ဂူအတွင်းပိတ်မိနေတဲ့ လူငယ် ၁၃ ဦးကို (၁၀)ရက်မြောက်နေ့မှာ ပြန်တွေ့ပြီး အပြင်ထုတ်နိုင်ရန် ကြိုးစားနေ

ဂူအတွင်းပိတ်မိနေတဲ့ လူငယ် ၁၃ ဦးကို (၁၀)ရက်မြောက်နေ့မှာ ပြန်တွေ့ပြီး အပြင်ထုတ်နိုင်ရန် ကြိုးစားနေ
ဇူလိုငျ 2, 2018
By Tachileik News Agency


အဆိုပါကလေးငယ်များအား ထိုင်းစံတော်ချိန် ည (၁၀)နာရီဝန်းကျင်တွင် တွေ့ရှိရခြင်းဖြစ်ပြီး ဆရာဝန် အဖွဲ့က ချက်ချင်းပင် အရေးပေါ်ကုသမှုများနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေး ကုသပေးနေပြီး လေးနာရီအကြာဝန်းကျင်တွင် ဂူအပြင်သို့ထုတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း  ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက နလုန်းဆတ် အိုစထာနကွန်းက ထိုင်းစံတော်ချိန် ည(၁၀)နာရီခွဲဝန်းကျင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။


ထိုင်းတော်ဝင်ရေတပ်အထူးအဖွဲ့အပါအဝင် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနတွေနှင့် နိုင်ငံတကာမှ ပူးပေါင်းကူညီသူတွေပါဝင်တဲ့အဖွဲ့များသည် ဂူအတွင်းက ရေငုပ်ရှာဖွေခြင်းအပြင် ဂူအပြင်ဘက်မှ ဂူအတွင်းဖေါက်ဝင်နိုင်မည့် လမ်းကြောင်းရှာခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် (၁၀)ရက်တိုင်တိုင် ဆက်တိုက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

တောဝက်ဟုအမည်ရသည့် ဒေသတွင်းဘောလုံးအသင်းမှ ဘောလုံးသမား (၁၂) ဦးနှင့် နည်းပြဖြစ်သူတို့သည်  ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဘောလုံးလေ့ကျင့်အပြီး ဂူအတွင်းဝင်သွားရာမှ ၎င်းတို့ပြန်ထွက်ချိန်တွင် ရေကြီးပြီး ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

အဆိုပါထမ့်လွမ်ဂူသည် မိုးရာသီအတွင်း အနီးဝန်းကျင်က ရေများစီးဝင်လေ့ရှိပြီး ဂူအတွင်းပိုင်း ရေကြီးနစ်မြုပ်လေ့ရှိသဖြင့် မိုးရာသီကာလအတွင်း ဝင်ရောက်လည်ပတ်ခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။

ဓါတ်ပုံ - ဇောင်းညီ
Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊မယ်ဆိုင်မြို့က ထမ့်လွမ်ဂူအတွင်းပိတ်မိနေသည့် ကျောင်းသား (၁၂)ဦးနှင့် နည်းပြ(၁)ဦးတို့ကို ဂူအတွင်းရှာဖွေကယ်ဆယ်ရေး (၁၀)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂)ရက်နေ့ ညပိုင်းတွင် ဂူအတွင်း ဖတ္တယားကမ်းခြေအနီး၌ ရေတပ်အထူးအဖွဲ့က ရှာဖွေတွေ့ရှိကြောင်း သိရသည်။

အဆိုပါကလေးငယ်များအား ထိုင်းစံတော်ချိန် ည (၁၀)နာရီဝန်းကျင်တွင် တွေ့ရှိရခြင်းဖြစ်ပြီး ဆရာဝန် အဖွဲ့က ချက်ချင်းပင် အရေးပေါ်ကုသမှုများနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှုအခြေအနေများကို စစ်ဆေး ကုသပေးနပြေီး လေးနာရီအကြာဝန်းကျင်တွင် ဂူအပြင်သို့ထုတ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက နလုန်းဆတ် အိုစထာနကွန်းက ထိုင်းစံတော်ချိန် ည(၁၀)နာရီခွဲဝန်းကျင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားလိုက်သည်။

 “သူတို့အားလုံး အသက်ရှင်ပါတယ်။ ကျွန်တော်တို့ရဲ့ ပထမလုပ်ငန်းစဉ်တော့ ပြီးသွားပါပြီ။ အခု သူတို့ကို ကယ်ထုတ်ဖို့ ဆက်ပြီးလုပ်ဆောင်နေပါပြီ”ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်းက သတင်းစာရှင်းလင်းရာတွင် ပြောသည်။

ထိုင်းတော်ဝင်ရေတပ်အထူးအဖွဲ့အပါအဝင် ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာဌာနတွေနှင့် နိုင်ငံတကာမှ ပူးပေါင်းကူညီသူတွေပါဝင်တဲ့အဖွဲ့များသည် ဂူအတွင်းက ရေငုပ်ရှာဖွခြေင်းအပြင် ဂူအပြင်ဘက်မှ ဂူအတွင်းဖောက်ဝင်နိုင်မည့် လမ်းကြောင်းရှာခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် (၁၀)ရက်တိုင်တိုင် ဆက်တိုက်ရှာဖွေခဲ့ကြခြင်းဖြစ်သည်။

တောဝက်ဟုအမည်ရသည့် ဒေသတွင်းဘောလုံးအသင်းမှ ဘောလုံးသမား (၁၂) ဦးနှင့် နည်းပြဖြစ်သူတို့သည် ၂၀၁၈ ခုနှစ် ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက ဘောလုံးလေ့ကျင့်အပြီး ဂူအတွင်းဝင်သွားရာမှ၎င်းတို့ပြန်ထွက်ချိန်တွင် ရကြေီးပြီး ပိတ်မိနေခဲ့ကြခြင်းဖြစ်သည်။

အဆိုပါထမ့်လွမ်ဂူသည် မိုးရာသီအတွင်း အနီးဝန်းကျင်က ရေများစီးဝင်လေ့ရှိပြီး ဂူအတွင်းပိုင်း ရကြေီးနစ်မြုပ်လေ့ရှိသဖြင့် မိုးရာသီကာလအတွင်း ဝင်ရောက်လည်ပတ်ခြင်းကို တားမြစ်ထားခြင်းဖြစ်သည်။

ဓာတ်ပုံ - ဇောင်းညီ
Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~