ထိုင္းေတာင္ပိုင္း ဂူအတြင္းရွာေဖြေရး အေတြ႔ႀကံဳရွိသူမ်ားမွ လာေရာက္ကူညီေနၿပီး ကေလးမ်ားကို ေတြ႔ရွိရပါက အေရးေပၚ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏုိင္ရန္ ဆရာ၀န္မ်ားလည္း ေရငုပ္အဖြဲ႔နဲ႔ လုိက္ပါေန

ထိုင္းေတာင္ပိုင္း ဂူအတြင္းရွာေဖြေရး အေတြ႔ႀကံဳရွိသူမ်ားမွ လာေရာက္ကူညီေနၿပီး ကေလးမ်ားကို ေတြ႔ရွိရပါက အေရးေပၚ က်န္းမာေရးေစာင့္ေရွာက္မႈေပးႏုိင္ရန္ ဆရာ၀န္မ်ားလည္း ေရငုပ္အဖြဲ႔နဲ႔ လုိက္ပါေန
ဇူလိုင် 1, 2018
By Tachileik News Agency

ဂူအတြင္းက ကေလးငယ္ေတြကို ေတြ႔ရွိတဲ့အခါ ပထမဆံုး အေရးေပၚကုသမႈနဲ႔ အေရးေပၚ ျပဳစုမႈတို႔ အတြက္ အာကာသယာဥ္မွဴးေတြကို ေကၽြးတဲ့ အစာအာဟာရနဲ႔ အလားသ႑န္တူတဲ့ အစာအဟာရ အပါအဝင္ လုိအပ္တဲ့ ပစၥည္းေတြနဲ႔အတူ ေရငုပ္အဖြဲ႔နဲ႔ ဆရာဝန္ေတြကလည္း အဆင္သင့္ရိွေနတယ္လို႔ ဇြန္လ(၃၀)ရက္ေန႔က Thai PBS သတင္းရဲ႕ ေဖာ္ျပထားခ်က္အရ သိရပါတယ္။

ရွာေဖြမႈ (၈)ရက္ေျမာက္ေန႔မွာ ႏုိင္ငံတကာ ပူးေပါင္းပါဝင္မႈ (၇)ႏုိင္ငံေျမာက္အျဖစ္ ၾသစေတးလ် ပါဝင္လာသလို ထုိင္းႏုိင္ငံအတြင္းက ကၽြန္းေဒသျဖစ္တဲ့ ထရန္းခရိုင္ ကိုလန္ဘြန္းက ဂူအတြင္း ငွက္သိုက္ ရွာေဖြကၽြမ္းက်င္တဲ့ ေဒသခံ(၈)ဦးကလည္း ရွာေဖြကယ္ဆယ္ေရးမွာ လာေရာက္ပူးေပါင္းၾကတယ္လို႔ သိရပါတယ္။

သူတို႔ရဲ႕ ႏွစ္ေပါင္း (၃၀)ေလာက္ ဂူအတြင္း ငွက္သိုက္ ရွာေဖြတဲ့ အေတြ႔အႀကံဳဟာ အခုကယ္ဆယ္ေရး အတြက္ အမ်ားႀကီး အေထာက္အကူျပဳႏုိင္တယ္လုိ႔ ဆိုပါတယ္။

သူတို႔ဟာ ဟိုင္ယိုင္နဲ႔ ခ်င္းရိုင္းေလဆိပ္ေတြကေန တစ္ဆင့္ ထမ့္လြမ္ဂူရိွရာကို ကားနဲ႔အျမန္ ထြက္လာၾကၿပီး ကယ္ဆယ္ေရးအဖြဲ႕နဲ႔ ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

Ref; Thai PBS
Photo: Thai PBS North


~~~~~~~~⊰❂ unicode ~~~~~~~~

ဂူအတွင်းက ကလေးငယ်တွေကို တွေ့ရှိတဲ့အခါ ပထမဆုံး အရေးပေါ်ကုသမှုနဲ့ အရေးပေါ် ပြုစုမှုတို့ အတွက် အာကာသယာဉ်မှူးတွေကို ကျွေးတဲ့ အစာအာဟာရနဲ့ အလားသဏ္ဍန်တူတဲ့ အစာအဟာရ အပါအဝင် လိုအပ်တဲ့ ပစ္စည်းတွေနဲ့အတူ ရေငုပ်အဖွဲ့နဲ့ ဆရာဝန်တွေကလည်း အဆင်သင့်ရှိနေတယ်လို့ ဇွန်လ(၃၀)ရက်နေ့က Thai PBS သတင်းရဲ့ ဖော်ပြထားချက်အရ သိရပါတယ်။

ရှာဖွေမှု (၈)ရက်မြောက်နေ့မှာ နိုင်ငံတကာ ပူးပေါင်းပါဝင်မှု (၇)နိုင်ငံမြောက်အဖြစ် သြစတေးလျ ပါဝင်လာသလို ထိုင်းနိုင်ငံအတွင်းက ကျွန်းဒေသဖြစ်တဲ့ ထရန်းခရိုင် ကိုလန်ဘွန်းက ဂူအတွင်း ငှက်သိုက် ရှာဖွေကျွမ်းကျင်တဲ့ ဒေသခံ(၈)ဦးကလည်း ရှာဖွေကယ်ဆယ်ရေးမှာ လာရောက်ပူးပေါင်းကြတယ်လို့ သိရပါတယ်။

သူတို့ရဲ့ နှစ်ပေါင်း (၃၀)လောက် ဂူအတွင်း ငှက်သိုက် ရှာဖွေတဲ့ အတွေ့အကြုံဟာ အခုကယ်ဆယ်ရေး အတွက် အများကြီး အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

သူတို့ဟာ ဟိုင်ယိုင်နဲ့ ချင်းရိုင်းလေဆိပ်တွေကနေ တစ်ဆင့် ထမ့်လွမ်ဂူရှိရာကို ကားနဲ့အမြန် ထွက်လာကြပြီး ကယ်ဆယ်ရေးအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref; Thai PBS
Photo: Thai PBS North

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~