အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူး (၃)ဦး အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၂)ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို

အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူး (၃)ဦး အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၂)ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို
ဇူလိုငျ 25, 2018
By Tachileik News Agency

အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူး (၃)ဦး အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၂)ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့်  ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆို တင်ပို့လိုက်ကြောင်း သိရသည်။


ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါရှိ MIPL ဆိပ်ကမ်းတွင် ဂျပန်နိုင်ငံမှ တင်သွင်းသည့် Delivery Van မော်တော်ယာဉ် (၅)စီး ဆိပ်ကမ်းမှ ထုတ်ယူခွင့်အတွက် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ မူဝါဒ သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တင်သွင်း လာသောယာဉ်များ ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် ဆိပ်ကမ်းမှ ပစ္စည်းများ ထုတ်ယူရာတွင် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာ ဖြစ်နေခြင်းတို့အား စုံစမ်း ဖော်ထုတ်ပေးပါရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့မှုကို စစ်ဆေးပြီးနောက် ယင်းကဲ့သို့ အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


အကောက်ခွန်ဦးစီးဌာနမှ ညွန်ကြားရေးမှူး (၃)ဦး အပါအဝင် အရာထမ်း၊ အမှုထမ်း (၁၂)ဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒဖြေင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၂၅)ရက်နေ့တွင် ရန်ကုန်တို်င်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆို တင်ပို့လိုက်ကြောင်း သိရသည်။

အဆိုပါ (၁၂)ဦးအနက် အရာထမ်း/အမှုထမ်း (၇)ဦးအား၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ၅၆ အရ လည်းကောင်း၊ အကောက်ခွန်ဦးစီးဌာနမှ အရာထမ်း/အမှုထမ်း (၅)ဦးအား ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ၅၆/၆၃ အရလည်းကောင်း ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလဝါ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ သီလဝါရှိ MIPL ဆိပ်ကမ်းတွင် ဂျပန်နိုင်ငံမှ တင်သွင်းသည့် Delivery Van မော်တော်ယာဉ် (၅)စီး ဆိပ်ကမ်းမှ ထုတ်ယူခွင့်အတွက် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေပေးရခြင်း၊ မော်တော်ယာဉ် တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေး ကော်မတီ၏ မူဝါဒ သတ်မှတ်ချက်နှင့် မကိုက်ညီဘဲ တင်သွင်း လာသောယာဉ်များ ဆိပ်ကမ်းမှ ထုတ်ယူနိုင်ရန် ငွေပေးရခြင်း၊ သွင်းကုန် လုပ်ငန်းရှင်များ အနဖြေင့် ဆိပ်ကမ်းမှ ပစ္စည်းများ ထုတ်ယူရာတွင် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်များမှ တစ်ဆင့် ငွေကြေးပေး၍ ထုတ်ယူနေရသည့် အစဉ်အလာ ဖြစ်နခြေင်းတို့အား စုံစမ်း ဖော်ထုတ်ပေးပါရန် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့မှုကို စစ်ဆေးပြီးနောက် ယင်းကဲ့သို့ အရေးယူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုင်ကြားမှုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ အကောက်ခွန် ဦးစီးဌာနမှ ဝန်ထမ်းများဖြစ်သည့် ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီး အရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုတိယအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုတိယ အကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက် အကောက်ခွန်မှူး ဦးသန်းအေး-၆၊ ဒုလက်ထောက်အ ကောက်ခွန်မှူး ဦးသိန်းဝင်းတို့မှာ ငွေကြေးလက်ခံရယူကြောင်း စစ်ဆေးတွေ့ရှိရပြီး ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်၊ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့မှာ လက်အောက်ဝန်ထမ်းများ၏ အဂတိလိုက်စားမှု ဖြစ်စဉ်များအပေါ် ပူးပေါင်းကြံစည် အားပေးကူညီသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~