ဘီးလင္းေခ်ာင္း ေတာင္က်ေရေၾကာင့္ ရန္ကုန္ - ေမာ္လၿမိဳင္လမ္းပိုင္းမွ ခရီးသြားမ်ား ဘီးလင္းၿမိဳ႕တြင္ ပိတ္မိေနဆဲ

ဘီးလင္းေခ်ာင္း ေတာင္က်ေရေၾကာင့္ ရန္ကုန္ - ေမာ္လၿမိဳင္လမ္းပိုင္းမွ ခရီးသြားမ်ား ဘီးလင္းၿမိဳ႕တြင္ ပိတ္မိေနဆဲ
ဇူလိုင် 27, 2018
By Tachileik News Agency

မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕တြင္ ဘီးလင္းေခ်ာင္း ေတာင္က်ေရေၾကာင့္ ေရႀကီးေနသည့္အတြက္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၆)ရက္ေန႔ ညေန(၅)နာရီခြဲမွစ၍ ေမာ္ေတာ္ယာဥ္လမ္းေၾကာင္း ပိတ္ဆို႔ေနရာ ဇူလုိင္လ(၂၇)ရက္ေန႔ နံနက္ (၁၂)နာရီေက်ာ္အထိ ယာဥ္မ်ား ျဖတ္သန္းသြားလာ၍ မရေသးေၾကာင္း သိရသည္။

အဆိုပါ ယာဥ္လမ္းေၾကာင္းပိတ္ဆို႔မႈေၾကာင့္ ရန္ကုန္ - ေမာ္လၿမိဳင္လမ္းပိုင္းမွ ခရီးသြားမ်ားလည္း ဘီးလင္းၿမိဳ႕တြင္ ပိတ္မိေနၾကဆဲျဖစ္ၿပီး ဘီးလင္းကို ျဖတ္သန္းသြားလာရမည့္ ခရီးလမ္းေၾကာင္းမွ ယာဥ္လုိင္းမ်ားမွာ ဇူလုိင္လ (၂၇)ရက္ေန႔တြင္ ရပ္နားထားရေၾကာင္း သိရသည္။

“ဘီးလင္းသၾကားစက္ထိပ္ကေန ပိတ္ထားတာ။ အခုခ်ိန္ထိ (နံနက္ ၁၀ နာရီခြဲ) ကားႀကီးေရာ ကားေလးေတြေရာ ျဖတ္သန္းခြင့္ ပိတ္ထားတယ္။ ကၽြန္မတို႔ အခု အဲဒီမွာ ဖြင့္ေပးမယ့္ အခ်ိန္ေစာင့္ေနတာ။ မေန႔ည  (၁၁) နာရီမွာ ေရာက္ေနတာ။ ဘားအံကိုျပန္မွာပါ။ ရန္ကုန္က ျပန္လာတာ။ ေတာင္က်ေရဆိုေတာ့ မိုးတိတ္ရင္ ေရက်မယ္ေတာ့ ေမွ်ာ္လင့္တာပဲ” ဟု ရန္ကုန္မွ ဘားအံသို႔ျပန္လာသည့္ ခရီးသြားတစ္ဦးျဖစ္သူ F & J လြတ္လပ္မ်ွတေသာ အမ်ိဳးသမီးမ်ားအဖြဲ႕ (ဘားအံ) ကြင္းဆင္း တာဝန္ခံ ေဒၚႏြဲ႕က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မြန္ျပည္နယ္ႏွင့္ ကရင္ျပည္နယ္တို႔တြင္ ေရႀကီးနစ္ျမဳပ္မႈမွာ ႏွစ္စဥ္ျဖစ္ပြားေနက်ထက္ ယခုႏွစ္တြင္ အေျခအေန ပိုဆိုးေနေၾကာင္း ေဒသခံမ်ားက ဆိုသည္။

“ဘီးလင္းက အရင္က ဒီေလာက္ေတာ့ ေရမႀကီး တတ္ဘူး။ မေန႔ကေတာ့ ေရႀကီးေနတဲ့ ကမ္းနားဆိပ္ဘက္ျခမ္းကေန လမ္းဘက္အျခမ္းကို ဆြဲထုတ္ေနတယ္။ ကယ္ဆယ္ေရးစခန္းေတာ့ ဖြင့္ထားပါၿပီ။ ကၽြန္ေတာ္တို႔ ေမာ္လၿမိဳင္ကယ္ဆယ္ေရးအဖြဲ႕အေနနဲ႔ ကား(၂)စီးနဲ႔ အသင္းသား (၁၅)ေယာက္ေလာက္နဲ႔ သြားေရာက္ ကူညီေပးေနပါတယ္”ဟု  တာဝန္ခံ ဦးေအာင္သန္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ လမ္းပိတ္ေနသည့္ ေနရာမွ ဆက္သြယ္ အကူအညီေတာင္းခံခ်က္အရ မြန္ျပည္နယ္ ေမာ္လျမိဳင္ လူမႈကယ္ဆယ္ေရး RESCUE အဖြဲ႔ႏွင္႔ ေအးျမၾကည္လင္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႔တို႔က ဘီးလင္းၿမိဳ႕နယ္ရွိ ေရလႊမ္းမိုးဒဏ္ခံရသည့္ ေဒသရွိ ျပည္သူမ်ား လတ္တေလာ အေရးေပၚအကူအညီ လိုအပ္ႏိုင္သည္႔ ေခါက္ဆြဲေျခာက္၊ ဆီ၊ ဆန္၊ မုန္႔ေျခာက္၊ ငါးေသတၱာ၊ ေရသန္႔မ်ားျဖင့္ ဇူလုိင္လ(၂၆)ရက္ေန႔ ညပိုင္းကတည္းက သြားေရာက္ကူညီေပးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Mawlamyine Rescue Organization




~~~~~~~~⊰❂ unicode ~~~~~~~~


မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းချောင်း တောင်ကျရေကြောင့် ရကြေီးနေသည့်အတွက် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်နေ့ ညနေ(၅)နာရီခွဲမှစ၍ မော်တော်ယာဉ်လမ်းကြောင်း ပိတ်ဆို့နေရာ ဇူလိုင်လ(၂၇)ရက်နေ့ နံနက် (၁၂)နာရီကျော်အထိ ယာဉ်များ ဖြတ်သန်းသွားလာ၍ မရသေးကြောင်း သိရသည်။

အဆိုပါ ယာဉ်လမ်းကြောင်းပိတ်ဆို့မှုကြောင့် ရန်ကုန် - မော်လမြိုင်လမ်းပိုင်းမှ ခရီးသွားများလည်း ဘီးလင်းမြို့တွင် ပိတ်မိနကြေဆဲဖြစ်ပြီး ဘီးလင်းကို ဖြတ်သန်းသွားလာရမည့် ခရီးလမ်းကြောင်းမှ ယာဉ်လိုင်းများမှာ ဇူလိုင်လ (၂၇)ရက်နေ့တွင် ရပ်နားထားရကြောင်း သိရသည်။

“ဘီးလင်းသကြားစက်ထိပ်ကနေ ပိတ်ထားတာ။ အခုချိန်ထိ (နံနက် ၁၀ နာရီခွဲ) ကားကြီးရော ကားလေးတွေရော ဖြတ်သန်းခွင့် ပိတ်ထားတယ်။ ကျွန်မတို့ အခု အဲဒီမှာ ဖွင့်ပေးမယ့် အချိန်စောင့်နေတာ။ မနေ့ည (၁၁) နာရီမှာ ရောက်နေတာ။ ဘားအံကိုပြန်မှာပါ။ ရန်ကုန်က ပြန်လာတာ။ တောင်ကျရေဆိုတော့ မိုးတိတ်ရင် ရေကျမယ်တော့ မျှော်လင့်တာပဲ” ဟု ရန်ကုန်မှ ဘားအံသို့ပြန်လာသည့် ခရီးသွားတစ်ဦးဖြစ်သူ F & J လွတ်လပ်မျှတသော အမျိုးသမီးများအဖွဲ့ (ဘားအံ) ကွင်းဆင်း တာဝန်ခံ ဒေါ်နွဲ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရကြေီးနစ်မြုပ်မှုမှာ နှစ်စဉ်ဖြစ်ပွားနေကျထက် ယခုနှစ်တွင် အခြေအနေ ပိုဆိုးနေကြောင်း ဒေသခံများက ဆိုသည်။

“ဘီးလင်းက အရင်က ဒီလောက်တော့ ရေမကြီး တတ်ဘူး။ မနေ့ကတော့ ရကြေီးနေတဲ့ ကမ်းနားဆိပ်ဘက်ခြမ်းကနေ လမ်းဘက်အခြမ်းကို ဆွဲထုတ်နေတယ်။ ကယ်ဆယ်ရေးစခန်းတော့ ဖွင့်ထားပါပြီ။ ကျွန်တော်တို့ မော်လမြိုင်ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ ကား(၂)စီးနဲ့ အသင်းသား (၁၅)ယောက်လောက်နဲ့ သွားရောက် ကူညီပေးနေပါတယ်”ဟု တာဝန်ခံ ဦးအောင်သန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းပိတ်နေသည့် နေရာမှ ဆက်သွယ် အကူအညီတောင်းခံချက်အရ မွန်ပြည်နယ် မော်လမြိုင် လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့နှင့် အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က ဘီးလင်းမြို့နယ်ရှိ ရေလွှမ်းမိုးဒဏ်ခံရသည့် ဒေသရှိ ပြည်သူများ လတ်တလော အရေးပေါ်အကူအညီ လိုအပ်နိုင်သည့် ခေါက်ဆွဲခြောက်၊ ဆီ၊ ဆန်၊ မုန့်ခြောက်၊ ငါးသေတ္တာ၊ ရေသန့်များဖြင့် ဇူလိုင်လ(၂၆)ရက်နေ့ ညပိုင်းကတည်းက သွားရောက်ကူညီပေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Mawlamyine Rescue Organization

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~