ေတာဝက္ေဘာလံုးအသင္းကို ကုသေပးမည့္ ခ်င္းရိုင္းေဆးရံုေရွ႕တြင္ လမ္းပိတ္ၿပီး လံုၿခံဳေရးခ်ထား

ေတာဝက္ေဘာလံုးအသင္းကို ကုသေပးမည့္ ခ်င္းရိုင္းေဆးရံုေရွ႕တြင္ လမ္းပိတ္ၿပီး လံုၿခံဳေရးခ်ထား
ဇူလိုင် 8, 2018
By 🌸
�Update: 4:48 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ္ဆိုင္ဂူအတြင္း (၁၅)ရက္ၾကာပိတ္မိေနခဲ့သည့္ ေတာဝက္ေဘာလံုးအသင္းမွ (၁၂)ဦးႏွင့္ နည္းျပတို႔ကို ေခၚေဆာင္လာမည့္ ခ်င္းရိုင္းေဆးရံုေရွ႕တြင္ လမ္းပိတ္လုိက္ၿပီး လံုၿခံဳေရးရယူထားကာ သတင္းမီဒီယာမ်ားကလည္း အနီးဝန္းက်င္တြင္ သတင္းရယူတင္ျပႏုိင္ရန္ ျပင္ဆင္ေနၾကသည္ကို ဇူလိုင္လ (၈)ရက္ေန႔ ညေနက ေတြ႔ရျခင္းျဖစ္သည္။

အဆိုပါေဆးရံုတြင္ ဂူအတြင္းပိတ္မိေနသည့္ကေလး(၁၃)ဦးအတြက္ အထူးၾကပ္မတ္ကုသေဆာင္ကို ျပင္ဆင္ထားၿပီး လုိအပ္မည့္ကုသမႈမ်ားအတြက္ အဆင္သင့္ျပင္ဆင္ေစာင့္ဆိုင္းေနၾကျခင္း ျဖစ္ေၾကာင္းသိရသည္။

အဆုိပါေဆးရံုမွာ မယ္ဆုိင္ရိွ ကယ္ဆယ္ေရးလုပ္ေနသည့္ ထမ့္လြမ္ဂူႏွင့္ မိုင္ (၆၀)အကြာတြင္ရိွေနၿပီး ကေလးမ်ားအား ေဆးရံုပို႔ေဆာင္ရန္ လူနာတင္ယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားလည္း မယ္ဆုိင္ဂူေဘးတြင္ အဆင္သင့္ေစာင့္ဆုိင္းေနၾကျခင္းျဖစ္သည္။

မယ္ဆုိင္ဂူအတြင္းမွ ကေလး(၁၃)ဦးအား ေရတပ္အထူးအဖြဲ႔ႏွင့္ ႏုိင္ငံတကာမွ ေရငုပ္ကၽြမ္းက်င္သူမ်ား ပါဝင္သည့္အဖြဲ႔တုိ႔က ကယ္ထုတ္ျခင္းကို ထုိင္းစံေတာ္ခ်ိန္ နံနက္(၁၀)နာရီကတည္းက စတင္ေဆာင္ရြက္ေနၾကျခင္းျဖစ္ၿပီး ယေန႔ည(၉)နာရီတြင္ ပထမဆံုးအဖြဲ႕ အျပင္သို႔ေရာက္လာႏုိင္သည္ဟု ခန္႔မွန္းထားသည္။

ႏိုင္ငံတကာက ပူးေပါင္းေဆာင္ရြက္သည့္ ျမန္မာႏုိင္ငံႏွင့္နယ္စပ္ ထုိင္းနိုင္ငံအတြင္း ကယ္ဆယ္ေရးလုပ္ငန္းအား ႏိုင္ငံတကာမွ စိတ္ဝင္စားမႈျမင့္ေနရာ ႏို္င္ငံတကာ မီဒီယာသမား (၁၀၀၀)ဝန္းက်င္က ကယ္ဆယ္ေရးစခန္းအနီးတြင္ သတင္းရယူထုတ္ျပန္ေနၾကျခင္းျဖစ္သည္။

သတင္း Tachileik News Agency
ဓါတ္ပံု #kaokraichiangrai 
~~~~~~~~⊰❂ unicode ~~~~~~~~
တောဝက်ဘောလုံးအသင်းကို ကုသပေးမည့် ချင်းရိုင်းဆေးရုံရှေ့တွင် လမ်းပိတ်ပြီး လုံခြုံရေးချထား
�Update: 4:48 PM ၊ 8/7/2018�
::::::::::::::::::::::::::::::::::::::::::::
မယ်ဆိုင်ဂူအတွင်း (၁၅)ရက်ကြာပိတ်မိနေခဲ့သည့် တောဝက်ဘောလုံးအသင်းမှ (၁၂)ဦးနှင့် နည်းပြတို့ကို ခေါ်ဆောင်လာမည့် ချင်းရိုင်းဆေးရုံရှေ့တွင် လမ်းပိတ်လိုက်ပြီး လုံခြုံရေးရယူထားကာ သတင်းမီဒီယာများကလည်း အနီးဝန်းကျင်တွင် သတင်းရယူတင်ပြနိုင်ရန် ပြင်ဆင်နေကြသည်ကို ဇူလိုင်လ (၈)ရက်နေ့ ညနေက တွေ့ရခြင်းဖြစ်သည်။

အဆိုပါဆေးရုံတွင် ဂူအတွင်းပိတ်မိနေသည့်ကလေး(၁၃)ဦးအတွက် အထူးကြပ်မတ်ကုသဆောင်ကို ပြင်ဆင်ထားပြီး လိုအပ်မည့်ကုသမှုများအတွက် အဆင်သင့်ပြင်ဆင်စောင့်ဆိုင်းနေကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါဆေးရုံမှာ မယ်ဆိုင်ရှိ ကယ်ဆယ်ရေးလုပ်နေသည့် ထမ့်လွမ်ဂူနှင့် မိုင် (၆၀)အကွာတွင်ရှိနေပြီး ကလေးများအား ဆေးရုံပို့ဆောင်ရန် လူနာတင်ယာဉ်များ၊ ရဟတ်ယာဉ်များလည်း မယ်ဆိုင်ဂူဘေးတွင် အဆင်သင့်စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

မယ်ဆိုင်ဂူအတွင်းမှ ကလေး(၁၃)ဦးအား ရေတပ်အထူးအဖွဲ့နှင့် နိုင်ငံတကာမှ ရေငုပ်ကျွမ်းကျင်သူများ ပါဝင်သည့်အဖွဲ့တို့က ကယ်ထုတ်ခြင်းကို ထိုင်းစံတော်ချိန် နံနက်(၁၀)နာရီကတည်းက စတင်ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ယနေ့ည(၉)နာရီတွင် ပထမဆုံးအဖွဲ့ အပြင်သို့ရောက်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံနှင့်နယ်စပ် ထိုင်းနိုင်ငံအတွင်း ကယ်ဆယ်ရေးလုပ်ငန်းအား နိုင်ငံတကာမှ စိတ်ဝင်စားမှုမြင့်နေရာ နိုင်ငံတကာ မီဒီယာသမား (၁၀၀၀)ဝန်းကျင်က ကယ်ဆယ်ရေးစခန်းအနီးတွင် သတင်းရယူထုတ်ပြန်နေကြခြင်းဖြစ်သည်။

သတင်း Tachileik News Agency
ဓါတ်ပုံ #kaokraichiangrai 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~