ထိုင္းဘုရင္၏ (၆၆)ႏွစ္ျပည့္ေမြးေန႔တြင္ ဘုရင္သစ္၏ ရုပ္ပံုပါသည္ ဘတ္ ၅၀၀ ႏွင့္ ၁၀၀၀ တန္ ေငြစကၠဴသစ္မ်ား ထုတ္ေ၀သံုးစြဲ

ထိုင္းဘုရင္၏ (၆၆)ႏွစ္ျပည့္ေမြးေန႔တြင္ ဘုရင္သစ္၏ ရုပ္ပံုပါသည္ ဘတ္ ၅၀၀ ႏွင့္ ၁၀၀၀ တန္ ေငြစကၠဴသစ္မ်ား ထုတ္ေ၀သံုးစြဲ
ဇူလိုင် 28, 2018
By Tachileik News Agency

၂၀၁၈ခုႏွစ္ ဇူလိုင္လ(၂၈)ရက္ေန႔တြင္ က်ေရာက္သည့္ ထိုင္းဘုရင္သစ္ မဟာဗက္ဂ်ီယာေလာင္ကြန္း ဘိုဒင္ဒရေထ့ဖရဝယန္ကြန္၏ သက္ေတာ္(၆၆)ႏွစ္ျပည့္ ေမြးေန႔ အထိမ္းအမွတ္အျဖစ္ ၎၏ ရုပ္ပံုပါသည့္ ထိုင္းဘတ္ေငြ (၅၀၀)ဘတ္ ႏွင့္ (၁၀၀၀)ဘတ္တန္ ေငြစကၠဴပံုစံ သစ္မ်ားကို ဇူလိုင္လ(၂၈)ရက္ေန႔ကစ၍ ထုတ္ေ၀ သံုးစြဲေနၿပီျဖစ္ေၾကာင္း ထိုင္းႏုိင္ငံေတာ္ဘဏ္က ထုတ္ျပန္ထားရွိသည္။

ထုိင္းဘတ္ေငြ စီးရီး (၁၇)အျဖစ္ ထုတ္ေဝလိုက္သည့္ ဘတ္ (၂၀)တန္၊ ဘတ္ (၅၀)တန္ႏွင့္ ဘတ္ (၁၀၀)တန္မ်ားကို ၂၀၁၈ ခုႏွစ္ ဧၿပီလ (၆)ရက္ေန႔ ခ်ကၠရီမင္းဆက္ အထိမ္းအမွတ္ေန႔က စတင္ လည္ပတ္ သံုးစြဲခဲ့ၿပီး ဘတ္ (၅၀၀)တန္ ႏွင့္ ဘတ္ (၁၀၀၀)တန္မ်ားကို ထုိင္းဘုရင္ မဟာဗက္ဂ်ီယာေလာင္ကြန္း ဘိုဒင္ဒရေထ့ဖရဝယန္ကြန္၏ ေမြးေန႔ျဖစ္သည့္ ယေန႔ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၂၈)ရက္ေန႔တြင္ စတင္ လည္ပတ္ သံုးစြဲလိုက္ျခင္း ျဖစ္သည္။

ေငြစကၠဴအသစ္ စီးရီး (၁၇)၏ အေရာင္မွာ စီးရီး(၁၆)တြင္ ရိုက္ႏွိပ္ထားသည့္ ေငြစကၠဴအေရာင္မ်ားအတုိင္း ထုတ္ေဝထားေၾကာင္း သိရသည္။

အသစ္ထုတ္ေဝသည့္ ေငြစကၠဴသစ္၏ ေရွ႕မ်က္ႏွာစာတြင္ ထိုင္းေတာ္ဝင္ ေလတပ္မေတာ္ ယူနီေဖါင္း ဝတ္ထားသည့္ ထုိင္းဘုရင္ မဟာဗက္ဂ်ီယာေလာင္ကြန္း ဘိုဒင္ဒရေထ့ဖရဝယန္ကြန္၏ ပံုျဖင့္ ရိုက္ႏွိပ္ ထားျခင္းျဖစ္ၿပီး အျခားတစ္ဖက္တြင္ ဘုရင္ႏွစ္ပါးပံုအား ရိုက္ႏွိပ္ထားျခင္း ျဖစ္သည္။

အသစ္ထုတ္ေဝလိုက္သည့္ ေငြစကၠဴမ်ားကို ဘဏ္မ်ားတြင္ လဲလွယ္ႏုိင္ၿပီး ယခင္ထုတ္ေဝထားသည့္ ေငြစကၠဴမ်ားမွာ ပံုမွန္အတုိင္း လည္ပတ္သံုးစြဲႏုိင္ေၾကာင္း ေၾကညာထားသည္။

ထုိင္းနိုင္ငံတြင္ ၂၀၁၇ ခုႏွစ္ စက္တင္ဘာလ (၂၀)ရက္ေန႔ကလည္း နတ္ျပည္စံ ဘုရင္ ဘူမိေဘာ အဒူလ်ာဒက္ ပံုမ်ားျဖင့္ ရိုက္ႏွိပ္သည့္ ဘတ္(၂၀) ၊ ဘတ္(၅၀)၊ ဘတ္ (၁၀၀)၊ ဘတ္ (၅၀၀)၊ ဘတ္ (၁၀၀၀) တန္မ်ားကိုလည္း အသစ္ရိုက္ႏွိပ္ ထုတ္ေဝခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
Photo: BOT




~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့တွင် ကျရောက်သည့် ထိုင်းဘုရင်သစ် မဟာဗက်ဂျီယာလောင်ကွန်း ဘိုဒင်ဒရထေ့ဖရဝယန်ကွန်၏ သက်တော်(၆၆)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ်၎င်း၏ ရုပ်ပုံပါသည့် ထိုင်းဘတ်ငွေ (၅၀၀)ဘတ် နှင့် (၁၀၀၀)ဘတ်တန် ငွေစက္ကူပုံစံ သစ်များကို ဇူလိုင်လ(၂၈)ရက်နေ့ကစ၍ ထုတေ်ဝ သုံးစွဲနပြေီဖြစ်ကြောင်း ထိုင်းနိုင်ငံတော်ဘဏ်က ထုတ်ပြန်ထားရှိသည်။

ထိုင်းဘတ်ငွေ စီးရီး (၁၇)အဖြစ် ထုတ်ဝေလိုက်သည့် ဘတ် (၂၀)တန်၊ ဘတ် (၅၀)တန်နှင့် ဘတ် (၁၀၀)တန်များကို ၂၀၁၈ ခုနှစ် ဧပြီလ (၆)ရက်နေ့ ချက္ကရီမင်းဆက် အထိမ်းအမှတ်နေ့က စတင် လည်ပတ် သုံးစွဲခဲ့ပြီး ဘတ် (၅၀၀)တန် နှင့် ဘတ် (၁၀၀၀)တန်များကို ထိုင်းဘုရင် မဟာဗက်ဂျီယာလောင်ကွန်း ဘိုဒင်ဒရထေ့ဖရဝယန်ကွန်၏ မွေးနေ့ဖြစ်သည့် ယနေ့ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင် စတင် လည်ပတ် သုံးစွဲလိုက်ခြင်း ဖြစ်သည်။

ငွေစက္ကူအသစ် စီးရီး (၁၇)၏ အရောင်မှာ စီးရီး(၁၆)တွင် ရိုက်နှိပ်ထားသည့် ငွေစက္ကူအရောင်များအတိုင်း ထုတ်ဝေထားကြောင်း သိရသည်။

အသစ်ထုတ်ဝေသည့် ငွေစက္ကူသစ်၏ ရှေ့မျက်နှာစာတွင် ထိုင်းတော်ဝင် လေတပ်မတော် ယူနီဖောင်း ဝတ်ထားသည့် ထိုင်းဘုရင် မဟာဗက်ဂျီယာလောင်ကွန်း ဘိုဒင်ဒရထေ့ဖရဝယန်ကွန်၏ ပုံဖြင့် ရိုက်နှိပ် ထားခြင်းဖြစ်ပြီး အခြားတစ်ဖက်တွင် ဘုရင်နှစ်ပါးပုံအား ရိုက်နှိပ်ထားခြင်း ဖြစ်သည်။

အသစ်ထုတ်ဝေလိုက်သည့် ငွေစက္ကူများကို ဘဏ်များတွင် လဲလှယ်နိုင်ပြီး ယခင်ထုတ်ဝေထားသည့် ငွေစက္ကူများမှာ ပုံမှန်အတိုင်း လည်ပတ်သုံးစွဲနိုင်ကြောင်း ကြေညာထားသည်။

ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ် စက်တင်ဘာလ (၂၀)ရက်နေ့ကလည်း နတ်ပြည်စံ ဘုရင် ဘူမိဘော အဒူလျာဒက် ပုံများဖြင့် ရိုက်နှိပ်သည့် ဘတ်(၂၀)၊ ဘတ်(၅၀)၊ ဘတ် (၁၀၀)၊ ဘတ် (၅၀၀)၊ ဘတ် (၁၀၀၀) တန်များကိုလည်း အသစ်ရိုက်နှိပ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Photo: BOT

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~