တရုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ရွိ အေမရိကန္သံရံုးအေဆာက္အဦ အျပင္ဘက္တြင္ ေပါက္ကြဲမႈျဖစ္

တရုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ရွိ အေမရိကန္သံရံုးအေဆာက္အဦ အျပင္ဘက္တြင္ ေပါက္ကြဲမႈျဖစ္
ဇူလိုင် 26, 2018
By Tachileik News Agency

တရုတ္ႏုိင္ငံ၏ၿမိဳ႕ေတာ္ ေဘဂ်င္းၿမိဳ႕ရိွ အေမရိကန္သံရံုးအေဆာက္အဦ၏ အျပင္ဘက္တြင္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၂၆)ရက္ေန႔က ေပါက္ကြဲမႈျဖစ္ပြားေၾကာင္း နယူးေယာ့တုိင္းမ္သတင္းေဖၚျပခ်က္အရ သိရသည္။

ေဒသစံေတာ္ခ်ိန္ ေန႔လယ္ (၁)နာရီဝန္းက်င္တြင္ က်ယ္ေလာင္သည့္ ေပါက္ကြဲသံျဖင့္ မီးခိုးမ်ား ဖုံးလႊမ္းသြားျခင္းျဖစ္ၿပီး အေမရိကန္သံရံုးဗီဇာဝင္ရန္တန္းစီေနသူမ်ားႏွင့္ မနီးမေဝးတြင္ရိွေနေၾကာင္း သိရသည္။

အဆိုပါ ေဖါက္ခြဲမႈကို မီးရႈးမီးပန္းလုပ္သည့္ပစၥည္းမ်ားျဖင့္ လုပ္ထားျခင္းျဖစ္ၿပီး ေဖါက္ခြဲမႈျပဳလုပ္စဥ္ လက္၌ ထိခိုက္ဒဏ္ရာရသြားေသာ္လည္း အျခားလူမ်ား ထိခိုက္ဒဏ္ရာရျခင္းမရိွေၾကာင္း ရဲတပ္ဖြဲ႕က အတည္ျပဳထားသည္။

ေဖါက္ခြဲမႈျပဳလုပ္သည့္ အသက္(၂၆)ႏွစ္အရြယ္ အမ်ိဳးသားကို ရဲတပ္ဖြဲ႕က ထိန္းသိမ္းထားၿပီး ေဆးရံုသို႔ ပို႔ေဆာင္ထားေၾကာင္း သိရသည္။

Tachileik News Agency
Ref; nytimes



~~~~~~~~⊰❂ unicode ~~~~~~~~

တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်းမြို့ရှိ အမေရိကန်သံရုံးအဆောက်အဦ၏ အပြင်ဘက်တွင် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားကြောင်း နယူးယော့တိုင်းမ်သတင်းဖော်ပြချက်အရ သိရသည်။

ဒေသစံတော်ချိန် နေ့လယ် (၁)နာရီဝန်းကျင်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံဖြင့် မီးခိုးများ ဖုံးလွှမ်းသွားခြင်းဖြစ်ပြီး အမေရိကန်သံရုံးဗီဇာဝင်ရန်တန်းစီနေသူများနှင့် မနီးမဝေးတွင်ရှိနေကြောင်း သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို မီးရှုးမီးပန်းလုပ်သည့်ပစ္စည်းများဖြင့် လုပ်ထားခြင်းဖြစ်ပြီး ဖောက်ခွဲမှုပြုလုပ်စဉ် လက်၌ ထိခိုက်ဒဏ်ရာရသွားသော်လည်း အခြားလူများ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

ဖောက်ခွဲမှုပြုလုပ်သည့် အသက်(၂၆)နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Tachileik News Agency
Ref; nytimes

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~