အသက္ (၇၉)ႏွစ္အရြယ္ လက္ရိွ ဗဟိုဘဏ္ဥကၠဌကို ေနာက္ထပ္ (၅)ႏွစ္သက္တမ္းအတြက္ အမည္စာရင္းတင္သြင္း

အသက္ (၇၉)ႏွစ္အရြယ္ လက္ရိွ ဗဟိုဘဏ္ဥကၠဌကို ေနာက္ထပ္ (၅)ႏွစ္သက္တမ္းအတြက္ အမည္စာရင္းတင္သြင္း
ဇူလိုင် 26, 2018
By Tachileik News Agency
သက္တမ္းကုန္ဆံုး၍ လစ္လပ္လာမည့္ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ဥကၠ႒ ရာထူးေနရာအတြက္ အသက္ (၇၉)ႏွစ္အရြယ္ လက္ရိွဗဟိုဘဏ္ ဥကၠဌ ဦးေက်ာ္ေက်ာ္ေမာင္အား ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စု လႊတ္ေတာ္သို႔ အမည္စာရင္း တင္သြင္းလုိက္ေၾကာင္း သိရသည္။

သမၼတက အမည္စာရင္း တင္သြင္းထားသူအား ကန္႔ကြက္ ေဆြးေႏြးလိုသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္ရိွပါက ၂၀၁၈ ခုႏွစ္ ဇူလိုင္လ(၃၀)ရက္ေန႔ ေနာက္ဆုံုးထား၍ အမည္စာရင္း တင္သြင္းရန္ ျပည္ေထာင္စုလႊတ္ေတာ္ ဥကၠဌက ဇူလုိင္လ (၂၆)ရက္ေန႔တြင္ က်င္းပသည့္  ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး တတိယေန႔တြင္ ေၾကညာလုိက္ျခင္းျဖစ္သည္။

(၅)ႏွစ္ သက္တမ္းရိွသည့္ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ ဥကၠ႒ရာထူးေနရာအတြက္ ႏုိင္ငံေတာ္က အသစ္ျပန္လည္ ခန႔္အပ္ေပးရမည္ျဖစ္ရာ ျပည္ေထာင္စုလႊတ္ေတာ္သို႔ အမည္စာရင္းတင္သြင္းလုိက္ျခင္း ျဖစ္သည္။

ဗဟိုဘဏ္ဥကၠဌအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ ဦးေက်ာ္ေက်ာ္ေမာင္သည္ သမၼတဦးသိန္းစိန္အစိုးရ လက္ထက္ ၂၀၁၃ ခုနွစ္၊ ၾသဂုတ္လ (၁)ရက္ေန႔တြင္ လက္ရိွ(၅)ႏွစ္သက္တမ္းအတြက္ တာဝန္ ေပးခံခဲ့ရျခင္းျဖစ္သည္။

ဦးေက်ာ္ေက်ာ္ေမာင္သည္ ၁၉၇၀ ျပည့္လြန္ႏွစ္တြင္ ျမန္မာ့စီးပြားေရးဘဏ္မွ ႏႈတ္ထြက္ခဲ့ၿပီး ဗဟိုဘဏ္တြင္ တာဝန္ထမ္းေဆာင္ခဲ့ကာ တပ္မေတာ္အစိုးရလက္ထက္ ၁၉၉၇ ခုနွစ္မွ ၂၀၀၇ ခုနွစ္အထိ ဗဟိုဘဏ္ ဥကၠ႒တာဝန္ကို ထမ္းေဆာင္ခဲ့သူျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


သက်တမ်းကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ရာထူးနေရာအတွက် အသက် (၇၉)နှစ်အရွယ် လက်ရှိဗဟိုဘဏ် ဥက္ကဌ ဦးကျော်ကျော်မောင်အား နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ အမည်စာရင်း တင်သွင်းလိုက်ကြောင်း သိရသည်။

သမ္မတက အမည်စာရင်း တင်သွင်းထားသူအား ကန့်ကွက် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းရန် ပြည်ထောင်စုလွှတ်တော် ဥက္ကဌက ဇူလိုင်လ (၂၆)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး တတိယနေ့တွင် ကြေညာလိုက်ခြင်းဖြစ်သည်။

(၅)နှစ် သက်တမ်းရှိသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌရာထူးနေရာအတွက် နိုင်ငံတော်က အသစ်ပြန်လည် ခန့်အပ်ပေးရမည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်းတင်သွင်းလိုက်ခြင်း ဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဦးကျော်ကျော်မောင်သည် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့တွင် လက်ရှိ(၅)နှစ်သက်တမ်းအတွက် တာဝန် ပေးခံခဲ့ရခြင်းဖြစ်သည်။

ဦးကျော်ကျော်မောင်သည် ၁၉၇၀ ပြည့်လွန်နှစ်တွင် မြန်မာ့စီးပွားရေးဘဏ်မှ နှုတ်ထွက်ခဲ့ပြီး ဗဟိုဘဏ်တွင် တာဝန်ထမ်းဆောင်ခဲ့ကာ တပ်မတော်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ဗဟိုဘဏ် ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~