရာယ္ ေလ်ာ့က်ေရးပညာေပး အဖြဲ႕တုိ႔က ေလလံပြဲအတြက္ စိတ္ဝင္စားသူမ်ားကိုလည္း ဖိတ္ေခၚၿပီး သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ျခင္းျဖစ္သည္။

ထုိင္းႏုိင္ငံတြင္ ကုန္းလမ္းပို႔ေဆာင္ေရးဌာနက ယင္းကဲ့သို႔ နံပါတ္အလွေလလံတင္ျခင္းမွ ရရိွသည့္ ရန္ပံုေငြျဖင့္ မသန္စြမ္းမ်ားအား လိုအပ္သည့္ ကိရိယာမ်ားပ့့ံပိုးျခင္းကဲ့သို႔ လူမႈကူညီေရးလုပ္ငန္းမ်ားႏွင့္ ယာဥ္/လမ္းအႏၱရာယ္ကင္းရွင္းေရးအတြက္ အသံုးျပဳျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: Chiang Rai Governor


~~~~~~~~⊰❂ unicode ~~~~~~~~


ယာဉ်/လမ်း အန္တရာယ် ကင်းရှင်းရေး ရန်ပုံငွေအဖြစ် ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင်တွင် ကားနံပါတ်အလှများ လေလံတင်ခြင်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ (၈)ရက်နှင့် (၉)ရက်နေ့များတွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းလူမျိုးများက ကံကောင်းစေသည်ဟု ယုံကြည်သည့် ဂဏန်းများဖြင့် နံပါတ်ပြားများကို ခရိုင် အသီးသီးတွင် လေလံတင်ရောင်းချလေ့ရှိပြီး ကံကောင်းစေသည်ဟု ယုံကြည်ရသည့် နံပါတ်အလှဆုံး နံပါတ်ပြားများကို ဈေးမြင့်မားစွာ လေလံဆွဲဝယ်ယူလေ့ရှိကြကြောင်း သိရသည်။

ချင်းရိုင်းခရိုင်တွင် ယင်းကဲ့သို့ နံပါတ်ပြားများ လေလံတင်ရေးအတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၆)ရက်နေ့က ခရိုင်အုပ်ချုပ်ရေးမှူး၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၊ ယာဉ်/လမ်းအန္တရာယ် လျော့ကျရေးပညာပေး အဖွဲ့တို့က လေလံပွဲအတွက် စိတ်ဝင်စားသူများကိုလည်း ဖိတ်ခေါ်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ကုန်းလမ်းပို့ဆောင်ရေးဌာနက ယင်းကဲ့သို့ နံပါတ်အလှလေလံတင်ခြင်းမှ ရရှိသည့် ရန်ပုံငွဖြေင့် မသန်စွမ်းများအား လိုအပ်သည့် ကိရိယာများပံ့ပိုးခြင်းကဲ့သို့ လူမှုကူညီရေးလုပ်ငန်းများနှင့် ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: Chiang Rai Governor

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~