တာခ်ီလိတ္၌္ က်င္းပျပဳလုပ္သည့္ ဖိတ္ေခၚ ေဘာ္လီေဘာၿပိဳင္ပြဲတြင္ အသင္း(၆)သင္း ပါ၀င္ ယွဥ္ၿပိဳင္ရာ ANJ အသင္းက ပထမရ

တာခ်ီလိတ္၌္ က်င္းပျပဳလုပ္သည့္ ဖိတ္ေခၚ ေဘာ္လီေဘာၿပိဳင္ပြဲတြင္ အသင္း(၆)သင္း ပါ၀င္ ယွဥ္ၿပိဳင္ရာ ANJ အသင္းက ပထမရ
ဇူလိုင် 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ခရိုင္အားကစားႏွင့္ကာယပညာဦးစီးဌာနႏွင့္ နမ့္ခံုး (ေဆာက္လုပ္ေရး) ကုမၸဏီတို႔ ပူးေပါင္း က်င္းပသည့္ ဖိတ္ေခၚ ေဘာ္လီေဘာၿပိဳင္ပြဲကို ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၁၇) ရက္ေန႔က က်င္းပရာ ျမန္မာအသင္းႏွင့္ ႏိုင္ငံျခားသား အသင္း (၂)သင္းတို႔ ဆုအသီးသီး ရရွိသြားေၾကာင္း သိရသည္။

“ပထမဆုရတဲ့ အသင္းကေတာ့ ျမန္မာေတြပါ။ ဒုတိယဆုရအသင္းက ႏုိင္ငံျခားသားေတြ ပါဝင္တဲ့ အသင္းနဲ႔ တတိယဆုရတဲ့ အသင္းကေတာ့ မယ္ဆုိင္ဘက္က အသင္းပါ”ဟု တာခ်ီလိတ္ခရိုင္ အားကစားႏွင့္ ကာယပညာဦးစီးဌာနမွ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေအးမင္းထြဋ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ၿပိဳင္ပြဲတြင္ Union၊ ဝမ္ပံုလူငယ္၊ ရန္ေအာင္ေျမ၊ ANJ၊ SP Club  ႏွင့္ မယ္ဆိုင္အသင္း စုစုေပါင္း အသင္း(၆)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ရာ ANJ အသင္းက ပထမ၊ SP Club က ဒုတိယႏွင့္ မယ္ဆုိင္အသင္းက တတိယ ရရိွသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုေပးပြဲ အခမ္းအနားသို႔ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္ႏွင့္ တာ၀န္ရွိသူမ်ား၊  နမ့္ခံုး (ေဆာက္လုပ္ေရး) ကုမၸဏီမွ တာ၀န္ရွိသူမ်ား တက္ေရာက္လာခဲ့ၾကၿပီး ဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

အဆိုပါ ၿပိဳင္ပြဲအား ၂၀၁၈ခုႏွစ္ ဇူလိုင္လ(၁၄)ရက္ေန႔ က စတင္က်င္းပခဲ့ၿပီး ဇူလိုင္လ(၁၇)ရက္ေန႔တြင္ ဗိုလ္လုပြဲႏွင့္ ဆုေပးပြဲအား က်င္းပျပဳလုပ္ျခင္း ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ေက်ာ္၀င္းစိန္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် နမ့်ခုံး (ဆောက်လုပ်ရေး) ကုမ္ပဏီတို့ ပူးပေါင်း ကျင်းပသည့် ဖိတ်ခေါ် ဘော်လီဘောပြိုင်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့က ကျင်းပရာ မြန်မာအသင်းနှင့် နိုင်ငံခြားသား အသင်း (၂)သင်းတို့ ဆုအသီးသီး ရရှိသွားကြောင်း သိရသည်။

“ပထမဆုရတဲ့ အသင်းကတော့ မြန်မာတွေပါ။ ဒုတိယဆုရအသင်းက နိုင်ငံခြားသားတွေ ပါဝင်တဲ့ အသင်းနဲ့ တတိယဆုရတဲ့ အသင်းကတော့ မယ်ဆိုင်ဘက်က အသင်းပါ”ဟု တာချီလိတ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ပြိုင်ပွဲတွင် Union၊ ဝမ်ပုံလူငယ်၊ ရန်အောင်မြေ၊ ANJ၊ SP Club နှင့် မယ်ဆိုင်အသင်း စုစုပေါင်း အသင်း(၆)သင်း ဝင်ရောက်ယှဉ်ပြိုင်ရာ ANJ အသင်းက ပထမ၊ SP Club က ဒုတိယနှင့် မယ်ဆိုင်အသင်းက တတိယ ရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ဆုပေးပွဲ အခမ်းအနားသို့ တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများ၊ နမ့်ခုံး (ဆောက်လုပ်ရေး) ကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်လာခဲ့ကြပြီး ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲအား ၂၀၁၈ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့ က စတင်ကျင်းပခဲ့ပြီး ဇူလိုင်လ(၁၇)ရက်နေ့တွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအား ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - အောင်ကျော်ဝင်းစိန်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~