မင်းလှမြို့နယ်တွင် (၇)လအတွင်း ခိုးဝင်လာသည့် ဘင်္ဂါလီဦးရေ (၁၀၅)ဦးအား ဖမ်းဆီး ရမိထား

မင်းလှမြို့နယ်တွင် (၇)လအတွင်း ခိုးဝင်လာသည့် ဘင်္ဂါလီဦးရေ (၁၀၅)ဦးအား ဖမ်းဆီး ရမိထား
ဇူလိုငျ 25, 2018
By Tachileik News Agency




ဖမ်းဆီးရမိသူများကို လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် အသီးသီး အရေးယူထားပြီး အထောက်အထားမဲ့ ဘင်္ဂါလီများကို ခိုးဝင်နိုင်ရန် အခကြေးငွေယူ၍ ပို့ဆောင်ပေးသူ(၉)ဦးကို တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းသို့ ခိုးဝင်လာ၍ ဖမ်းဆီးရမိသည့် ဘင်္ဂါလီဦးရေမှာ ၂၀၁၈ ခုနှစ်အတွင်း ဇူလိုင်လ (၂၄)ရက်နေ့အထိ စုစုပေါင်း (၁၀၅)ဦးရှိကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထင်အောင်လင်းထံမှ သိရသည်။

ခိုးဝင်ဘင်္ဂါလီများသည် ရခိုင်ပြည်နယ်ဘက်မှနေ၍ မကွေးတိုင်းဒေသကြီးအတွင်း တောတောင်များမှ ဖြတ်သန်း၍ လည်းကောင်း၊ ငွေကြေးယူ၍ ခိုးသွင်းသူများ အကူအညီဖြင့် လည်းကောင်း ရန်ကုန်မြို့နှင့် အခြားဒေသများသို့ သွားရောက်ရန်ကြိုးစားကြခြင်းဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဘက်မှ အထောက်အထားမဲ့ ဝင်လာသဖြင့် မင်းလှမြို့နယ်တွင် ၂၀၁၈ ခုနှစ်အတွင်း ဖမ်းဆီးရမိမှု အရေအတွက်မှာ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီတွင် ဖမ်းဆီးရမိမှုမရှိ၊ မတ်လတွင် (၆၄)ဦး၊ ဧပြီလတွင် (၁၁)ဦး၊ ဇွန်လတွင် ဖမ်းဆီးရမိမှုမရှိ၊ ဇူလိုင်လ (၂၄)ရက်နေ့အထိ (၃၀)ဦးရှိနေကြောင်း သိရသည်။

ဖမ်းဆီးရမိသူများကို လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် အသီးသီး အရေးယူထားပြီး အထောက်အထားမဲ့ ဘင်္ဂါလီများကို ခိုးဝင်နိုင်ရန် အခကြေးငွေယူ၍ ပို့ဆောင်ပေးသူ(၉)ဦးကို တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~