မယ်ဆိုင်ဂူအတွင်း တွေ့ရှိထားပြီဖြစ်သည့် လူငယ်(၁၃)ဦးကို ဂူထဲက ခေါ်ဆောင်လာနိုင်ရန် ဆက်လက် လုပ်ဆောင်နေ

ဇူလိုင် 3, 2018
By Tachileik News Agency

မယ်ဆိုင်ဂူအတွင်း တွေ့ရှိထားပြီဖြစ်သည့် လူငယ်(၁၃)ဦးကို ဂူထဲက ခေါ်ထုတ်လာနိုင်ရန် ဆက်လက် လုပ်ဆောင်နေ
https://www.tachileik.net/2018/07/Cave98.html
***************

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ထမ့်လွမ်ဂူအတွင်း ပိတ်မိနေသည့် လူငယ်(၁၃)ဦး၏ ကျန်းမာရေး အခြေအနေမှာ စိုးရိမ်ဖွယ် မရှိဘဲ၎င်းတို့အား ဂူအပြင်သို့ ထုတ်လာနိုင်ရေးအတွက် ဂူအတွင်းမှ ရေငုပ်အဖွဲ့အပြင် ဂူအပြင်မှ လှိုဏ်ဂူလမ်းကြောင်းဖောက်လုပ်နေမှုများ၊ ရေစုပ်ထုတ်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

ဂူအတွင်းမှ ပြန်လည်တွေ့ရှိရပြီဖြစ်သည့် လူငယ်များကို အပြင်သို့ထုတ်နိုင်မည့်အခြေအနေနှင့်ပတ်သက်၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၃)ရက်နေ့ နံနက်တွင် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်း ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်းဖြစ်သည်။

ဂူအတွင်းပိတ်မိနေသူများ၏ ကျန်းမာရေးအခြေအနေကို အဆင့်သုံးဆင့်ခွဲ၍ သတ်မှတ်ထားခြင်းဖြစ်ပြီး ခန္ဓာကိုယ်တွင် ထိခိုက်ဒဏ်ရာများရရှိထားပါက အနီရောင်အဆင့်၊ အာဟာရပြတ်လပ်နေပါက အဝါရောင် အဆင့်နှင့် စိုးရိမ်ဖွယ်မရှိပါက အစိမ်းရောင်အဆင့် သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ (၁၃)ဦးအနက် အများစုမှာ အစိမ်းရောင်အဆင့်တွင်ရှိနေသော်လည်း အချို့မှာ အဝါရောင်အဆင့်တွင်ရှိနေသည်ဟု ကနဦးသိရှိထားရပြီး အမှောင်ထဲတွင် (၁၀)ရက်ကြာ နေထိုင်ခဲ့ရခြင်း ဖြစ်သဖြင့် အမြင်အာရုံတွင် အလင်းရောင်ခံနိုင်ရည်ရှိစေရန်အတွက်လည်းကောင်း၊အာဟာရအတွက် အစားအစာကျွေး၍ မရသေးသဖြင့် အာဟာရဂျယ်နှင့် ဂလူးကို့စ်ကဲ့သို့ အားဖြည့်အချိုရည် တိုက်ကျွေးကုသခြင်းဖြင့်လည်းကောင်း၊ ထို့ပြင် ကျန်းမာရေးအတွက် လိုအပ်သည့် ပင်နီစလင်နှင့် ပါရာစီ တမောကဲ့သို့ဆေးဝါးများကိုလည်း သယ်ဆောင်သွားကာ ဆရာဝန်များက ကုသမှုများပေးနေကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များဖြစ်သည့် ကလေးများအား ရှာဖွခြေင်း၊ ဂူအပြင်သို့ ဘေးကင်းစွာ ခေါ်ထုတ်ခြင်း၊ ဆေးရုံသို့ အမြန်ပို့ဆောင်ခြင်းနှင့် ကျန်းမာရေးပြန်လည်ကောင်းမွန်ချိန်တွင် အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပြီး ပညာဆက်လက်သင်ကြားနိုင်ရေးတို့ကို လုပ်ဆောင်ပေးရမည်ဖြစ်ရာ ကျန်သည့်လုပ်ငန်းစဉ်များအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်းသည်။

လက်ရှိတွင် ကလေးများအား ဂူအပြင်ဖက်သို့ ခေါ်ထုတ်နိုင်ရန် ဦးစားပေးကြိုးစားနပြေီး မည်သည့်လမ်းကြောင်းဖြင့် ခေါ်ထုတ်မည်ကို ရေတပ်အဖွဲ့က ဆုံးဖြတ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကလေးများအား ခေါ်ထုတ်လာပြီးပါက ကလေးတစ်ဦးလျှင် ဆရာဝန်လေးဦးနှုန်းဖြင့် စောင့်ရှောက်ကာ ပို့ဆောင်ပေးမည့် လူနာတင်ယာဉ်များကို အဆင်သင့်ထားရှိပြီး ချင်းရိုင်းဆေးရုံတွင်လည်း အထူးကုသခန်းကို ပြင်ဆင် စောင့်ဆိုင်းနေကြောင်း သိရသော်လည်း ကလေးများအား ခေါ်ထုတ်မည့်အချိန်ကိုမူ အတည်ပြုပြောကြားနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ထိုင်းတော်ဝင်ရေတပ်အထူးအဖွဲ့အပါအဝင် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနများနှင့် နိုင်ငံတကာမှ ပူးပေါင်းကူညီသူတွေပါဝင်တဲ့အဖွဲ့များသည် ဂူအတွင်းက ရေငုပ်ရှာဖွခြေင်းအပြင် ဂူအပြင်ဘက်မှ ဂူအတွင်းဖောက်ဝင်နိုင်မည့် လမ်းကြောင်းရှာခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် (၁၀)ရက်တိုင်တိုင် ဆက်တိုက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

တောဝက်ဟုအမည်ရသည့် ဒေသတွင်းဘောလုံးအသင်းမှ ဘောလုံးသမား (၁၂) ဦးနှင့် နည်းပြဖြစ်သူတို့သည် ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဘောလုံးလေ့ကျင့်အပြီး ဂူအတွင်းဝင်သွားရာမှ၎င်းတို့ပြန်ထွက်ချိန်တွင် ရကြေီးပြီး ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

အဆိုပါထမ့်လွမ်ဂူသည် မိုးရာသီအတွင်း အနီးဝန်းကျင်က ရေများစီးဝင်လေ့ရှိပြီး ဂူအတွင်းပိုင်း ရကြေီးနစ်မြုပ်လေ့ရှိသဖြင့် မိုးရာသီကာလအတွင်း ဝင်ရောက်လည်ပတ်ခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~