ဘီးလင်းမြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်တွင် ရှိနေဆဲဖြစ်၍ ရေဘေးရှောင်တိုးလာနေပြီး ထောက်ပံ့ကူညီမှုများကို ကွပ်ကဲရေးရုံးဖွင့်လှစ် ဆောင်ရွက်ပေးနေ

ဘီးလင်းမြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်တွင် ရှိနေဆဲဖြစ်၍ ရေဘေးရှောင်တိုးလာနေပြီး ထောက်ပံ့ကူညီမှုများကို ကွပ်ကဲရေးရုံးဖွင့်လှစ် ဆောင်ရွက်ပေးနေ
ဇူလိုငျ 30, 2018
By Tachileik News Agency



ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့တို့က ရာနှင့်ချီသော ဆန်အိတ်များ ပံ့ပိုးထားသော်လည်း ရေဘေးရှောင်လူဦးရေတိုးလာပြီး ရေကြီးမှု ရက်ရှည်ကြာလာပါက လိုအပ်ချက်များရှိလာမည်ဖြစ်ကြောင်း သိရသည်။


ဘီးလင်းမြို့ရေကြီးနေသည့် ကာလအတွင်း ရေဘေးရှောင်စခန်းတွင်နေထိုင်သူများနှင့် ပြင်ပရှိ ရေဘေးသင့် ပြည်သူများအတွက် ရေဘေးကွပ်ကဲရေးရုံးဖွင့်လှစ်၍ ကူညီထောက်ပံ့မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျှက်ရှိပြီး လိုအပ်ပါက ကွပ်ကဲရေးရုံးဖုန်း 09897928054၊ 057 64035 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဘီးလင်းကွပ်ကဲရေးရုံးမှနေ၍ စားနပ်ရိက္ခာနှင့် လိုအပ်သည့်ပစ္စည်းများကို ရေသေးသင့်များထံ ပို့ဆောင်ပေးနေပြီး  ဇူလိုင်လ(၃၀)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းး၊ ဘဏ္ဍာရေး ၊လ၀က၀န်ကြီး ဦးဝဏ္ဏကျော်က ကွပ်ကဲရေးရုံးတွင် လာရောက်ကြီးကြပ်နေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့၏ ဘီးလင်းမြစ်ရေမှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ (၃၀)ရက်နေ့အထိ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေသဖြင့် ရန်ကုန် - မော်လမြိုင်အဝေးပြေးလမ်းမကြီးကို ပိတ်ထားဆဲဖြစ်ပြီး နံနက် (၈) နာရီအချိန်ထိ ရေဘေးရှောင်စခန်း (၄၃)ခုတွင် ရေဘေးရှောင် (၁၂,၃၀၃)ဦးရှိနေကြောင်း သိရသည်။

ဇူလိုင်လ (၂၈)ရက်နေ့အထိ ဘီးလင်းမြို့ရှိ ရေဘေးရှောင်စခန်းများတွင် လူဦးရေ (၇,ဝဝဝ)ကျော်ရှိနေရာမှ ဇူလိုင်လ(၂၉)ရက်နေ့တွင် လူဦးရေ(၉,ဝဝဝ)ကျော်အထိ တိုးလာကာ ဇူလိုင်လ(၃၀)ရက်နေ့ နံနက်ပိုင်းတွင် (၁၂,၃၀၃)ဦးအထိ တိုးလာခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့တို့က ရာနှင့်ချီသော ဆန်အိတ်များ ပံ့ပိုးထားသော်လည်း ရေဘေးရှောင်လူဦးရေတိုးလာပြီး ရကြေီးမှု ရက်ရှည်ကြာလာပါက လိုအပ်ချက်များရှိလာမည်ဖြစ်ကြောင်း သိရသည်။

“ဆန်ကတော့ အခုဆိုရင် (၄)ရက်စာလောက်တော့ ရှိနေပါတယ်။ နောက်ထပ် (၁၀)ရက်တို့ အဲဒီထက်ကျော်သွားရင်တော့ မလောက်တော့ဘူးပေါ့။ လက်ရှိဆန်အိတ်ကတော့ ပြည်ထောင်စုကရော၊ ပြည်နယ်ကရော၊ သဘာဝဘေးအန္တရာယ်အဖွဲ့ကရော ပံ့ပိုးထားတာတွေ ရာနဲ့ချီရှိတယ်ဆိုပေမဲ့ လိုအပ်နိုင်တာပေါ့။ လှူချင်တယ်ဆိုရင် ရေဘေးကွပ်ကဲရေးရုံး ဝ၅၇၆၄၀၃၅ ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ အခုလည်း အလှူရှင်တွေ လာလှူတာတွေရှိပါတယ်။ လျှပ်စစ်မီးတွေတော့ အားလုံးကို ဖြတ်ထားရပါတယ်”ဟု ဘီးလင်းမြို့နယ်၏ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘီးလင်းမြို့ရကြေီးနေသည့် ကာလအတွင်း ရေဘေးရှောင်စခန်းတွင်နေထိုင်သူများနှင့် ပြင်ပရှိ ရေဘေးသင့် ပြည်သူများအတွက် ရေဘေးကွပ်ကဲရေးရုံးဖွင့်လှစ်၍ ကူညီထောက်ပံ့မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျှက်ရှိပြီး လိုအပ်ပါက ကွပ်ကဲရေးရုံးဖုန်း 09897928054၊ 057 64035 သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ဘီးလင်းကွပ်ကဲရေးရုံးမှနေ၍ စားနပ်ရိက္ခါနှင့် လိုအပ်သည့်ပစ္စည်းများကို ရေသေးသင့်များထံ ပို့ဆောင်ပေးနပြေီး ဇူလိုင်လ(၃၀)ရက်နေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ ဘဏ္ဍာရေး၊လဝကဝန်ကြီး ဦးဝဏ္ဏကျော်က ကွပ်ကဲရေးရုံးတွင် လာရောက်ကြီးကြပ်နေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဘီးလင်းမြို့နယ်ကွပ်ကဲရေးရုံး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~