မယ်ဆိုင်ဂူအတွင်းက လူငယ်(၁၃)ဦးကို ရှာဖွေတွေ့ရှိပါက ဆေးဝါးကုသပေးရန်အတွက် ချင်းရိုင်းဆေးရုံမှာ အဆင့်သင့် ပြင်ဆင်ထားရှိ

မယ်ဆိုင်ဂူအတွင်းက လူငယ်(၁၃)ဦးကို ရှာဖွေတွေ့ရှိပါက ဆေးဝါးကုသပေးရန်အတွက် ချင်းရိုင်းဆေးရုံမှာ အဆင့်သင့် ပြင်ဆင်ထားရှိ
ဇူလိုငျ 2, 2018
By Tachileik News Agency

ဂူအတွင်းပိတ်မိနေတဲ့ လူငယ်(၁၃)ယောက်ကို ရှာဖွေတွေ့ရှိပါက  ဆေးရုံပို့ဆောင်ဖို့ လူငယ် တစ်ယောက်စီတိုင်း အတွက် ဆေးအဖွဲ့တစ်ဖွဲ့စီက အသင့်ပြင်ဆင် စောင့်ဆိုင်းနေကြသလို ချင်းရိုင်းဆေးရုံ မှာလည်း ဒီ(၁၃)ယောက်အတွက် အမြဲတမ်း အဆင်သင့် အနေအထား ပြင်ဆင်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

ဒီလိုဆေးအဖွဲ့တွေနဲ့ လူနာပို့ဆောင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်တာတွေကို ဇွန်လ (၃၀)ရက်နေ့က စတင် လုပ်ဆောင်ရာမှာ လူနာတင်ယာဉ် အထွက်လမ်းကြောင်း အနည်းငယ်နှောင့်နှေးခဲ့တာကို တွေ့ရတယ်လို့ ချင်းရိုင်းခရိုင်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။



ဂူထဲ ပိတ်မိနေတာကြာနေပြီဖြစ်လို့ သူတို့တွေဟာ အစာရေစာပြတ်လပ်မှုကြောင့် အားနည်းနေတာ၊ ဒဏ်ရာ ရနေနိုင်တာတွေကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ကို ဂူထဲမှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ နေရာမှာ ပြုစုပေးပြီးမှ ဆေးရုံကို ပို့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။


သူတို့မိသားစုတွေကတော့ ဝန်ကြီးချုပ်ကိုယ်တိုင် အားပေးထားတာနဲ့ ဆရာဝန်တွေက နှစ်သိမ့် ဆွေးနွေးပေးတာတွေကြောင့် စိတ်ဓါတ်လုံးလုံးကျနေတာ မဟုတ်ပေမဲ့ တစ်ချို့တွေကတော့ စိတ်ထိခိုက်မှုကို ဆိုးဆိုးဝါးဝါး ခံစားနေရတာတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ဂူအတွင်းပိတ်မိနေတဲ့ လူငယ်(၁၃)ယောက်ကို ရှာဖွေတွေ့ရှိပါက ဆေးရုံပို့ဆောင်ဖို့ လူငယ် တစ်ယောက်စီတိုင်း အတွက် ဆေးအဖွဲ့တစ်ဖွဲ့စီက အသင့်ပြင်ဆင် စောင့်ဆိုင်းနကြေသလို ချင်းရိုင်းဆေးရုံ မှာလည်း ဒီ(၁၃)ယောက်အတွက် အမြဲတမ်း အဆင်သင့် အနေအထား ပြင်ဆင်စောင့်ဆိုင်းနကြေတယ်လို့ သိရပါတယ်။

ဒီလိုဆေးအဖွဲ့တွေနဲ့ လူနာပို့ဆောင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်တာတွေကို ဇွန်လ (၃၀)ရက်နေ့က စတင် လုပ်ဆောင်ရာမှာ လူနာတင်ယာဉ် အထွက်လမ်းကြောင်း အနည်းငယ်နှောင့်နှေးခဲ့တာကို တွေ့ရတယ်လို့ ချင်းရို်င်းခရိုင်မြို့တော်ဝန်က ပြောကြားခဲ့ပါတယ်။

ဇူလိုင်လ(၁)ရက်နေ့မှာတော့ ဂူအတွင်း ပိတ်မိနေတဲ့ (၁၃)ဦးကို ရဟတ်ယာဉ်တွေနဲ့ ဆေးရုံပို့ဖို့ ဇာတ်တိုက်လေ့ကျင့်မှုတွေ လုပ်ခဲ့ပြီး မူလအစီအစဉ်အတိုင်း လူနာတင်ယာဉ်နဲ့ ဆေးရုံမပို့တော့ဘဲ ဟယ်လီကော်ပတာတွေနဲ့ ပို့ဆောင်သွားမယ်လို့ ဇုန်အမှတ်(၁) ပြည်သူ့ကျန်းမာရေးမှ တာဝန်ရှိသူဖြစ်တဲ့ ဒေါက်တာထုံချိုင်း လုဝိလိုင် ရတ်ထနဖုန်းကလည်း ရဟတ်ယာဉ်နဲ့ လူနာတင်သူများအဖွဲ့ ဇာတ်တိုက်မှုများ ပြုလုပ်စဉ်က မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

ဂူပေါက်ဝကနေ ချင်းရိုင်းခရိုင်ဆေးရုံကို ကားနဲ့သွားရင် တစ်နာရီလောက် အချိန်ယူရပြီး ရဟတ်ယာဉ်နဲ့ ၁၅ မိနစ်ပဲကြာတာကြောင့် ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ဂူထဲ ပိတ်မိနေတာကြာနပြေီဖြစ်လို့ သူတို့တွေဟာ အစာရေစာပြတ်လပ်မှုကြောင့် အားနည်းနေတာ၊ ဒဏ်ရာ ရနေနိုင်တာတွေကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်ကို ဂူထဲမှာရှိတဲ့ ကျန်းမာရေး စောင့်ရှောက်တဲ့ နေရာမှာ ပြုစုပေးပြီးမှ ဆေးရုံကို ပို့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့တွေဟာ ဂူထဲမှာ အမှောင်ထဲ အချိန်ကြာမြင့်စွာ နေခဲ့ရတာကြောင့် ပြင်ပအလင်းရောင်နဲ့ ချက်ချင်း ထိတွေ့လို့ မရတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်တယ်လို့ ဆရာဝန်က ဆိုပါတယ်။

သူတို့မိသားစုတွေကတော့ ဝန်ကြီးချုပ်ကိုယ်တိုင် အားပေးထားတာနဲ့ ဆရာဝန်တွေက နှစ်သိမ့် ဆွေးနွေးပေးတာတွေကြောင့် စိတ်ဓာတ်လုံးလုံးကျနေတာ မဟုတ်ပေမဲ့ တစ်ချို့တွေကတော့ စိတ်ထိခိုက်မှုကို ဆိုးဆိုးဝါးဝါး ခံစားနေရတာတွဖြေစ်နေတယ်လို့ ဆိုပါတယ်။

Tachileik News Agency
Photo crd:Chiang Rai hospital

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~