ပုဂံဘုရားများဝန်းကျင် သန့်ရှင်းရေးအတွက် ငွေအား၊ လုပ်အားပါဝင် ဆောင်ရွက်နိုင်
ပုဂံဘုရားများဝန်းကျင် သန့်ရှင်းရေးအတွက် ငွေအား၊ လုပ်အားပါဝင် ဆောင်ရွက်နိုင်
ဇူလိုငျ 23, 2018
By Tachileik News Agency
ပုဂံဘုရားများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ရေးအတွက် မြေပြင်စစ်ဆေးမှု လုပ်ဆောင် မည်ဖြစ်ရာ ပုဂံဘုရားများ ဝန်းကျင်သန့်ရှင်းရေးကို ပုဂံရှေးဟောင်းသုတေသနဌာနနှင့်အတူ နှလုံးသားထဲက ပုဂံ ဓါတ်ပုံဆရာများက ကျပ်သိန်း (၂၀၀)ကျော် မတည်ငွေနှင့်အတူ ပါဝင်ဆောင်ရွက်နေရာ ငွေအား၊ လုပ်အား ပါဝင်လိုသူများ ဆက်သွယ်ပါဝင်နိုင်ကြောင်း သိရသည်။
ပုဂံဘုရားများဝန်းကျင်သန့်ရှင်းရေးလုပ်ဆောင်ခြင်းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပုဂံ ဆင်ဖြူရှင် ကျောင်းတိုက်အစုနှင့် ပတ်ဝန်းကျင်၌ စတင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ဘုရားစေတီများ ဝန်းကျင်တွင် သန့်ရှင်းရေးပြုလုပ်ရာ၌ ပုဂံရှေးဟောင်းသုတေသနဌာနက ညွှန်ကြားထားသည့် အမွေအနှစ် စေတီပုထိုးများနယ်မြေအတွင်း သန့်ရှင်းရေးလုပ်ရာ၌ လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
ပုဂံကို၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ယူနက်စကိုမှ ပညာရှင်အဖွဲ့ ICOMS ( International Council of Monument Site) က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် မြေပြင်စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ပုဂံသန့်ရှင်းရေးအတွက် ကိုယ်တိုင်ပါဝင်ကာ လုပ်အားလှုဒါန်းလိုသူများအနေဖြင့် ညောင်ဦးမြို့ရှိ ကိုသီဟ ဖုန်းနံပါတ် ၀၉ ၄၂၅၀၀၇၂၇၄ သို့ဆက်သွယ်နိုင်ပြီး အလှူငွေထည့်ဝင်လှူဒါန်းလိုသူများအနေဖြင့် နှလုံးသားထဲကပုဂံနှင့် မေတ္တာမိုးပရဟိတအဖွဲ့ မန်နေဂျာ ဦးမြင့်ဇော်၏ ဘဏ်အကောင့် AYA 0169224010001165 သို့ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - myo swe than
~~~~~~~~⊰❂ unicode ~~~~~~~~
ပုဂံဘုရားများကို ကမာ္ဘ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ရေးအတွက် မြပြေင်စစ်ဆေးမှု လုပ်ဆောင် မည်ဖြစ်ရာ ပုဂံဘုရားများ ဝန်းကျင်သန့်ရှင်းရေးကို ပုဂံရှေးဟောင်းသုတေသနဌာနနှင့်အတူ နှလုံးသားထဲက ပုဂံ ဓာတ်ပုံဆရာများက ကျပ်သိန်း (၂၀၀)ကျော် မတည်ငွေနှင့်အတူ ပါဝင်ဆောင်ရွက်နေရာ ငွေအား၊ လုပ်အား ပါဝင်လိုသူများ ဆက်သွယ်ပါဝင်နိုင်ကြောင်း သိရသည်။
ပုဂံဘုရားများဝန်းကျင်သန့်ရှင်းရေးလုပ်ဆောင်ခြင်းကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ပုဂံ ဆင်ဖြူရှင် ကျောင်းတိုက်အစုနှင့် ပတ်ဝန်းကျင်၌ စတင်ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
ဘုရားစေတီများ ဝန်းကျင်တွင် သန့်ရှင်းရေးပြုလုပ်ရာ၌ ပုဂံရှေးဟောင်းသုတေသနဌာနက ညွှန်ကြားထားသည့် အမွေအနှစ် စေတီပုထိုးများနယ်မြေအတွင်း သန့်ရှင်းရေးလုပ်ရာ၌ လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။
“ပုဂံဘုရားတွေ ဖက်ကတော့ သူ့ဂုဏ်နဲ့သူ ပြည့်စုံပြီးသားဖြစ်လို့ ဂုဏ်ထူးမှတ်နဲ့တောင်မကဖူး အမှတ် (၁၀၀) အပြည့်ရပြီးသားပါ။ ကျန်တဲ့သန့်ရှင်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကတော့ ရှေးဟာင်း သုတေသနနဲ့ ပူးပေါင်းပြီး အနည်းဆုံးအောင်မှတ် (၄၀) ရအောင် ဖြေနိုင်ပါတယ်။ ကျန်တဲ့ စီမံခန့်ခွဲရေး အစီအမံက အစိုးရကိစ္စပါ။ အစိုးရကသာ စီမံခန့်ခွဲရေးကို အောင်မှတ်ရအောင်ဖြေနိုင်ရင် ၂၀၁၉ မှာ ပုဂံဟာ မြန်မာတစ်မျိုးသားလုံးအတွက်သာမက ကမ္ဘာပေါ်မှာ မှီတင်းနေထိုင်တဲ့ လူသားမျိုးနွယ်တစ်ရပ်လုံးနဲ့ သက်ဆိုင်တဲ့ ကမ္ဘာ့အမွေအနှစ် ဖြစ်ပါပေတယ်လို့ ကြငြောပြီး ကမ္ဘာ့အမြင့်ဆုံး အဆင့် ထိန်းသိမ်း စောင့်ရှောက်မှုကို ခံယူနိုင်ခွင့်ရှိတဲ့ ကမ္ဘာ့အမွေအနှစ်အဖြစ် ကြငြောနိုင်ပြီ ဖြစ်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့က ကမ္ဘာအဆင့် တက်လှမ်းပြီးသား ပုဂံအဖြစ်နဲ့ နောက်လူကို လက်ဆင့် ကမ်းနိုင်ပါပြီ”ဟု ပုဂံဘုရားများဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများအတွက် ဦးဆောင် နှိုးဆော်နေသူတစ်ဦးဖြစ်သည့် ဦးမျိုးဆွေသန်းက ဆိုထားသည်။
ပုဂံကို၂၀၁၉ ခုနှစ်တွင် ကမာ္ဘ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေးအတွက် ယူနက်စကိုမှ ပညာရှင်အဖွဲ့ ICOMS ( International Council of Monument Site) က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် မြပြေင်စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။
ပုဂံသန့်ရှင်းရေးအတွက် ကိုယ်တိုင်ပါဝင်ကာ လုပ်အားလှုဒါန်းလိုသူများအနဖြေင့် ညောင်ဦးမြို့ရှိ ကိုသီဟ ဖုန်းနံပါတ် ဝ၉ ၄၂၅၀၀၇၂၇၄ သို့ဆက်သွယ်နိုင်ပြီး အလှူငွေထည့်ဝင်လှူဒါန်းလိုသူများအနဖြေင့် နှလုံးသားထဲကပုဂံနှင့် မေတ္တာမိုးပရဟိတအဖွဲ့ မန်နေဂျာ ဦးမြင့်ဇော်၏ ဘဏ်အကောင့် AYA 0169224010001165 သို့ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလှူငွေထည့်ဝင်မှုများကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းသိရပြီး လက်ရှိတွင် နှလုံးသားထဲက ပုဂံ ဓာတ်ပုံဆရာများအဖွဲ့က နှလုံးသားထဲက ဓာတ်ပုံပြပွဲ ပုဂံ မင်းနန်သူ၊ နှလုံးသားထဲကပုဂံ ရန်ကုန် အမျိုးသားပြတိုက်ပွဲတို့မှ ဓာတ်ပုံရောင်းချရရှိငွေများဖြင့် စတင်ဆောင်ရွက်နေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - myo swe than
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~