ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္က ဖြဲ႕စည္းပံုအေျခခံဥပေဒကို နားလည္မႈလြဲမွားေနေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ထုတ္ျပန္

ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္က ဖြဲ႕စည္းပံုအေျခခံဥပေဒကို နားလည္မႈလြဲမွားေနေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ထုတ္ျပန္
ဇူလိုင် 23, 2018
By Tachileik News Agency

အေရးေပၚအေျခအေနအတြက္ အဓိက လုပ္ပုိင္ခြင့္အာဏာသည္ အမ်ိဳးသားကာကြယ္ေရးနွင့္ လုံျခံဳေရးေကာင္စီ၌သာရွိၿပီး ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္သည္ ဖြဲ႕စည္းပံုအေျခခံဥပေဒကို နားလည္မႈ လြဲမွားျခင္းျဖစ္သည္ဟု တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ၂၀၁၈ ခုနွစ္ ဇူလိုင္လ (၂၃)ရက္ေန႔ ည(၈)နာရီခြဲဝန္းက်င္တြင္ သတင္းထုတ္ျပန္လုိက္သည္။

ကယားျပည္နယ္တြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းေၾကးရုပ္တုထားရိွေရးကို ကန္႔ကြက္မႈႏွင့္ပတ္သက္၍ ေတြ႔ဆံုသည့္အစည္းအေဝး၌ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္က “ဒီလုိမ်ိဳး ဆူပူေသာင္းက်န္းမႈေတြ မၿငိမ္သက္မႈေတြျဖစ္လာရင္ ကြ်န္ေတာ္ကုိယ္တုိင္ကလည္း တပ္မေတာ္ကုိ တာ၀န္ေပးမွာျဖစ္ပါတယ္။ ထိန္းသိမ္းရမွာ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ သူ႕မွာတာ၀န္အျပည့္အဝရွိေနတယ္။ သူကေတာ့ ေျဖရွင္းသင့္ ေျဖရွင္းထုိက္တာေတြကုိ ေျဖရွင္းရမွာျဖစ္ပါတယ္။ ကြ်န္ေတာ္ကလည္း ဒီမွာလုိအပ္တဲ့ လမ္းညႊန္ မႈေတြေပးသြား မွာျဖစ္ပါတယ္။ တကယ္လုိ႔ေျပာတဲ့ ၾကားထဲမွာျဖစ္လာခဲ့ရင္ ကြ်န္ေတာ္တုိ ့ ရဲတပ္ဖြဲ႕ အင္အားက အနည္းေလးပဲ။ အဲဒီေတာ့ တပ္ကုိလုိလုိ႔ရွိရင္ သူကုိထိန္းခုိင္းဖုိ႔အမိန္႕ေပးရမယ္။ တာ၀န္ေပးရမယ္။ ဒါကြ်န္ေတာ့္ရဲ႕လုပ္ေဆာင္ ရမယ့္တာ၀န္ျဖစ္တယ္” ဟု ေျပာၾကားခဲ့ေၾကာင္း သတင္းဌာနမ်ား၌ ေဖာ္ျပထားသည္ႏွင့္ပတ္သက္၍ ယင္းကဲ့သို႔ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ေဖၚျပထားသည္။

ကယားျပည္နယ္ အစုိးရအဖြဲ႕ရုံး၊ အစည္းအေဝးခန္းမ၌ လြိဳင္ေကာ္ၿမိဳ႕တြင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္း ေၾကးရုပ္ထားရွိေရးကိစၥႏွင့္ပတ္သက္၍ ကယားျပည္နယ္အစုိးရအဖြဲ႔၊ ကရင္နီအမ်ိဳးသားတုိးတက္ေရးပါတီ (KNPP)၊ ကရင္နီျပည္လူမ်ိဳးေပါင္းစုံလြတ္ေျမာက္ေရးအဖြဲ႔ (ကလလတ)၊ ကယားစာေပႏွင့္ ယဥ္ေက်းမႈေကာ္မတီ ၊ ကယန္းအမ်ိဳးသားပါတီႏွင့္ Lain နည္းပညာအေထာက္အကူျပဳအဖြဲ႕ တုိ ့ ၂၀၁၈ ခုနွစ္၊ ဇူလုိင္လ (၁၆) ရက္ေန႔ နံနက္ပုိင္းက အစည္းအေဝးျပဳလုပ္စဥ္ ယင္းကဲ့သို႔ ေျပာၾကား ခဲ့ျခင္းျဖစ္သည္ဟု သတင္းမ်ားတြင္ ေဖၚျပထားျခင္းျဖစ္သည္။

အေရးေပၚ အေျခအေနနွင့္ ပတ္သက္၍ ကယားျပည္နယ္ ဝန္ႀကီးခ်ဳပ္အေနျဖင့္ အေျခခံဥပေဒကုိ နားလည္မႈလြဲမွားစြာ ၎၏ ထင္ျမင္ယူဆခ်က္အတုိင္း ေျပာဆုိခဲ့ျခင္းသာျဖစ္ၿပီး တပ္မေတာ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒ (၂၀၀၈ ခုႏွစ္) ၊ အခန္း(၁၁)ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီသာ ေဆာင္ရြက္ သြားရမည္ ျဖစ္ပါေၾကာင္းဟု သတင္းထုတ္ျပန္လာျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~


အရေးပေါ်အခြေအနေအတွက် အဓိက လုပ်ပိုင်ခွင့်အာဏာသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၌သာရှိပြီး ကယားပြည်နယ်ဝန်ကြီးချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားလည်မှု လွဲမှားခြင်းဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၁၈ ခုနှစ် ဇူလိုင်လ (၂၃)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်တွင် သတင်းထုတ်ပြန်လိုက်သည်။

ကယားပြည်နယ်တွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုထားရှိရေးကို ကန့်ကွက်မှုနှင့်ပတ်သက်၍ တွေ့ဆုံသည့်အစည်းအဝေး၌ ကယားပြည်နယ်ဝန်ကြီးချုပ်က “ဒီလိုမျိုး ဆူပူသောင်းကျန်းမှုတွေ မငြိမ်သက်မှုတွဖြေစ်လာရင် ကျွန်တော်ကိုယ်တိုင်ကလည်း တပ်မတော်ကို တာဝန်ပေးမှာဖြစ်ပါတယ်။ ထိန်းသိမ်းရမှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သူ့မှာတာဝန်အပြည့်အဝရှိနေတယ်။ သူကတော့ ဖြေရှင်းသင့် ဖြေရှင်းထိုက်တာတွေကို ဖြေရှင်းရမှာဖြစ်ပါတယ်။ ကျွန်တော်ကလည်း ဒီမှာလိုအပ်တဲ့ လမ်းညွှန် မှုတွေပေးသွား မှာဖြစ်ပါတယ်။ တကယ်လို့ပြောတဲ့ ကြားထဲမှာဖြစ်လာခဲ့ရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ အင်အားက အနည်းလေးပဲ။ အဲဒီတော့ တပ်ကိုလိုလို့ရှိရင် သူကိုထိန်းခိုင်းဖို့အမိန့်ပေးရမယ်။ တာဝန်ပေးရမယ်။ ဒါကျွန်တော့်ရဲ့လုပ်ဆောင် ရမယ့်တာဝန်ဖြစ်တယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းဌာနများ၌ ဖော်ပြထားသည်နှင့်ပတ်သက်၍ ယင်းကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ထားရှိရေးကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ (ကလလတ)၊ ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကယန်းအမျိုးသားပါတီနှင့် Lain နည်းပညာအထောက်အကူပြုအဖွဲ့ တို့ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့ နံနက်ပိုင်းက အစည်းအဝေးပြုလုပ်စဉ် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်ဟု သတင်းများတွင် ဖော်ပြထားခြင်းဖြစ်သည်။

အရေးပေါ် အခြေအနေနှင့် ပတ်သက်၍ ကယားပြည်နယ် ဝန်ကြီးချုပ်အနဖြေင့် အခြေခံဥပဒေကို နားလည်မှုလွဲမှားစွာ၎င်း၏ ထင်မြင်ယူဆချက်အတိုင်း ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး တပ်မတော်အနဖြေင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ အခန်း(၁၁)ပါ ပြဋ္ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်းဟု သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~