ကရင်၊ မွန် ပြည်နယ်နှင့် ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများအတွင်း မြစ်ရေကြီးမှုအန္တရာယ် သတိပေးချက် ထုတ်ပြန်

ကရင်၊ မွန် ပြည်နယ်နှင့် ပဲခူး၊ ဧရာဝတီတိုင်းဒေသကြီးများအတွင်း မြစ်ရေကြီးမှုအန္တရာယ် သတိပေးချက် ထုတ်ပြန်
ဇူလိုင် 29, 2018
By Tachileik News Agency

ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့နယ်၊ မဒေါက်မြို့၊ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်တို့မှ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနေဖြင့် အထူးသတိပြုနေထိုင်ကြရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အကြံပြုထားသည်။

မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ မြစ်ရေကြီးမှု အခြေအနေများကို ထုတ်ပြန်ထားရာ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် အထက် (၁)ပေခန့် ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်တွင် လည်းကောင်း၊ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၇)ပေ ခန့် ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်သည့် အနေအထားတွင် လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ် အထက် (၄)ပေခန့် ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်သည့် အနေအထားတွင် လည်းကောင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက်  (၂)ပေခန့်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်သည့် အနေအထားတွင် လည်းကောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် အထက် (၆)ပေခန့် ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက် တက်လာနိုင်သည့် အနေအထားတွင် လည်းကောင်း၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေခွဲခန့် ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် လည်းကောင်း၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)လက်မခန့်တွင် ရောက်ရှိနေပြီး အဆိုပါ မြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ကရင်ပြည်နယ်အတွင်း ဘားအံမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြို့နယ်၊ မဒေါက်မြို့၊ မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်တို့မှ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများအနဖြေင့် မြစ်ရကြေီးမှု ဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြရန်နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများ အနဖြေင့် အထူးသတိပြုနေထိုင်ကြရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက အကြံပြုထားသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၉)ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် (၂)နာရီခွဲအချိန် တိုင်းထွာချက်များအရ မြစ်ရကြေီးမှု အခြေအနေများကို ထုတ်ပြန်ထားရာ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် အထက် (၁)ပေခန့် ကျော်လွန်နပြေီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက်တွင် လည်းကောင်း၊ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် (၇)ပေ ခန့် ကျော်လွန်နပြေီး နောက်(၁)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်သည့် အနေအထားတွင် လည်းကောင်း၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ် အထက် (၄)ပေခန့် ကျော်လွန်နပြေီး နောက်(၁)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်သည့် အနေအထားတွင် လည်းကောင်း၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေခန့်သို့ ကျော်လွန်နပြေီး နောက်(၁)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်သည့် အနေအထားတွင် လည်းကောင်း၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် အထက် (၆)ပေခန့် ကျော်လွန်နပြေီး နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက် တက်လာနိုင်သည့် အနေအထားတွင် လည်းကောင်း၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၂)ပေခွဲခန့် ကျော်လွန်နပြေီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် လည်းကောင်း၊ ငဝန်မြစ်ရေသည် သာပေါင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)လက်မခန့်တွင် ရောက်ရှိနပြေီး အဆိုပါ မြစ်ရေသည် နောက် (၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ လည်းကောင်း ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ဇူလိုင်လ(၂၈)ရက်နေ့က နှစ်ပေါင်း(၅၃)နှစ်အတွင်း အမြင့်ဆုံး ရေမှတ်ဖြစ်ခဲ့ကြောင်း သိရပြီး ပဲခူးမြို့တွင်လည်း ပဲခူးမြစ်ရေ စံချိန်တင်မြင့်တက်ခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~