မယ္ဆိုင္ဂူကယ္ဆယ္ေရးႏွင့္ ပတ္သက္၍ လူေတြ မေမ့သြားရန္ အထိမ္းအမွတ္ျပခန္းကို ဘတ္(၁၀)သန္း အကုန္က်ခံကာ ပန္းခ်ီဆရာမ်ားက ႏို၀င္ဘာလအတြင္း အၿပီး လုပ္ေဆာင္သြားမည္

မယ္ဆိုင္ဂူကယ္ဆယ္ေရးႏွင့္ ပတ္သက္၍ လူေတြ မေမ့သြားရန္ အထိမ္းအမွတ္ျပခန္းကို ဘတ္(၁၀)သန္း အကုန္က်ခံကာ ပန္းခ်ီဆရာမ်ားက ႏို၀င္ဘာလအတြင္း အၿပီး လုပ္ေဆာင္သြားမည္
ဇူလိုင် 16, 2018
By Tachileik News Agency

ထုိင္းႏုိင္ငံ၏ ႏုိင္ငံေက်ာ္ ပန္းခ်ီပညာရွင္ ခ်လုမ္ခ်ိဳင္ ကိုဆစ္ဖိဖတ္က မယ္ဆုိင္ၿမိဳ႕၏ ထမ့္လြမ္ဂူ ကယ္ဆယ္ေရးတြင္ အသက္စြန္႔သြားသည့္ ဆာမန္ခူနန္၏ ရုပ္ထုအပါအဝင္ ကယ္ဆယ္ေရးလုပ္ငန္း အထိမ္းအမွတ္မ်ားကို ထမ့္လြမ္ဂူေရွ႕တြင္ ဘတ္(၁၀)သန္းအကုန္က်ခံ တည္ေဆာက္ျပဳလုပ္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

ခ်လုမ္ခ်ိဳင္ ကိုဆစ္ဖိဖတ္ႏွင့္ အျခား ပန္းခ်ီပညာရွင္မ်ားက ထမ့္လြမ္ဂူအတြင္း (၁၈)ရက္ၾကာ ကယ္ဆယ္ေရး၏ အမွတ္တရပံုရိပ္မ်ားကို မီတာ (၂၀)ရွည္သည့္ အထိမ္းအမွတ္ျပခန္းအျဖစ္ လုပ္ေဆာင္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း သိရသည္။

“အခ်ိန္ၾကာတာနဲ႔အမွ် ဒီအျဖစ္အပ်က္ကို လူေတြေမ့သြားၾကမွာစိုးလို႔ပါ”ဟု ႏုိင္ငံေက်ာ္ ပန္းခ်ီပညာရွင္ ခ်လုမ္ခ်ိဳင္ ကိုဆစ္ဖိဖတ္က ဆုိသည္။

အဆိုပါ အထိမ္းအမွတ္ျပခန္းတြင္ ေတာဝက္ေဘာလံုးအဖြဲ႕မွ (၁၃)ေယာက္ပံုကို  (၁၃)မီတာ ေရးဆြဲမည့္ ပံုႏွင့္အတူ ႏုိင္ငံတကာမွ ေရငုပ္သမားမ်ား၊ ကူညီသူမ်ားကို ထည့္သြင္းေရးဆြဲမည္ျဖစ္ေၾကာင္း သိရသည္။

ကယ္ဆယ္ေရးအတြင္း ဓါတ္ပံုမ်ားကိုလည္း ျပသသြားမည္ျဖစ္ေၾကာင္း သိရၿပီး (၂.၄၀)မီတာအျမင့္ရိွမည့္ ေရတပ္အထူးအဖြဲ႕ဝင္ေဟာင္း ဆာမန္ခူနန္ရုပ္ထုကိုလည္း ထားရိွသြားမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အထိမ္းအမွတ္ျပခန္းမွာ ႏိုဝင္ဘာလအတြင္း ၿပီးႏုိင္သည္ဟု ခန္႔မွန္းထားသည္။

Tachileik News Agency
Ref:Khaosod
Photo: Khaosod


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ၏ နိုင်ငံကျော် ပန်းချီပညာရှင် ချလုမ်ချိုင် ကိုဆစ်ဖိဖတ်က မယ်ဆိုင်မြို့၏ ထမ့်လွမ်ဂူ ကယ်ဆယ်ရေးတွင် အသက်စွန့်သွားသည့် ဆာမန်ခူနန်၏ ရုပ်ထုအပါအဝင် ကယ်ဆယ်ရေးလုပ်ငန်း အထိမ်းအမှတ်များကို ထမ့်လွမ်ဂူရှေ့တွင် ဘတ်(၁၀)သန်းအကုန်ကျခံ တည်ဆောက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

ချလုမ်ချိုင် ကိုဆစ်ဖိဖတ်နှင့် အခြား ပန်းချီပညာရှင်များက ထမ့်လွမ်ဂူအတွင်း (၁၈)ရက်ကြာ ကယ်ဆယ်ရေး၏ အမှတ်တရပုံရိပ်များကို မီတာ (၂၀)ရှည်သည့် အထိမ်းအမှတ်ပြခန်းအဖြစ် လုပ်ဆောင်ရန် ကြိုးပမ်းနခြေင်းဖြစ်ကြောင်း သိရသည်။

“အချိန်ကြာတာနဲ့အမျှ ဒီအဖြစ်အပျက်ကို လူတွေမေ့သွားကြမှာစိုးလို့ပါ”ဟု နိုင်ငံကျော် ပန်းချီပညာရှင် ချလုမ်ချိုင် ကိုဆစ်ဖိဖတ်က ဆိုသည်။

အဆိုပါ အထိမ်းအမှတ်ပြခန်းတွင် တောဝက်ဘောလုံးအဖွဲ့မှ (၁၃)ယောက်ပုံကို (၁၃)မီတာ ရေးဆွဲမည့် ပုံနှင့်အတူ နိုင်ငံတကာမှ ရေငုပ်သမားများ၊ ကူညီသူများကို ထည့်သွင်းရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးအတွင်း ဓာတ်ပုံများကိုလည်း ပြသသွားမည်ဖြစ်ကြောင်း သိရပြီး (၂.၄၀)မီတာအမြင့်ရှိမည့် ရေတပ်အထူးအဖွဲ့ဝင်ဟောင်း ဆာမန်ခူနန်ရုပ်ထုကိုလည်း ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ်ပြခန်းမှာ နိုဝင်ဘာလအတွင်း ပြီးနိုင်သည်ဟု ခန့်မှန်းထားသည်။

Tachileik News Agency
Ref:Khaosod
Photo: Khaosod

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~