ဂူအတွင်း ပိတ်မိနေတဲ့ ကလေးတွေကို တွေ့တဲ့အထိ ရှာဖွေသွားမယ်လို့ ရေတပ် အထူးအဖွဲ့ရဲ့ ရှာဖွေရေး ခေါင်းဆောင်ပြော

ဂူအတွင်း ပိတ်မိနေတဲ့ ကလေးတွေကို တွေ့တဲ့အထိ ရှာဖွေသွားမယ်လို့ ရေတပ် အထူးအဖွဲ့ရဲ့ ရှာဖွေရေး ခေါင်းဆောင်ပြော
ဇူလိုင် 1, 2018
By Tachileik News Agency


ရေတပ်အထူးအဖွဲ့ကို ဂူအတွင်း အမှတ်(၃)ကနေ ရေကြီးနေလို့သွားဖို့ အခက်အခဲဖြစ်နေတဲ့ အတွင်းဘက်ပိုင်းကို ဖြစ်တဲ့နည်းနဲ့ ဆက်ဝင်ဖို့ အမိန့်ပေးထားပြီးဖြစ်တယ်လို့ ပြောပါတယ်။


ဒီရေငုပ်အထူးအဖွဲ့တွေဟာ သူတို့တစ်ကိုယ်စာ အောက်ဆီဂျင်ဗူးနဲ့ ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ အပြင် ပိတ်မိနေသူတွေအတွက် အရေးပေါ် အစာအဟာရနဲ့ အောက်ဆီဂျင်ဗူးအပိုတွေကိုပါ သယ်ဆောင်ပြီး ရေငုပ်ရှာဖွေနေကြရတယ်လို့ ရှင်းပြပါတယ်။



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာ နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာရှိတဲ့ ဂူအတွင်းရှာဖွေကယ်ဆယ်ရေးမှာ အဓိကအပိုင်းကနေ လုပ်ဆောင်နေတဲ့ ထိုင်းတော်ဝင်ရေတပ်ရဲ့ အထူးအဖွဲ့ကို ကြီးကြပ်နေတဲ့ ခေါင်းဆောင်က ပိတ်မိနေတဲ့ ကလေးတွေကို တွေ့တဲ့အထိ ရှာဖွေရေးကို လုပ်သွားမယ်လို့ ဇူလိုင်လ (၁)ရက်နေ့ မနက်မှာ ပြောကြားလိုက်ပါတယ်။

ရေတပ်အထူးအဖွဲ့ကို ဂူအတွင်း အမှတ်(၃)ကနေ ရကြေီးနေလို့သွားဖို့ အခက်အခဲဖြစ်နေတဲ့ အတွင်းဘက်ပိုင်းကို ဖြစ်တဲ့နည်းနဲ့ ဆက်ဝင်ဖို့ အမိန့်ပေးထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

“သူတို့ဟာ မှောင်နဲ့မည်းမည်းထဲမှာ ပစ္စည်းကိရိယာ တနင့်တပိုးနဲ့ ရေငုပ်ရှာဖွေနေရတာပါ”လို့ သူ့တပ်ဖွဲ့အကြောင်းကို ပြောပါတယ်။

ဒီရေငုပ်အထူးအဖွဲ့တွေဟာ သူတို့တစ်ကိုယ်စာ အောက်ဆီဂျင်ဗူးနဲ့ ကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေ အပြင် ပိတ်မိနေသူတွေအတွက် အရေးပေါ် အစာအဟာရနဲ့ အောက်ဆီဂျင်ဗူးအပိုတွေကိုပါ သယ်ဆောင်ပြီး ရေငုပ်ရှာဖွေနကြေရတယ်လို့ ရှင်းပြပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ သူတို့အနေနဲ့ရှာဖွေရေးကို မတွေ့မချင်းမရပ်ပါဘူးလို့ ပြောသွားခဲ့တာပါတယ်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~